Local News, News

ဒေါက်တာအောင်ဇော်နှင့် ပတ်သက်ပြီး BPI မှ အင်ဂျင်နီယာတစ်ဦး ရေးထားတဲ့ comment လေး

1q18

ဘီပီအိုင်မှ အင်ဂျင်နီယာတစ်ဦး ရေးထားတဲ့ comment လေးကို ဖတ်ကြည့်ပါ

ကြားသိရသလောက်တော့ သူ့ လုပ်ရပ်က အစိုးရအလုပ်မဟုတ်ပဲ ကုမ္ပဏီ မှာသာဆိုရင် မင်းတော်တယ် မောင်ပြူးဆိုပြီး ဆုချခံရမယ့်သူပါ။ တင်ဒါ နဲ့ ၀ယ်ထားတဲ့ ကော်စေ့ တွေ မရောက်ခင် တစ်လ ခွဲလောက် ထုပ်လုပ်မှု ရပ်ထားရမှာစိုးလို့ ပြည်တွင်း မှာရောက်ရှိနေတဲ့ တစ်ခြား ကော်စေ့ တံဆိပ်တစ်မျိုးကို တစ်လခွဲစာလောက် ယူသုံးတယ်။ ​ကော်စေ့က ကွာလတီမီတယ်။ ဒါပေမယ့် တင်ဒါနဲ့မှာထားတဲ့ ကော်စေ့နဲ့ တံဆိပ်ကွဲနေတယ်၊ပြဿနာကဒါပါပဲ၊

ခေတ် အပြောင်းမှာ စက်ရုံတွေဟာ ကိုယ့် ၀င်ငွေနဲ့ ကိုယ်ရပ်တည် ကြရတယ်၊ ၀န်ထမ်း၂၀၀၀ လောက်လခကတင်မနည်းဘူး၊ ဆေးတွေ ရောင်းရအောင် သူကိုယ်တိုင် Marketing ဆင်းတယ်။ နယ်တကာ ဆေးရုံ အုပ်တွေဆီသွားပြီး စိတ်ရှည်လက်ရှည် အောက်ကြို့ ရှင်းပြစည်းရုံးတယ်လို့သိရတယ်။ ၀ယ်လိုအားကောင်းတဲ့ ဆေးတွေထုတ်တဲ့ဌာနတွေဆို တစ်နေ့ ၂ ဆိုင်း နဲ့ စနေ တနဂ်နွေ တွေပါထုတ်ကြရတယ်။

သူကစက်ရုံရဲ့ ငယ်မွေး ခြံပေါက်လို့ ပြောရင်ရမယ်။ အလုပ်စ၀င်တော့ ခုရာထူးရဲ့ ၄ ဆင့်လောက်ငယ်တဲ့ ရာထူးနဲ့ စ၀င်တယ်၊ ကုန်ထုတ်ဌာနပေါင်းစုံနဲ့ QC, QA ,Planning ဌာနတွေမှာ လုပ်ခဲ့တယ်၊ စက်ရုံရောက်မှ ဆရာဝန် မာစတာဘွဲ့ကို စက်ရုံနဲ့ သက်ဆိုင်တဲ့ Micro Biology အထူးပြုနဲ့ယူတယ်၊ တစ်ခြား အလုပ်မှာ အသုံးတဲ့မည့် သင်တန်းပေါင်းစုံလည်းတက်ခဲ့ တယ်။

စက်ရုံဝန်ထမ်းသက်တမ်း တစ်လျောက်မှာ သူ့ရဲ့ စွမ်းဆောင်ချက်တွေ အများကြီးပါ၊ နဂိုက ချမ်းသာပြီးသား၊စက်ရုံ အတွက်ပဲ ဘ၀ကိုမြုပ်နှံထားသူ စွမ်းဆောင်ရည်ရှိသူတစ်ယောက်ပါ၊quality ရှိသူတစ်ယောက်ပါ။ငွေ အတွက် ထင်ပေါ်မှုအတွက်မဟုတ်ပဲ၊စွမ်းဆောင်ရည်ပြချင်စိတ် Esteen need အတွက် အလုပ်လုပ်နေသူ တစ်ယောက်လို့ပဲမြင်ပါတယ်၊ ခုခေတ်ကာလမှာ သူ့နေရာ အစားထိုးနိုင်ဖို့ဆိုရင် ရှာဖို့ခက်ပါမယ်။ရှိရင်တောင် ရှားပါမယ်။ဒီလိုပဲမြင်ပါတယ်။စီမံခန့်ခွဲမှု Motivation လဲ ကောင်းတယ်လို့မြင်ပါတယ်။

စာကြွင်း။ ။ကော်စေ့တန်ဘိုးများလည်း မပေးချေရသေးဟုကြားသိရပါတယ်။

ကို​အောင်​ကိုလတ်
Photo – Irrawaddy

Facebook Comments

460 Shares

Comments are Closed

Theme by Anders Norén

460 Shares
Share460
Tweet
Share