Crime News, News

ဆာလာအိတ်ဖြင့်ထုတ်ထားသည့် အသက် ၈ နှစ်အရွယ် မိန်းကလေးအလောင်း တွေ့ရှိ

azz53

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူခုံးတံတားအောက် ရထားလမ်းပေါ်မှာ ဆာလာအိတ်နဲ့ ထုပ်ထားတဲ့ အသက် ၈ နှစ်ခန့်အရွယ် မိန်းကလေးငယ်အလောင်းတလောင်းတွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

azz53

ဩဂုတ် ၂၁ ရက်နေ့ မနက် ၇ နာရီခွဲက မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူခုံးတံတား အောက် ရထားသံလမ်းဘေးမှာ အလောင်းတလောင်းတွေ့ရှိကြောင်း သတင်းအရ

မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှူးနဲ့အဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းအား ဆာလာအိတ်နဲ့ ထုပ်ထားပြီး သေဆုံးသူမှာ အသက် ၈ နှစ်ခန့်အရွယ် မိန်းကလေးငယ်တဦးဖြစ်ကြောင်း၊

အဆိုပါသေဆုံးသူ မိန်းကလေးမှာ ယာချိုစောင်း ဖူးရောင်ဒဏ်ရာနဲ့ သေဆုံးနေတာ စိစစ်တွေ့ရှိရတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပို့ဆောင်ခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူ (စိစစ်ဆဲ) အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ)၆၀၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု) နဲ့ အမှုဖွင့်စုံစမ်းဆေးနေတယ်လို့ သိရပါတယ်။

azz53

DVB

Facebook Comments

834 Shares

Comments are Closed

Theme by Anders Norén

834 Shares
Share834
Tweet
Share