Entertainment, Local Celebrites News

(၅) ႏွစ္အရြယ္ သမီးျဖစ္သူ ရည္းစားစာေပးခံရလို႔ စိတ္မခ်ျဖစ္ေနတဲ့ ခ်မ္းခ်မ္း

q 15

q 15

Melody World ျပိဳင္ပြဲကေန တက္လာခဲ့တဲ့ အဆိုေတာ္ ခ်မ္းခ်မ္းဟာ ဂီတေလာကမွာ ပရိသတ္တေြ လက္ခံတဲ့ အဆိုေတာ္တစ္ဦးျဖစ္လာခဲ့ပါတယ္။ သူမရဲ႕ အေဆြးသီခ်င္းေလးေတြနဲ႔ ပရိသတ္ေတြကိုဖမ္းစားႏိုင္ခဲ့တာေၾကာင့္လည္း ဂီတေလာကမွာ ေနရာတစ္ေနရာ ရရွိလာခဲ့တာပါ။ အဆုိေတာ္ ခ်မ္းခ်မ္းကေတာ ့သမီးေလးနဲ႔အတူ ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနခဲ့တာပါ။

သမီးမိန္းကေလးေမြးထားတဲ့ ခ်မ္းခ်မ္းကေတာ့ သမီးေလးကို ဂရုတစိုက္နဲ႔ အျမဲေစာင့္ေရွာက္ေနရတယ္လို႔ဆိုပါတယ္။ အဘိုး၊အဘြားေတြရဲ႕ ထိန္းေက်ာင္းမွုနဲ႔အတူ ဖခင္ရဲ႕အုပ္ထိန္းမွုကိုပါ ရရွိထားပါေသးတယ္။ သမီးေလးကို မ်က္စိေဒါက္ေထာက္ လိုက္ေစာင့္ေရွာက္တတ္တဲ့သူမက ယေန႔ေခတ္နဲ႔ အရင္ေခတ္ေတြ မတူညီပံုကိုလည္း ေျပာျပထားပါေသးတယ္။“အမ အေမေတြကအရမ္းခ်စ္တယ္ အခုဆိုရင္ အမ အိမ္ျပင္ေနေတာ့ အဲဒီအိမ္ျပင္ေနရင္းၾကားထဲက အမ အေဖ၊ အေမလည္းလာထိန္းေပးတယ္။ အမ မအားတဲ့အခါမ်ိဳး ဆိုရင္ ကေလးလာၾကည့္ေပးတာေပါ့ေနာ္။ အဲလိုမ်ိဳးေနျဖစ္တယ္။

 

သူ႔အေဖမအားတဲ့ေန႔ေတြဆိုလည္း အမ ေခၚထိန္းေပးတယ္။ တေယာက္နဲ႔တေယာက္က အခ်ိန္ေတာ့ညွိျပီး ကေလးထိန္းေပးတာေပါ့။ အမတို႔အေမေျပာသလိုေပါ့ ခုခ်ိန္ထိလည္း အမတို႔က အေမ႔မ်က္စိထဲမွာ ကေလးလိုပဲ။ သမီးဆိုေတာ့ ပိုဆိုးတာေပါ့။ဒါေပမယ့္ အမတို႔က ကံေကာင္းတာက အမတို႔ ဆယ္တန္းေလာက္၊ တကၠသိုလ္တက္တဲ့အထိက ရည္းစားထားရေကာင္းမွန္းလည္း မသိခဲ့ဘူး။ အိမ္ထဲမွာပဲေန၊ အရုပ္ေတြနဲ႔ေဆာ့ ညီအမေတြအေဖာ္ရတယ္။

ဒါေပမယ့္ သမီးေလးက်ေတာ့ တစ္ေယာက္တည္းျဖစ္တယ္ေလ။ အေဖာ္မင္တယ္ အဲတြက္ေၾကာင့္ အမ စိုးရိမ္တာတခုတည္းပဲ။ သူငယ္ခ်င္းအေပါင္းမွားျပီးေတာ့လမ္းမွားေရာက္သြားမွာအရမ္းစိုးတယ္ေပါ့။”ဒါ့အျပင္ ခ်မ္းခ်မ္းကေတာ့ အသက္ (၅) ႏွစ္သာရွိေသးတဲ့ သူမရဲ႕သမီးေလး ရည္းစားစာအေပးခံရတာေၾကာင့္ စိတ္မခ်ျဖစ္လို႔ေနပါတယ္။

“အဲ့အတြက္ေၾကာင့္ အျပင္ေတြဘာေတြလည္း အမ မပါဘဲ ဘယ္သူနဲ႔မွ မလိုက္ရဘူး။ သူငယ္ခ်င္းဆိုလည္း ေယာက္က်ားေလးသူငယ္ခ်င္းေမြးေန႔ပြဲေတြမွာလည္း အမကိုယ္တုိင္ လိုက္မယ္ေပါ့ေနာ္။ ဒီကေလးအရြယ္တည္းက အမ အရမ္းၾကီးလႊတ္မထားဘူး ဘာလို႔ဆို အခုေခတ္က သံုးေလးတန္း နဲ႔လည္း ရည္းစားေတြက ျဖစ္ေနၾကတာမ်ားတယ္။

အဲေတာ့ အကုန္လံုးလုိက္ၾကည့္ေနရတာေပါ့ေနာ္ အေမက နင္ကအျဖစ္ကိုသည္းတယ္တဲ့ နင္တုိ႔အလွည့္တုန္းက အဲလိုမဟုတ္ပါဘူးတဲ့။ အေမ ေခတ္မတူေတာ့ဘူးလို႔ ။ သူတို႔ေတြက အခု သူ႔ကို အတန္းထဲမွာ ရည္းစားစာေပးတဲ့သူရွိတယ္။

အဲ့ (၅) ႏွစ္ကို။ အဲလိုမ်ိဳးဆိုေတာ့ ကိုယ့္မ်က္စိေတြျပဴး ဟဲ့ လုပ္ၾကပါဦး ဘယ္သူကေပးတာတုန္း။ လိုက္ၾကည့္ေနရတာေပါ့ေနာ္ ေတာ္ေတာ္ေလည္းရယ္ရပါတယ္။ သူတို႔ေခတ္ကေလ မႏိုင္ဘူး။” လို႔ အကုန္သိမီဒီယာရဲ႕အင္တာဗ်ဴးမွာေျဖဆိုထားခဲ့တာျဖစ္ပါတယ္။

ခ်မ္းခ်မ္းကေတာ့ သမီးေလးကို စိတ္ဒဏ္ရာမရသြားေအာင္ ပိုျပီး ဂရုစိုက္ျဖစ္တယ္လို႔ သိရပါတယ္။
Credit-We Love Cele
Photos-Chan Nyein

Unicode
Melody World ပြိုင်ပွဲကနေ တက်လာခဲ့တဲ့ အဆိုတော် ချမ်းချမ်းဟာ ဂီတလောကမှာ ပရိသတ်တေွ လက်ခံတဲ့ အဆိုတော်တစ်ဦးဖြစ်လာခဲ့ပါတယ်။ သူမရဲ့ အဆွေးသီချင်းလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တာကြောင့်လည်း ဂီတလောကမှာ နေရာတစ်နေရာ ရရှိလာခဲ့တာပါ။ အဆိုတော် ချမ်းချမ်းကတော ့သမီးလေးနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေခဲ့တာပါ။

သမီးမိန်းကလေးမွေးထားတဲ့ ချမ်းချမ်းကတော့ သမီးလေးကို ဂရုတစိုက်နဲ့ အမြဲစောင့်ရှောက်နေရတယ်လို့ဆိုပါတယ်။ အဘိုး၊အဘွားတွေရဲ့ ထိန်းကျောင်းမှုနဲ့အတူ ဖခင်ရဲ့အုပ်ထိန်းမှုကိုပါ ရရှိထားပါသေးတယ်။ သမီးလေးကို မျက်စိဒေါက်ထောက် လိုက်စောင့်ရှောက်တတ်တဲ့သူမက ယနေ့ခေတ်နဲ့ အရင်ခေတ်တွေ မတူညီပုံကိုလည်း ပြောပြထားပါသေးတယ်။

“အမ အမေတွေကအရမ်းချစ်တယ် အခုဆိုရင် အမ အိမ်ပြင်နေတော့ အဲဒီအိမ်ပြင်နေရင်းကြားထဲက အမ အဖေ၊ အမေလည်းလာထိန်းပေးတယ်။ အမ မအားတဲ့အခါမျိုး ဆိုရင် ကလေးလာကြည့်ပေးတာပေါ့နော်။ အဲလိုမျိုးနေဖြစ်တယ်။ သူ့အဖေမအားတဲ့နေ့တွေဆိုလည်း အမ ခေါ်ထိန်းပေးတယ်။ တယောက်နဲ့တယောက်က အချိန်တော့ညှိပြီး ကလေးထိန်းပေးတာပေါ့။

အမတို့အမေပြောသလိုပေါ့ ခုချိန်ထိလည်း အမတို့က အမေ့မျက်စိထဲမှာ ကလေးလိုပဲ။ သမီးဆိုတော့ ပိုဆိုးတာပေါ့။ ဒါပေမယ့် အမတို့က ကံကောင်းတာက အမတို့ ဆယ်တန်းလောက်၊ တက္ကသိုလ်တက်တဲ့အထိက ရည်းစားထားရကောင်းမှန်းလည်း မသိခဲ့ဘူး။

အိမ်ထဲမှာပဲနေ၊ အရုပ်တွေနဲ့ဆော့ ညီအမတွေအဖော်ရတယ်။ ဒါပေမယ့် သမီးလေးကျတော့ တစ်ယောက်တည်းဖြစ်တယ်လေ။ အဖော်မင်တယ် အဲတွက်ကြောင့် အမ စိုးရိမ်တာတခုတည်းပဲ။ သူငယ်ချင်းအပေါင်းမှားပြီးတော့လမ်းမှားရောက်သွားမှာအရမ်းစိုးတယ်ပေါ့။”ဒါ့အပြင် ချမ်းချမ်းကတော့ အသက် (၅) နှစ်သာရှိသေးတဲ့ သူမရဲ့သမီးလေး ရည်းစားစာအပေးခံရတာကြောင့် စိတ်မချဖြစ်လို့နေပါတယ်။

“အဲ့အတွက်ကြောင့် အပြင်တွေဘာတွေလည်း အမ မပါဘဲ ဘယ်သူနဲ့မှ မလိုက်ရဘူး။ သူငယ်ချင်းဆိုလည်း ယောက်ကျားလေးသူငယ်ချင်းမွေးနေ့ပွဲတွေမှာလည်း အမကိုယ်တိုင် လိုက်မယ်ပေါ့နော်။ ဒီကလေးအရွယ်တည်းက အမ အရမ်းကြီးလွှတ်မထားဘူး ဘာလို့ဆို အခုခေတ်က သုံးလေးတန်း နဲ့လည်း ရည်းစားတွေက ဖြစ်နေကြတာများတယ်။အဲတော့ အကုန်လုံးလိုက်ကြည့်နေရတာပေါ့နော် အမေက နင်ကအဖြစ်ကိုသည်းတယ်တဲ့ နင်တို့အလှည့်တုန်းက အဲလိုမဟုတ်ပါဘူးတဲ့။ အမေ ခေတ်မတူတော့ဘူးလို့ ။

သူတို့တွေက အခု သူ့ကို အတန်းထဲမှာ ရည်းစားစာပေးတဲ့သူရှိတယ်။ အဲ့ (၅) နှစ်ကို။ အဲလိုမျိုးဆိုတော့ ကိုယ့်မျက်စိတွေပြူး ဟဲ့ လုပ်ကြပါဦး ဘယ်သူကပေးတာတုန်း။ လိုက်ကြည့်နေရတာပေါ့နော် တော်တော်လေည်းရယ်ရပါတယ်။ သူတို့ခေတ်ကလေ မနိုင်ဘူး။” လို့ အကုန်သိမီဒီယာရဲ့အင်တာဗျူးမှာဖြေဆိုထားခဲ့တာဖြစ်ပါတယ် ချမ်းချမ်းကတော့ သမီးလေးကို စိတ်ဒဏ်ရာမရသွားအောင် ပိုပြီး ဂရုစိုက်ဖြစ်တယ်လို့ သိရပါတယ်။

Facebook Comments

Comments are Closed

Theme by Anders Norén

6K Shares
Share6K
Tweet
Share