Local News, News

ပင်စင်ထုတ်လာသော အဖိုးအဖွားများကို ခါးပိုက်နှိုက်နေသည့် အမျိုးသားတဦးအား ဖမ်းဆီးရမိ

k47

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် သက်ကြီးရွယ်အိုများနှင့် မြန်မာစီးပွားရေးဘဏ်ရှေ့တွင် ပင်စင်ထုတ် အဖိုးအဖွား များအား ပစ်မှတ်ထား ခါးပိုက်နှိုက် လုပ်စားနေသည့် အမျိုးသားတစ်ဦးအား ယနေ့နံနက် ၁၀း၀၀နာရီ အချိန်တွင် ဖမ်းဆီးမိခဲ့ သည်။

k46

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်းအချိန် ဟင်္သာတမြို့ အထက(၄)ကျောင်းလမ်း ဘုရားငါးဆူဘုရားအနီးတွင် အဖိုးအို တစ်ဦးအား ခါးပိုက်နှိုက်ယူပြီး ဆိုင်ကယ်ဖြင့် မောင်းပြေးစဉ် ပြည်သူအချို့မှ လိုက်လံဖမ်းဆီးရာ ပတ္တမြားပန်းခြံလမ်းထဲ ဝင်ပြေး၍ လွတ်မြောက်သွားခဲ့သည်။

ဆက်လက်၍ နောက်တစ်ဦးအား ထပ်မံနှိုက်ယူ၍ ရုံးကြီးထောင့်မီးပွှိုင့်တွင် မီးနီ၍ ဆိုင်ကယ်ရပ်ထားစဉ် တွေ့ရှိသဖြင့် ဖမ်းဆီးမိခဲ့ ပြီး မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ထွန်းထွန်းမှ ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရပါတယ်။

ဖမ်းဆီးမိသူမှာ ဇော်ဝင်း အသက် (၄၀)ကျော်ခန့်ရှိပြီး သီရိ(၂)လမ်း မြဝတီရပ်ကွက်တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

KyawZayYar (ဧရာနဒီ)

k45

k44

KyawZayYar (ဧရာနဒီ)

Facebook Comments

Comments are Closed

Theme by Anders Norén

440 Shares
Share440
Tweet
Share