Local News, News

အခုခေတ်မှာ ကလေးတွေကို ဒီလောက်ထိ အပြစ်ပေးဖို့ လိုသေးလို့လား?

j57

မည်သူ့ကိုမှ မရည်ရွယ် အပြစ်မတင်ပါဘူး.သိစေချင်ရုံ လေးပါရှင့်။ ကျွန်မခလေး ဒီနေ့ ကျောင်းကအပြန် အရိုက်ခံရလို့ ဆိုပြီး ဖုန်းဆက်လာတော့ ခလေးနှစ်ယောက်ရန်ဖြစ်လို့ ရိုက်ခံရတယ်ပြောပါတယ်။

j54

ဘယ်သူရိုက်တာလဲလို့မေးတော့ ဘုန်းကြီးက ဝါယာကြိုးနဲ့ရိုက်တာလို့ပြောပါတယ်။ ခလေးကို ရိုက်တာက ကျောပြင်ရယ် နံရိုးနားရယ် လည်ပင်းရယ် ရိုက်ထားတာပါ..

နံရိုးနားဆိုရိုက်ခံရလို့ သွေးတောင်ထွက်ပါတယ်။ ဆေးခန်းသွားပြမယ်ဆိုပြီး ခေါ်သွားတော့ ကျွန်မအမေတစ်ယောက်အနေနဲ့ လိုက်ခွင့်တောင်မပေးပါဘူး။

အကယ်၍ ဒီလိုရိုက်လို့ ခလေးသေသွားခဲ့ရင်ကော ဘယ်သူတာဝန်ယူမှာလဲရှင့်။ ခုလိုပဲ တောင်းပန်ရုံပဲပြီးသွားမှာလား..

အခုလို ပို့စ်တင်ရတာကလဲ မည်သူ့ကိုမှ အပြစ်တင်လို ဒုက္ခရောက်စေလိုတဲ့ ဆန္ဒမရှိပါဘူး။ ကျွန်မ ခလေးအတွက် ခံစားရလွန်းလို့ပါ။

နောက်လူတွေလဲ အခုလိုအဖြစ်မျိုးမခံစားရအောင်လို့ တင်ရခြင်းဖြစ်ပါတယ်ရှင့်..ကျွန်မတင်တဲ့ပို့စ် ကာယကံရှင် ခလေးရဲ့မိဘမို့လို့ တာဝန်ယူပါတယ်ရှင့်။

ကျွန်မခလေးက သီပေါမြို့ ရေဟော်ဘုန်းတော်ကြီး ပညာရေး စာသင်ကျောင်း မှာနေပါတယ်ရှင့်.

Ma Shan (လေးစားမှုဖြင့် ခရက်ဒစ်)

j55

j56

Ma Shan (လေးစားမှုဖြင့် ခရက်ဒစ်)

Facebook Comments

Comments are Closed

Theme by Anders Norén

856 Shares
Share856
Tweet
Share