Local News, News

အဂတိမှုဖြင့် တရားစွဲခံထားရသည့် အင်းစိန် BPI စက်ရုံမှူးကို ဝန်ထမ်းများ ထောက်ခံဝန်းရံ

6 2

အဂတိမှုဖြင့် တရားစွဲခံထားရသည့် အင်းစိန် BPI စက်ရုံမှူးကို ဝန်ထမ်းများ ထောက်ခံဝန်းရံ

5 2

အဂတိလိုက်စားမှုစွပ်စွဲချက်နဲ့ တရားစွဲခံထားရတဲ့ အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အင်းစိန် မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးရာ ဝန်ထမ်းတွေက လာရောက်ဝန်းရံ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

2 2

အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်ဟာ ကိုယ်ကျိုးမဖက်ဘဲ စက်ရုံ တိုးတက်အောင်ပဲ လုပ်ဆောင်ခဲ့တယ်ဆိုပြီး BPI စက်ရုံဝန်ထမ်းအယောက် ၁၀၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

3 1

“စက်ရုံမှူးက ရိုးသားတယ်။ ဝန်ထမ်းတွေအပေါ်လည်း သက်ညှာမှုရှိတယ်၊ ဒီအမှုကို သူကျူးလွန်မယ်လို့ မထင်ဘူး၊ အဲ့ဒါကြောင့် ကိုယ့်ဆန္ဒနဲ့ ကိုယ် လာရောက်ဝန်းရံတာပါ” လို့ BPI စက်ရုံ ဝန်ထမ်း ဦးအုန်းမောင်က ပြောပါတယ်။

4 2

BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်ဟာ ဆေးဝါးတွေ ထုပ်ပိုးဖို့အတွက် လိုအပ်တဲ့ ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ဝယ်ယူခဲ့တာကြောင့် အဂတိလိုက်စားမှုနဲ့ အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Facebook Comments

880 Shares

Comments are Closed

Theme by Anders Norén

880 Shares
Share880
Tweet
Share