မိုးရာသီရောက်ပြီဆိုရင် မြန်မာနိုင်ငံ အရပ်တိုင်းမှာ သရက်သီးမှည့်တွေဟာ ပေါများလှပါတယ် ။ အိမ်အပင်မှာ ရှိတာတွေကိုလဲ အိမ်သားချင်း ကုန်အောင် မစားနိုင် ။ ရောင်းရအောင်ကလဲ ဈေးကွက်မရှိနဲ့မို့ အပင်အောက်တွေ ကြွေကျ ပြီး ပုပ်ပုပ်စပ်စပ် ဖြစ်ရတာ ရာသီတိုင်းပါ ။ သရက်သီးပုပ်တွေတွေကြောင့် အိမ်တွေမှာ ခြင်တွေ ယင်တွေကလဲ ခါတိုင်းထက် များနေတတ်ပါတယ်။ ရာသီရောက်တိုင်း ခံစားနေရတဲ့ဒုက္ခတွေကို အခြားနည်းနဲ့ အကျိုးရှိရှိ အလွယ်တကူ အသုံးပြုနိုင်မယ့်နည်းတစ်ခုကို မျှဝေချင်ပါတယ် ။ အဲဒါကတော့ သရက်သီးယို ပြုလုပ်ပြီး သားရေစာ အဖြစ် စားသုံးကြခြင်းပါပဲ ။ စားသုံးသူဈေးကွက်မှာ သစ်သီးယိုတွေဟာ...
ကဲ နောက် ဆုံးတော့ ငါးရံ့ခြောက် ကို အလေအလွင့်မရှိ ပဲ ဖုတ်နိုင်ခဲ့ပီလေ။ အရင်ငါးရံ့ခြောက်ဖုတ်ရင် ကျွတ်ပီးအမှုန့် တွေဖြစ်ကုန်တယ်။ အသားကကောင်းကောင်းမကျက်တော့ အရိုးတွေကဖဲ့လို့မရပဲ အရိုးတွေထည့်စားမိလို့အရိုးစူးမိတယ်။ ရေစိမ်ဖုတ်တော့လည်း ပျဉ်းတွဲတွဲနဲ့ စားမကောင်း၊ မကုန်ရင်မှိုတွေတက်သွားရော။ SuperMarketတွေကreadymadeဝယ်စားရင်၁၀သားကို၁၀၀၀၀ကငါးရံ့ခြောက်ဖုတ်လို့မခံစားရဘူး၊အရမ်းကျွတ်ရွနေပီး ဘာအရသာမှမရှိလို့။ ဟိုတလောက စား/ချက်မှာ အမတစ်​ယောက်တင်ထားတဲ့ ပေါင်းပီးမှဖုတ်တဲ့နည်းအတိုင်းဖုတ်လိုက်တာ ခုတော့အဆင်ပြေသွားပီ။အလေအလွင့်လည်းမရှိဘူး၊ အသားတွေကနူးပီးမှဖုတ်တော့ အရိုးသေးသေးလေးတွေကအစ အလွယ်တကူဖဲ့လို့ရတယ်။ ငါးရံ့ခြောက်ဖုတ်နည်းတင်ပေးတဲ့သူကို ကျေးဇူးတင်ပါတယ်ရှင့်။ ငါးရံ့ခြောက်ကို ၅မိနစ်ရေစိမ်ပီး ၅မိနစ်ပေါင်းပါတယ်။ ပီးရင် အပြားလိုက်ထုပီးမီးအေးအေးနဲ့ကင်ပါတယ်။ ပြန်ထုလိုက် ကင်လိုက်၂ခါလောက်လုပ်ပီးရင် တစ်မျှောင်းချင်စီ ဆွဲခွါပီးထောင်လိုက်လေးတွေထုပီးရင်မွှပီး ပဲဆီလေးဆမ်းပီးစားလို့ရပီနော်။ Unicodeဖြင့်ဖတ်ရန် အိမ်ရှင်ထီး/မ တိုင်းသိသင့်တဲ့ ” ငါးရံ့ခြောက်ကို အလေအလွင့်...
တွဲဖက်မစားသင့်သော အစားအစာ ( ၇၅ ) မျိုး ၁။ ဆူးပုတ်ရွက် + ဆိတ်သား { မူးဝေ } ၂။ ကိုကိုး(ဖျော်ရည်)+ ပဲမြစ် { မူးဝေ } ၃။ ဝက်သား+ ဒေါင်းသား { ဝမ်းလျှော } ၄။ ဝက်သား+ { ဝမ်းလျှော } ၅။ ဝက်သား + ပေရည်ပေသီး { ဝမ်းလျှော } ၆။ ရှောက်သီး + စောင်းလျှားသီး { ဝမ်းလျှော } ၇။ ခိုသား...
ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါတယ်။နွားနို့  ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့။ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။ ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ ပါ) လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့။အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ။ ပြီးရင် အုပ်ဆောင်းနဲ့ အုပ်ပြီး မရွေ့ လျားစေဘဲ ၂၄...
ဗိုက်စာတိုင်း ခေါက်ဆွဲပြုတ်စားတတ်သော သူများသိရှိရန် ၁။ ခေါက်ဆွဲခြောက်ကိုစားရင် တခြားအာဟာရရှိတဲ့ အစားအစာတွေနဲ့ ရောစားပါ။ ဥပမာ- ထမင်း၊ ကြက်ဥ၊ အသား၊ ဟင်းသီးဟင်းရွက်တွေနဲ့ ရောစားပါ။ ၂။ ခေါက်ဆွဲခြောက်ကို ရေနွေးနဲ့ဖျော်တဲ့အခါ ပထမဦးဆုံးဖျော်တဲ့အရည်တွေကို သွန်ပစ်လိုက်ပါ။ အဲဒီ အရည်တွေထဲ မှာ ဖယောင်းတွေ ပါသွားမှာဖြစ်ပါတယ်။ ဖယောင်းအကုန်လုံးတော့ ပါသွားမှာ မဟုတ်ပါဘူး။ ပထမဖျော်ထားတဲ့ အရည်တွေကိုသွန်ပြီး၊ နောက်ထပ် ရေနွေးတစ်ခါပြန်ရောပြီးမှ စားပါ။ ၃။ ခေါက်ဆွဲခြောက်အစပ်ထုပ် (တုန်ယမ်းချဉ်စပ်စတဲ့) တွေကိုလည်း မကြာခဏမစားပါနဲ့။ အဲဒီ ခေါက်ဆွဲခြောက် အစပ်ထဲက စပ်တဲ့အရာတွေဟာ တကယ့်ငရုတ်သီးတွေမ ဟုတ်ဘဲ တခြားစပ်တဲ့၊...
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ “Choice” ၏ ထောက်ပြဝေဖန်မှုများကြောင့် Milo ဟာ ကျန်းမာရေးနဲ့ ညီညွတ်မှု Rating စတားအမှတ်အသားများကို လျော့ချပေးရန် Nestle က သဘောတူလိုက်ခြင်းဖြင့် ကျန်မာရေးအတွက် လုံးဝသင့်လျော်မှုရှိသည်ဆိုတာ အပြည့်အဝ မဟုတ်မှန်ကြောင်း ဝန်ခံလိုက်သည်။ Milo ဆိုတာ ကလေး လူကြီးအားလုံး ခွန်အားဖြစ်စေသည်ဟူသော ခံယူချက်ဖြင့် သောက်သုံးခဲ့ကြသည့် Nestle ၏ ထုတ်ကုန်တစ်ခုဖြစ်သည်။ တစ်ကယ့်အခိုင်အမာ အမှတ်တံဆိပ်ဖြစ်သည့် Nestle ၏ ထုတ်ကုန် ဖြစ်သည့်အတွက် မိုင်လိုကို၊ အပူ အအေး၊ ရေခဲချောင်းအစရှိသည်ဖြင့်...
ကြက်ဆီထမင်း (အလွယ်ချက်နည်း) ပါဝင်သောပစ္စည်းများ ၁။ ၅၀ သားရှိသော ကြက် – ၁ ကောင် ၂။ ဆန် – ပေါင်းအိုးမှာပါသော ဆန်ချိန်သောခွက်ဖြင့် ၃ ခွက် ၃။ ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း ၄။ သကြား – လက်ဖက်ရည်ဇွန်း ၃ ဇွန်း ၅။ ကြက်သွန်ဖြူ – ၃ တက်...