Entertainment, Local Celebrites News

ရေဘေးသင့်ပြည်သူများအတွက် သိန်းတစ်ရာတိတိ လှူဒါန်းမှုပြုလိုက်တဲ့ မော်ဒယ်လ် တင်မိုးလွင်

k91

လွန်ခဲ့တဲ့နှစ်တွေကတည်းက တီဗီ အစီအစဉ်တွေမှာ ခဏခဏ မြင်နေရတဲ့ အစီအစဉ် တင်ဆက်သူ မော်ဒယ် တယောက် ဖြစ်တဲ့ တင်မိုးလွင်ကိုတော့ မသိတဲ့သူ မရှိလောက်ဘူး ထင်ပါတယ်။

k89

ဘိုကပြားဆန်ဆန် မျက်နှာပေါက်နဲ့ သွယ်လှတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ သူ့ရဲ့ ချိုမြိန်တဲ့ အသံလေးကိုတော့ မကြိုက်တဲ့သူ မရှိလောက်ပါဘူး။

တင်မိုးလွင်ကတော့ လက်ရှိမှာ သူ့အနေနဲ့ ပရိသတ်တွေနဲ့ သိပ်ပြီးတော့ အထိအတွေ့မရှိတော့ပေမယ့်လည်း သူ့ရဲ့ မော်ဒယ်အေဂျင်စီကိုပဲ အာရုံစိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

တင်မိုးလွင်ကတော့ မကြာမကြာပရဟိတတွေ လုပ်တတ်တဲ့ သူတယောက်ဖြစ်သလို လက်ရှိချိန်မှာလည်း မွန်ပြည်နယ်မှာ ဖြစ်နေတဲ့ သဘာဝရေဘေးသင့်နေတဲ့ ဒေသတွေအတွက် စုစုပေါင်း အလှူငွေ သိန်း ၁၀၀ ရာ လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။

တင်မိုးလွင်ကတော့ Talent and Model Agency ကို တည်ထောင်ထားသူ ဖြစ်ပြီး သိန်း ၁၀၀ လုံးကိုတော့ သူတဦးထဲ ပိုက်ဆံနဲ့ လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

k90

ဒီအကြောင်းလေးကိုတော့ တင်မိုးလွင်က သူ့ရဲ့ ပေ့ခ်ျပေါ်မှာတော့ “လတ်တလော သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့သော ဒေသများ၏ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့

Talents & Models School နှင့် Agency ၏ တည်ထောင်သူ ဒေါ်တင်မိုးလွင်မှ ယနေ့နေ့လယ်က အလှူငွေ ကျပ်သိန်း(၁၀၀) ပေးအပ်လှူဒါန်းခဲ့ပါသည်” ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။

တင်မိုးလွင်က လက်ရှိမှာ တကယ်အခက်အခဲ ဖြစ်နေတဲ့ ရေဘေးသင့်ဒေသတွေကို လှူဒါန်းခဲ့တာကတော့ တကယ့်ကို ချီးကျူးစရာပါပဲ။

k88

ဘာမှပေါ်ပင်မလုပ်ပဲ သေသေချာချာကို သူ့ရဲ့ ပိုက်ဆံသိန်း ၁၀၀ ကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ တင်မိုးလွင်ရဲ့ အလှူဒါနလေးကိုတော့ ချစ်ပရိသတ်ကြီးလည်း လေးစားအားကျမိကြမယ် ထင်ပါတယ်။

Facebook Comments

Comments are Closed

Theme by Anders Norén

833 Shares
Share833
Tweet
Share