Local News, News

ဓာတ်ပုံ (၅) ပုံထဲမှာ ဆရာမ နှင်းနုရဲ့ဓာတ်ပုံကိုပြပါဆိုတော့ မှန်မှန်ကန်ကန်ပဲ ဆရာမနှင်းနုရဲ့ ပုံကိုရွေးချယ်နိုင်ခဲ့

j58

ဗစ်တိုးရီးယားလေးကို ဓာတ်ပုံ (၅) ပုံပြပြီး မေးမြန်းထားတဲ့ဗီဒီယိုကို ဖခင်ဖြစ်သူက ရုံးတော်သို့ တင်သွင်း

j59

ဒီကနေ့ (၁၄.၈.၂၀၁၉) ဗုဒ္ဓဟူးနေ့မှာတော့ နေပြည်တော် Wisdom Hill မှာဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားလေးရဲ့ သက်ငယ်မုဒိန်းမှုကို (၄) ကြိမ်မြောက် စစ်ဆေးခဲ့ပါတယ်။

ဒီကနေ့စစ်ဆေးမှုမှာ ဗစ်တိုးရီးလေး ဖခင်နဲ့ အဘွားတို့ကို စစ်ဆေးသွားခဲ့တာဖြစ်ပြီးတော့ ယခုအချိန်ထိ စစ်ဆေးမှုပြီးဆုံးခြင်းမရှိသေးတာဖြစ်ပါတယ်။

ဒီနေ့စစ်ဆေးမှုမှာ ဗစ်တိုးရီးယားလေးရဲ့ ဖခင်က ရုံးတော်သို့ ဗီဒီယိုတစ်ခု တင်သွင်းခဲ့ပြီးတော့ ထိုဗီဒီယိုကတော့ ဗစ်တိုးရီးယားလေးကို ဖခင်ဖြစ်သူကိုယ်တိုင် မေးထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။

ဒီဗီဒီယိုမှာ ဖခင်က ဓာတ်ပုံ (၅) ပုံကို ဗစ်တိုးရီးယားလေးအား မေးမြန်းထားတာဖြစ်ပါတယ်။

ထိုဓာတ်ပုံ (၅) ပုံထဲမှာတော့ ဆရာမနှင်းနုပုံ၊ ဒေါ်ဥမ္မာလှိုင်ရဲ့သား အကြီး ဖြစ်သူ ကိုကိုပုံ၊ သားအငယ်ဖြစ်သူ ညီညီပုံ၊ သံသယရှိတရားခံဖြစ်ကြောင်း ရဲတပ်ဖွဲ့ကတင်သွင်းထားတဲ့ ဒရိုင်ဘာ အောင်ကြီးပုံ နှင့် ကိုကို၊ ညီညီတို့ တွဲလျက်ရိုက်ကူးထားတဲ့ ဓာတ်ပုံ (၅) ပုံပဲဖြစ်ပါတယ်။

ဗစ်တိုးရီးယားလေးက ထို ဓာတ်ပုံ (၅) ပုံထဲမှာ ဆရာမ နှင်းနုရဲ့ဓာတ်ပုံကိုပြပါဆိုတော့ မှန်မှန်ကန်ကန်ပဲ ဆရာမနှင်းနုရဲ့ ပုံကိုရွေးချယ်နိုင်ခဲ့ပြီးတော့ သမီးကိုလုပ်တာ ဘယ်သူလဲလို့ မေးတဲ့အခါမှာ ကိုကိုညီညီ နှစ်ယောက်ရဲ့ ဓာတ်ပုံကိုပြတယ်။

မီးမီးကိုလုပ်တာ ကိုကိုလေ ခြေထောက်နဲ့ကန်ပစ်လိုက် ချပစ်လိုက် လို့ပြောတဲ့အကြောင်း ဖခင်ဖြစ်သူက ဗီဒီယိုရိုက်ကူးထားတာဖြစ်ပါတယ်။

ထိုဗီဒီယိုဖိုင်ကိုရုံးတော်ကိုတင်တဲ့အချိန်မှာတော့ ဥပဒေအရာရှိက သက်သေခံအဖြစ် မထိုက်သင့်ကြောင်းကို တရားသူကြီးကိုတင်ပြတာဖြစ်ပါတယ်။

j59

သို့သော် ကိုအောင်ကြီးရဲ့ ရှေ့နေဖြစ်သူကတော့ ဒီတင်ပြလာတဲ့ ဗီဒီယိုဖိုင်ဟာ အမှုအတွက်အရေးကြီးကြောင်း အမှုမှန်ပေါ်ပေါက်ဖို့အတွက် အရေးကြီးတဲ့ ဖိုင်ဖြစ်တဲ့အတွက် တရားရုံးက လက်ခံသင့်ပေးဖို့ တင်ပြထားပါတယ်။

Facebook Comments

Comments are Closed

Theme by Anders Norén

308 Shares
Share308
Tweet
Share