Local News

လူသတ်ပြီး အလောင်းဖျောက်ဖျက်ကြတဲ့ မိသားစုကို ဖမ်းလိုက်ပြီ

13

လူသတ်ပြီး အလောင်းဖျောက်ဖျက်ကြတဲ့ မိသားစုကို ဖမ်းလိုက်ပြီ

13

က၀မြို့နယ်တွင် လူသတ်မှုကျူးလွန်ပြီး အလောင်းဖျောက်ဖျက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

၎-၈-၂၀၁၉ ရက်နေ့ နေ့လည် ၁၂၃၀ အချိန်ခန့် က၀မြို့နယ်၊ ကမ်းမြောင်ကျေးရွာအနီး ဆည်မချောင်း ကမ်းစပ်

သမန်းချုံပင်များအကြား ရေထဲတွင် အမျိုးသား အလောင်း (၁) လောင်း အား ကြိုးဖြင့် လက်နှစ်ဖက်အား ချည်ကာ ကျန်ကြိုးစတစ်ဖက်ကို ခြုံနှင့် ချည်ထားလျက်

ဦးခေါင်း ငယ်ထိပ် နှင့် နောက်စေ့ တို့တွင် ပေါက်ပြဲဒဏ်ရာတို့ဖြင့် တွေ့ရှိရမှုနှင့် ပတ်သက်၍ က၀မြို့မ ရဲစခန်းတွင်

ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုပေါ်ပေါက်ရေး အတွက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူး အမှုစစ်အဖွဲ့ ဖွဲ့စည်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

သေဆုံး သူ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းခဲ့ရာ ၅-၈-၂၀၁၉ ရက်နေ့တွင် သေဆုံးသူမှာ က၀မြို့ နယ်၊

12

အထုံကျေးရွာနေ ဦးခင်မောင်ကြည် (၄၆) နှစ်ဖြစ်ကြောင်း သိရှိခဲ့ရပါသည် ။သတင်းစုံစမ်းရေးအဖွဲ့မှ လိုက်လံစုံစမ်းခဲ့ရာ

သေဆုံးသူ၏ သမီးဖြစ်သူ မသက်မာခိုင် မှာ သေဆုံးသူ၏ အခင်းဖြစ်စဉ်ကာ စီးနင်းခဲ့သောဆိုင်ကယ်အား

အခင်းဖြစ်ပြီး နောက်နေ့ ၄-၈-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့၊ အမှတ် (၆)ရပ်ကွက်တွင် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

၁၀-၈-၂၀၁၉ ရက်နေ့တွင် အမှုစစ်အဖွဲ့ဖြစ်သည့် က၀မြို့မရဲစခန်းမှူး ဒုရဲမှူး ခိုင်သန်း နှင့် အဖွဲ့မှ မသက်မာခိုင်နှင့်

ခင်ပွန်းဖြစ်သူ ရန်နိုင်အောင် တို့အား အဖွဲ့များ ခွဲ၍ စစ်ဆေးရာ ၃-၈-၂၀၁၉ ရက်နေ့ ညနေ ၀၄၀၅ အချိန်ခန့်တွင် ၄င်းတို့ထံသို့ မိခင်ဖြစ်သူ ဒေါ်အမာကြည် ရောက်ရှိလာပြီး

13

ခင်ပွန်းဖြစ်သူ ဦးခင်မောင်ကြည်မှ ၄င်းအား အရှက်ခွဲ အနိုင်ကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်မှုများကြောင့် မိခင် ဖြစ်သူ၏

အကူအညီ တောင်းခံချက်အရ ဆိုင်ကယ်ဖြင့်လာသော ဦးခင်မောင်ကြည် အား ခရု ဘုရားနှင့် ကံဘဲ့ ကျေးရွာအကြားရှိ

ကြက်ရိုးရေချမ်းစင် အနီးတွင် ဒေါ်အမာကြည်၊ ရန်နိုင်အောင်၊ သမက်ဖြစ်သူ ၀က်ကြီး တို့မှ ပေါက်တူး၊ ၀ါးစိမ်းတုတ်၊ သစ်သားတုတ် တို့ဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့၍

ဦးခင်မောင်ကြည် မှာ သေဆုံးသွားခဲ့ကြောင်း၊ ရန်နိုင်အောင် နှင့် သက်မာခိုင် တို့မှ စက်လှေ အား သွားရောက်ဌားရမ်းခဲ့ပြီး

ဒေါ်အမာကြည်၊ ၀က်ကြီးတို့နှင့် ပူးပေါင်း၍ အလောင်းအား စက်လှေ၏ တွင် ကြိုးဖြင့် ချည်နှောင်ကာ ဆည်မချောင်း အတိုင်း ကမ်းမြောင် ကျေးရွာဘက်သို့ မောင်းနှင် လာခဲ့ပြီး

ဆည်မချောင်း ကမ်းစပ် သမန်းချုံပင်များအကြား ရေထဲတွင် နိုင်လွန်ကြိုးဖြင့်ချည်၍ အလောင်းအား စွန့်ပစ်ဖျောက်ဖျက်ခဲ့ကြောင်း၊

သေဆုံးသူ စီးနင်းခဲ့သည့် ဆိုင်ကယ်အား သက်မာခိုင်နှင့် ရန်နိုင်အောင် တို့မှ အမှတ်(၆)ရပ်ကွက်တွင် ပြန်လည် ရောင်းချခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည် ။

အမှုမှ သေဆုံးသူ ခင်မောင်ကြည် အား ၀ိုင်းဝန်းရိုက်နှက် သတ်ဖြတ်ကာ အလောင်းအား ရေထဲတွင်

12

စွန့်ပစ်ဖျောက်ဖျက်သူ တရားခံများဖြစ်သည့် ဒေါ်အမာကြည်၊ ရန်နိုင်အောင်၊ သက်မာခိုင် နှင့် ၀က်ကြီး တို့ (၄)ဦးအား

၁၀-၈-၂၀၁၉ ရက်နေ့တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒနှင့်အညီ အမြန် တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါ သည်။

Facebook Comments

Comments are Closed

Theme by Anders Norén

801 Shares
Share801
Tweet
Share