Local News, News

ဆင်းရဲနွမ်းပါးပြီး တရားရင်ဆိုင်နေရသော ပြည်သူများအတွက် အခမဲ့ရှေ့နေ လိုက်ပေးမည်…

1q21

ဆင်းရဲနွမ်းပါးပြီး တရားရင်ဆိုင်နေရသည့် ပြည်သူများအတွက် ရှေ့နေအခမဲ့ လိုက်ပေးမည်

ဆင်းရဲနွမ်းပါးပြီး တရားရင်ဆိုင်နေရတဲ့ ပြည်သူတွေအတွက် အခမဲ့ ရှေ့နေလိုက်ပေးမယ်လို့ မြောင်းမြခရိုင်/မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သိမ်းက ပြောပါတယ်။

မြောင်းမြခရိုင်/မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို မြောင်းမြမြို့က တရားလွှတ်တော်ရှေ့နေ(၅)ယောက်စုပြီး သြဂုတ်(၁၄)ရက်က ဖွဲ့စည်းခဲ့တာပါ။ “နိုင်ငံသားတစ်ယောက်ရဲ့ဥပဒေပါအခွင့်အရေးတွေ မဆုံးရှုံးရအောင် ဆောင်ရွက်ပေးနိုင်ဖို့အတွက် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကျေးရွာတွေကပါ အကူအညီတောင်းခံနိုင်တယ်”လို့ တရားလွှတ်တော်ရှေ့နေတွေဖြစ်ကြတဲ့ ဦးမြင့်သိမ်းက ပြောပါတယ်။

မြောင်းမြခရိုင်/မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဟာ ရှေ့နေ အခမဲ့လိုက်ပေးတာတွေကို အခုစက်တင်ဘာလက စကာ ဆောင်ရွက်နေပြီး ကျေးလက်မှာနေထိုင်တဲ့သူတွေရဲ့ ဥပဒေရေးရာအခက်အခဲတွေကို ကူညီနိုင်မယ့်အဖွဲ့အစည်းဖြစ်ဖို့ ယုံကြည်တယ်လို့ မြောင်းမြမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှာ နေထိုင်သူတွေက ပြောပါတယ်။

သတင်း၊ဓါတ်ပုံ – ကျော်စိုးမိုး(ဖျာပုံ)

Facebook Comments

1K Shares

Comments are Closed

Theme by Anders Norén

1K Shares
Share1K
Tweet
Share