Local News, News

နေပြည်တော်တဲကုန်းကသက်ငယ်မုဒိမ်းပြုကျင့်ခံရတဲ့ ၇ နစ်အရွယ်သမီးလေးကိုလည်း ဝိုင်းရံပေးကြပါဦး၊ အမှုက တရားရုံးတောင် မရောက်သေး

1w2

နေပြည်တော် တဲကုန်းရွာက သက်ငယ်မုဒိန်း ကျူးလွန်ခံရတဲ့သမီးလေးဆီအခြေနေလေးသိချင်တာနဲ့ထပ်သွားတော့ သမီးလေးကဖျားနေတယ် အနွေးထည်လေးဝတ်ပြီး အိမ်ထဲမှာ ထိုင်နေတယ် ကိုယ့်လဲမြင်ရော အားတတ်သရောလေးနဲ့ပြေးဖက်ရှာတယ်

ဆေးရုံကပေးလိုက်တဲ့ ၂၈ရက်တိတိသောက်ရတဲ့ဆေးကြောင့်ထင်တယ် အသားလေး ခြောက်သွားတယ် စိတ်မကောင်းစရာလေး ဒီအရွယ်လေးက အဲ့ဆေးတွေသောက်ရမဲ့အရွယ်လေးလား စိတ်မကောင်းဖြစ်မိတယ်။ နောက်ပြီးကလေးမိခင်ကအမှုအကြောင်းမေးတော့ ကျွန်မဘာဖြေရမှန်းမသိဖြစ်ခဲ့ရတယ်။

အမှုက ၁၆.၈.၂၀၁၉ ရက်နေ့ ကဖြစ်ပွားတာပါ ဒီနေ့က ၉ရက်နေ့ဆိုတော့ ၂၅ရက်ရှိနေပါပြီ ၃၁-၈-၂၀၁၉ က တရားခံရဲ့ဆေးစာရတယ်။ ၃-၉-၂၀၁၉ နေ့ကသမီးလေး ဆေးစာရတယ် ဒါမဲ့ အမှုက ရုံးတင်ဖို့နေနေသာသာ ခုချိန်ထိဥပဒေအကြံပေးဆီတောင်မရောက်သေးပါဘူး။

တရားခံ ဝန်ခံထားတယ်(ကျူးလွန်ထားကြောင်း ဆေးစာလဲရထားပြီး) သမီးလေး (အောက်ပိုင်းကွဲထွက်သွားလို့ မသေရုံတမယ် ဆေးကုထားရ ဆေးရုံစာလဲရထားပြီး) ဒီလောက်ရှင်းနေတဲ့အမှုကို ဘာလို့ကြာနေရတာလဲ ကျွန်မပဲစိတ်လောနေလို့လား ဒီထက်မုဒိန်းမှုမြောက်ကြောင်း ဘာတွေလိုနေသေးတာလဲ……

တရားခံကိုဖမ်းထားတယ်ဆိုရင်တော့ တစ်မျိုးပေါ့ ခုကျတရားခံကျတော့လဲ ၁၈ နှစ်အောက်မို့လွတ်ပေးသေးတယ် အမှုကျတော့လဲ ဘာဆိုဘာမှကိုမထူးရှားသေးဘူး နစ်နာသူသမီးလေးခမျှတော့ တရားမျှတမှုအတွတ် ကျောင်းတစ်နှစ်နားပြီးစောင့်နေရရှာတယ်။ ဘယ်မှာလဲ တရားမျှတမှု ဝိုင်းရှာပေးကြပါအုန်း တရားမျှတမှုပျောက်သွားလို့

TinZar TinZar

Facebook Comments

4K Shares

Comments are Closed

Theme by Anders Norén

4K Shares
Share4K
Tweet
Share