Crime News, News

အမျိုးသမီးတစ်ဦး ကားမစီးခင် အမူးပျောက်ဆေး တစ်ပြားကြို သောက်မိရာမှ သေဆုံးမှုဖြစ်ပွား

14 2

ကားမစီးခင် အမူးပျောက်ဆေး တစ်ပြားကြိုသောက်မိရာမှ သေဆုံးမှုဖြစ်ပွား

14 2

ကောလင်းမြို့နယ် စွယ်ရကျေးရွာမှာ ကားမူးတပ်တဲ့ ၁၇ နှစ်အရွယ်

အမျိုးသမီးတစ်ဦး ကားမစီးခင် အမူးပျောက်ဆေး တစ်ပြားကြို သောက်မိရာမှ သေဆုံးမှုဖြစ်ပွား။

၎.၅.၂၀၁၉ ။ ။ စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်းမြို့နယ် စွယ်ရကျေးရွာမှာ ကားမူးတတ် တဲ့ (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး

ကားမစီးခင် အမူးပျောက်ဆေး တစ်ပြား ကြိုသောက်မိရာမှ သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ မေ( ၄)ရက်၊ နံနက် ၆နာရီ အချိန်ခန့်က ကောလင်းမြို့နယ် စွယ်ရကျေးရွာတွင် ဆေးသောက်မှား၍ သေဆုံးကြောင်း

သတင်းအရ ကောလင်းမြို့မ စခန်းမှူး ဒုရဲမှူး ငွေမျိုးမြင့်နီ-ခန်သာစခန်းမှူး ရဲအုပ်ဇော်ထက်အောင် နှင့် အဖွဲ့သည် သက်သေများနှင့်အတူ

အခင်းဖြစ်ပွားရာ စွယ်ရကျေးရွာ ဦးဝင်းဦး ဒေါ်တင် တင်နွဲ့တို့၏ နေအိမ်သို့ သွားရောက် စစ်ဆေးရာ ဦးဝင်းဦး၏ သမီး မအိချောမွန် ၁၇ နှစ် သည်

နေအိမ် ဧည့်ခန်းတွင် အရှေ့ဘက်သို့ ခေါင်းပြုလျှက် နှာခေါင်းမှ အမြုပ်များထွက်ပြီး ပါးစပ်မှ သွေး အနည်းငယ် ထွက်လျှက် သေဆုံးနေသည် ကိုတွေ့ရသဖြင့်…

စုံစမ်းစစ်ဆေးရာ ယနေ့မနက်တွင် မိခင်ဒေါ်တင်တင်နွဲ့နှင့် သမီးဖြစ်သူမအိချောမွန်တို့ မန္တလေးသို့ကား နှင့်လိုက်ရမည်ဖြစ်၍

ကားမူးပျောက်ဆေး Stugeron ဆေးပြား(၂) ပြားအားမိခင်နှင့် အတူ သမီးဖြစ်သူတို့ တစ်ယောက်ကို (၁)ပြားစီ သာက်သောက်ခဲ့ပြီး

ခဏအကြာတွင် သမီးဖြစ်သူမ အိချောမွန်က အမေရေ “မူးတာ” ဟုပြောပြီး အိပ်နေရာမှ မနက် ၉ နာရီ အချိန်တွင် သမီးဖြစ်သူအား သွားနိုးရာ

နှာခေါင်းတွင် အမြုပ်များထွက်ပြီး ပါးစပ်တွင် သွေးစများ ထွက်၍ေ သေဆုံးနေသည် ကို တွေ့ရှိရကြောင်း သိရှိရသဖြင့်

၎င်းတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင် ရန် ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရပါတယ် ။

အင်မတန် ဖြစ်နိုင်ခဲပြီး အံ့သြစရာ ကောင်းတယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။ မိခင်ဖြစ်သူ ကလည်း Stugeron ၁ ပြားသောက်ပြီး သမီးဖြစ်သူလည်း ဒီဆေး ၁ပြားကိုသောက်ခဲ့ကြတာပါ။ သို့သော်လည်း သမီးဖြစ်သူေ သဆုံးခဲ့ပါတယ် ။

ကားမူးတတ် သူများ အမူးပျောက် ဆေးဖြစ်တဲ့ Stugeron ဆေးပြားကို စစ်ဆေးချက် တိတိကျကျ မသိသေးခင် သတိထားဘို့ လိုအပ်လာပါပြီ ဖြစ်ကြောင်း သတင်းပါး လိုက်ပါတယ်။

Facebook Comments

1K Shares

Comments are Closed

Theme by Anders Norén

1K Shares
Share1K
Tweet
Share