Life Style, Local Celebrites News

သူ့ဆီက မုန့်ဟင်းခါး မှာပြီး မွေးနေ့အလှူမှာ ကျွေးတဲ့ နေတိုးကို ကျေးဇူးတင်နေတဲ့ ရဲလေးမ

1 2

ရုပ်ရှင်နဲ့ ဗွီဒီယို ဇာတ်ပို့သရုပ်ဆောင် ရဲလေးမ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ မိန်းမလျာ အဖြစ် သရုပ်ဆောင်လာရာကနေ ပရိသတ်တွေက

မိန်းမလျာဇာတ်ရုပ် နဲ့အားပေးမှုများစွာရရှိထားသူပဲ ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ ရဲလေးမက ဗွီဒီယို ဈေးကွက် ပျက်သွားပြီးနောက် ကိုယ်ပိုင်လုပ်ငန်း တစ်ခုဖြစ်တဲ့မုန့်ဟင်းခါး ဆိုင်လေး

တစ်ဆိုင်ဖွင့်ထားပါတယ်။ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ရဲလေးမ က နေတိုးကို ကျေးဇူးတင်စကားပြောထားတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒီနေ့ကတော့ ပရိသတ်တွေ ရဲ့အချစ်တော် သရုပ်ဆောင် အကယ်ဒမီ နေတိုး ရဲ့ အသက် ၃၈ နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့မွေးနေ့မှာ သူ့ရဲ့ We Love များနဲ့ အတူ

အလှူလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးက သူ့ရဲ့အလှူမှာ သရုပ်ဆောင် ရဲလေးမ ဆိုင်မှ မုန့်ဟင်းခါးများမှာပြီး ပရိသတ်တွေကို ကျွေးခဲ့တာပဲ ဖြစ်ပါတယ်။

ရဲလေးမ ကလည်း သူ့ဆီက မုန့်ဟင်းခါး မှာပြီး မွေးနေ့အလှူမှာ ကျွေးတဲ့ နေတိုးကို ကျေးဇူးတင်တဲ့အကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုပြောထားပါတယ်။

“ချစ်ရပါသောအကိုနေတိုးရဲ့မွေးနေ့မှာရဲလေးမရဲ့မုန်ဟင်းခါးလေးမှာပြီအားပေးလို့အရမ်းကျေးဇူးပါနော်ယနေ့မွေးနေ့မှစ၍ အောင်မြင်မူ့တွေအများကြီးဆက်လက်ပိုင်ဆိုင်နိုင်ပါစေအကို” ဆိုပြီးပြောထားပါတယ်။

နေတိုးက မွေးနေ့အလှူမှာကျွေးဖို့ သူ့ဆီက မုန့်ဟင်းခါး မှာတာကြောင့် ကျေးဇူးတင်နေတဲ့ ရဲလေးမ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Facebook Comments

7K Shares

Comments are Closed

Theme by Anders Norén

7K Shares
Share7K
Tweet
Share