Knowledge, Life Style

လူသေစေခဲ့တာတောင် တောင်းပန်ခြင်း မရှိတဲ့ ဆာကူရာဆေးရုံ ကို စတင်တရားစွဲလိုက်ပြီဖြစ်တဲ့ ဦးသီဟကိုကို

5

လူသေစေခဲ့တာတောင် တောင်းပန်ခြင်း မရှိတဲ့ ဆာကူရာဆေးရုံ ကို စတင်တရားစွဲလိုက်ပြီဖြစ်တဲ့ ဦးသီဟကိုကို

ပရိသတ်ကြီးရေ ၊ ဆရာဝန်တွေ ရဲ့ အမှားဟာ သချိင်္ုင်းမှာရှိတယ် ဆိုတဲ့ စကားပုံလေးကိုကြားဖူးကြမှာပါနော် ။ မကြာသေးခင်လပိုင်းက ဆာကူရာဆေးရုံကြီးပေါ်မှာ မသေသင့်ဘဲ သေဆုံးခဲ့ရတဲ့ မအေးသန္တာဝင်းရဲ့

8

အဖြစ်ဟာ ဆေးပညာလောက ကို အကြီးအကျယ်ရိုက်ခတ်ခဲ့သလို ၊ အထူးကုဆေးရုံတွေကိုမှ အထင်တကြီး သွားရောက်ကုသချင်ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ စိတ်ကို တုန်လှုပ်စေခဲ့တာပါ ။

မအေးသန္တာဝင်းဟာ ဆာကူရာဆေးရုံမှာ သားအိမ်ခြစ်ပြီး ဆေးကုသမှုခံယူနေစဉ်သေဆုံးခဲ့တာဖြစ်ပါတယ်။ အခုလိုသေဆုံးရတဲ့ဖြစ်စဉ်မှာ ဆာကူရာဆေးရုံမှာ တာဝန်ထမ်းဆောင်ကြတဲ့ ဆရာဝန်တွေရဲ့

7

ပေါ့လျော့မှုကြောင့်ဖြစ်ရတယ်လို့ သေဆုံးသူရဲ့ခင်ပွန်း ဦးသီဟကိုကို က လူမှုကွန်ရက်ကနေဖွင့်ချခဲ့တာပါ ။ဦးသီဟကိုကို က “ကျွန်တော်၏ ဇနီးသည်ဖြစ်သူ ဒေါ်အေးသန္တာဝင်း သေဆုံးခဲ့ရမှုအတွက် ဆာကူရာဆေးရုံနှင့် ဒေါက်တာမြပွင့်ဖြူ တို့ဘက်မှ မည်သည့်တောင်းပန်မှုမှ မရရှိခဲ့ပါ။

6


နောက်နောင် ကျွန်တော့အမျိုးသမီးလို အဖြစ်မျိုးနောက်လူတွေမဖြစ်ရန်၊တာဝန်ရှိသူများမှလည်း တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းတရားလွှတ်တော်တွင် ကျွန်တော်တို့မိသားစု၏ နစ်နာမှုအတွက်တရားဆွဲဆိုထားပြီးဖြစ်ပါသည်။

9


ယခုလာမည့် ဗုဒ္ဓဟူးနေ့ ( 04.09.2019)နေ့လည် (၂) နာရီတွင် စတုတ္ထအကြိမ်မြောက် ရုံးချိန်းရှိပါသည်။သတင်းရယူလိုသူမည်သူမဆို လာရောက်နိုင်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။” ဆိုပြီး လူမှုကွန်ရက်ကနေအသိပေးလိုက်ပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာမြပွင့်ဖြူက ၎င်းအနေဖြင့် လူနာကို အကောင်းဆုံးကုသပေးခဲ့ကြောင်း၊ ကုသမှုကိုကောင်းမွန်စွာပြုလုပ်ခဲ့ကြောင်း အထောက်အထားများရှိကြောင်း ရုံးချိန်းမှအထွက်တွင် မီဒီယာများသို့ ပြောကြားသည်။

10


”ကျွန်မကလည်း ကျွန်မလူနာတယောက်ကွယ်လွန်သွားတဲ့အတွက် တကယ်ကိုစိတ်မကောင်းပါဘူး။ အတတ် နိုင်ဆုံးကိုယ့်ဘက်ကလည်း အကောင်းဆုံးကုသမှုပေးခဲ့ပါတယ်။ ဒါပေမဲ့ လူနာရှင်ဘက်က အထင်အမြင် လွဲမှားတယ်။

တရားစွဲဆိုတယ်။ ဒါကို ကျွန်မတို့က ဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာပါ။ ကျွန်မတို့မှာ ခိုင်လုံတဲ့အထောက်အထားနဲ့ကောင်း မွန်စွာပြုလုပ်ပေးခဲ့တယ်ဆိုတဲ့အထောက်အထားတွေ အားလုံးရှိပါတယ်”ဆိုပြီးမီဒီယာတွေကို ဖြေကြားခဲ့တယ် လို့သိရပါတယ်။

6

ပရိသတ်ကြီးရေ ပေါ့ဆတဲ့ ဆရာဝန်တွေ၊ဈေးကြီးပေးရသလောက် တာဝန်မခံတတ်တဲ့ မြန်မာ့ဆေးလောကထဲက အထူးကုဆေးရုံတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ကနေ ကိုယ်တွေ့လေးတွေ ပြောပြခဲ့ကြပါဦး။

Facebook Comments

23K Shares

Comments are Closed

Theme by Anders Norén

23K Shares
Share23K
Tweet
Share