Local News, News

ွှတ်တော်အမတ်က စည်ပင်ကော်မတီဝင်တဦးကို တရားစွဲဆိုမှု ဖြစ်ပွား

1q19

မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးနွယ်အေးက သူ့ကို လူမှုကွန်ယက်မှာ စွပ်စွဲရေးသားတယ်ဆိုကာ တံတားဦးမြို့နယ် စည်ပင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးဗဟိန်းတင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခဲ့ရာမှာ ဒီကနေ့ တံတားဦးမြို့နယ် တရားရုံးမှာ စတင်စစ်ဆေးပါတယ်။

တံတားဦးလူထုအသံလှိုင်းဆိုတဲ့ ဖေ့စ်ဘွတ်ဂရုမှာ ဆော်ဆော် ဆိုတဲ့အမည်အကောင့်ပိုင်ရှင်က လွှတ်တော် ကိုယ်စားလှယ် လာဘ်စားထားတယ်လို့ အဓိပ္ပါယ်ရတဲ့ စာတွေရေးသားခဲ့တာကြောင့် အခုလို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီအကောင့်ပိုင်ရှင်ကို စစ်ဆေးရာမှာ ကဗျာဆရာ ကိုလေးအင်းဝဂုဏ်ရည်ရဲ့သားဖြစ်နေပြီး ကျေနပ်လောက် အောင်ပြန်တောင်းပန်မယ်ဆိုရင် ကျေနပ်နိုင်လိမ့်မယ်လို့ တရားလိုဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးနွယ်အေး က ပြောပါတယ်။

ကိုယ်စားလှယ် ပြန်ရုပ်သိမ်းဖို့ ဆန္ဒပြမယ်၊ အမေစုဆီကိုတိုင်မယ်၊ အဂတိလိုက်စားလို့ ဦးအောင်ကြည်ဆီကို တိုင်မယ်ဆိုပြီး ဆော်ဆော်ဆိုတဲ့ အကောင့်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်က ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီလို ရေးသားတာကိုတွေ့ရှိပြီး ရက်ပိုင်းအတွင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲခံထားရသူ ဦဗဟိန်းတင်ကို မေးမြန်းရာမှာတော့ သူ့အနေနဲ့ မပြောနိုင်သေးဘူးလို့ သတင်းမီဒီယာတွေကို ဖြေကြားပါတယ်။နောက်တပတ်ရုံးချိန်းကိုတော့ လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

(သတင်းထောက် မခေမဏီဝင်း ပေးပို့သည်) Photo: Khaymani Win
အာရ်ဖက်အေ (လေးစားမှုဖြင့် ခရက်ဒစ်)

Facebook Comments

5K Shares

Comments are Closed

Theme by Anders Norén

5K Shares
Share5K
Tweet
Share