Entertainment, Local Celebrites News

မြန်မာပြည်သားတွေ သတိမပြုမိတဲ့ အကြောင်းအရာတစ်ခုကို လေးနက်စွာပြောလာတဲ့ ရွှေရည်သိန်းတန်

k35

ကွယ်လွန်သွားပြီ ဖြစ်တဲ့ နိုင်ငံကျော် တေးသံရှင်ကြီး တွံတေးသိန်းတန် ဟာဆိုရင် ပရိသတ်တွေချစ် ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်ကြီးပါ။

k34

သူ့ရဲ့သမီးလေး ရွှေရည်သိန်းတန်ကလည်း ဖခင်ဖြစ်သူရဲ့သွေး အပြည့်အဝပါသူတစ်ဦးမို့ သီချင်းတွေဆိုရင်း အနုပညာအလုပ်တွေ လုပ်နေတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဘေးဒုက္ခတွေ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူ ပြည်သားတွေ သတိမပြုမိတဲ့ အကြောင်းအရာတစ်ခုကို လေးနက်စွာ ပြောလာတာ တွေ့ရပါတယ်။ ရွှေရည်သိန်းတန်ပြောပြတဲ့ အကြောင်းအရာတွေကတော့ သေချာစဉ်းစားမိလေ တော်တော်လေးကို မှန်လာလေပါပဲနော်။

k33

ချစ်ပရိသတ်တွေအတွက် မြန်မာပြည်သူပြည်သားတွေ သတိပြုမိစေဖို့ ထောက်ပြလိုက်တဲ့ ရွှေရည်သိန်းတန်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေရည်သိန်းတန်ကတော့ “ကျွန်မတို့ မြန်မာပြည်… ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းဩဘာနိမိတ်ထွန်းပါသတဲ့..😣အခုခေတ်လူကြီး..လူငယ်တွေ ယုံကြည်မှုနည်းလာတာလား..သတိမပြုမိကြတာလား…စဉ်းစားချိန်တန်ပါပြီ

အိုးလေးလှုပ်ပါဟေ့အောင်မြင်ပြီးချိန်……..ပုဂံငလျှင်လှုပ်တာအိုးတင်မကဘူး..ဘုရားတွေပါပြိုကြတယ်..ဝါတားပါတီရေပါတီဟေ့..ကြီးလိုက်တဲ့ရေ…ရွာလိုက်တဲ့မိုး…ငါကဗိုလ်အောင်ဒင်..နင်ကဒါကိုမမြင်..ကိုယ်ကအစ ပါးစပ်ကပွစိပွစိ ဆိုဖြစ်တယ်…

k32

ခိုးဆိုးလုနှိုက်….အုတ်ကြားမြက်ပေါက်…အောင်မြင်လိုက်တာလေ…ကိုယ်ပါရုပ်ရှင်ရုံထဲထိပ်ဆုံးက……..ဟော..မကြာပါဘူး…အရင်က ထက် တိုးတက်လာတဲ့..မုဒိန်းမှု..လူသတ်မှု..လုယက်မှု..၃လောင်းလား..၄လောင်းလား.၅လောင်းလား….စိတ်မသက်သာစရာတွေရယ်ဆက်တိုက်ပါပဲ.

တချို့ ခုထိသတိမထားမိကြပေမယ့် သတိထားမိတဲ့သူတွေ သတိထားမိနေကြပါပြီ…ကလေးစကား…သဘင်သည်(အနုပညာသည်)စကား…အရူးစကား..ပေါ့ပေါ့မထားသင့်မပြောသင့်တော့ပါဘူး

ခုချိန်ကစလို့ ကျွန်မတို့ နိမိတ်ကောင်းတာလေးတွေ ရေးကြ..ဆိုကြ..ပြောကြ..တွေးကြပါစို့ရဲ့…မြန်မာပြည်သားတို့ရယ်” ဆိုပြီး သူများတွေ မမြင်တဲ့ ရှုထောင့်ကနေတွေးပြီး ပြောထားတာပါ။

k31

ချစ်ပရိသတ်တွေလည်း ရွှေရည်သိန်းတန်ပြောသလို နိမိတ်ကောင်းတာလေးတွေ ရေးကြ..ဆိုကြ..ပြောကြ..တွေးကြပါစို့လို့ လှုံ့ဆော်လိုက်ရပါတယ်နော်။

Facebook Comments

Comments are Closed

Theme by Anders Norén

1K Shares
Share1K
Tweet
Share