Crime News, News

ဓါးကိုင်ရမ်းကားနေသူက ရဲတပ်ဖွဲ့ဝင်များကို ဓါးနှင့် ပြန်လိုက်ထိုး၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

azz54

ဓါးကိုင်ရမ်းကားနေသူအား ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များအား ဓါးနှင့် ပြန်လိုက်ထိုး၍ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ

azz55

၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ ၂၁;၃၀ အချိန် မြိတ်မြို့နယ်၊ သမုတ်နယ်မြေရဲစခန်းမှ လှည့်ကင်းအဖွဲ့သည် သတင်းအရ မြိတ်မြို့နယ်၊

ကန်ပြင်ကျေးရွာလမ်း၌ ဓားကိုင်၍ မူးယစ်ရမ်းကားနေသော ဌေးလွင်(၄၂)နှစ်အား သွားရောက်ဖမ်းဆီးကြောင်းသိရသည်။

ထိုသို့ ဖမ်းဆီးရာတွင် မူးယစ်ရမ်းကားနေသူမှ ၎င်းကိုင်ဆောင်ထားသည့် အရိုးအသွား ၈ လက်မခန့် ဓားဦးချွန်ဖြင့် ရဲတပ်ဖွဲ့ဝင်များအား လိုက်လံထိုးနေ၍ ရဲတပ်သား မင်းပိုင်စိုး(၃၀)နှစ်မှ BA-94 သေနတ်ဖြင့် ၁ ချက်သတိပေးပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့် သတိပေးပစ်ခတ်ဖမ်းဆီးရာတွင် ဌေးလွင်တွင် ဝဲလက်သူကြွယ်နှင့် လက်သန်းကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ သြဂုတ်လ ၂၁ ရက်နေ့ ၀၃၂၅ အချိန် ဌေးလွင် (၄၂)နှစ်အား

သမုတ်နယ်မြေရဲစခန်း(ပ)၁၇/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)နှင့် သမုတ်နယ်မြေရဲစခန်း (ပ)၁၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃(တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား ဟန့်တား နှောင့်ယှက်မှု)တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

azz56

သတင်း ဓာတ်ပုံ – ပြည်ထဲရေး

Facebook Comments

4K Shares

Comments are Closed

Theme by Anders Norén

4K Shares
Share4K
Tweet
Share