Local News, News

အိပ်ပျော်နေတဲ့အချိန်ဆိုရင် အကုန်သေပြီ

h39

မြေပြိုသည့်ဘေးမှ လွတ်မြောက်ခဲ့သည့် ကင်းတောင်ရွာသား ဦးချစ်ဝင်း “တရေးနိုးလာတဲ့အချိန်မှ တဝူးဝူးနဲ့ အသံကြားနေတယ်။ အစက မုန်တိုင်းထင်နေတာ။ ပင်လယ်နဲ့လည်း နီးတာကိုး။

h38

အဲဒါနဲ့ နားထောင်နေတုန်း ဘိန်းဘိန်း ဘိန်းဘိန်းနဲ့ အိမ်ခေါင်မိုးပြိုကျနေပြီ ခေါင်မိုးပြိုကျနေပြီဆိုပြီး ဘုရားခန်းထဲဝင်မီးဖွင့်တော့ အိမ်ထဲကို မြေတွေ ကျောက်တွေရောက်နေပြီဆိုတာသိရပြီး

အဲဒါမှ ကလေးတွေကို နှိုးပြီးထွက်ပြေးတာ။ ထွက်ပြေးတာ ဟိုမှာလဲ ဒီမှာလဲ နဲ့။ ထွက်ပြေးရင်းနဲ့မြေလည်းကျွံတယ်။ အကုန်လုံးလည်း လဲကြတယ်။ ရသလို သွန်ပြေးရတာ။ ည ၁ ချက်ထိုးပြီး ၁၀ မိနစ်ရှိနေပြီ။ ဘာမှသယ်ချိန်မရဘူး။

လူတောင်မနည်းပြေးရတာ။ အိမ်ထဲမှာကျန်တဲ့ ပစ္စည်းတွေအကုန်ဆုံး။ မြေတွေ ကျောက်တွေက အိမ်ထဲမှာ ဒူးလောက်ရှိသွားတယ်။ အိပ်ပျော်နေတဲ့အချိန်ဆိုရင် အကုန်သေပြီ”

(ရေဖြူမြို့နယ် သဲချောင်းကျေးရွာအုပ်စု ကင်းတောင်ရွာတွင်နေထိုင်သည့် ဦးချစ်ဝင်းအိမ်နံဘေးရှိတောင်မှာ သြဂုတ်လ ၉ ရက် မနက် ၁ နာရီဝန်းကျင်က ပြိုကျခဲ့သည်။

တောင်ပြိုကျချိန်တွင် ဦးချစ်ဝင်း နှင့်အတူ ဇနီးနှင့်ကလေး သုံးဦး နေအိမ်တွင်ရှိနေခဲ့သည်။ ဦးချစ်ဝင်းအိမ်ထဲရောက်နေသည့် မြေနှင့်ကျောက်များအား ရွာသားများက သြဂုတ်လ ၉ ရက်မနက်ပိုင်းတွင် ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြသည်)

h37

ပုံစာ – ဦးချစ်ဝင်းတို့ဇနီးမောင်နှံအား တောင်ပြိုရာမှ ကျလာသည့် ကျောက်တုံးတစ်လုံးနှင့်အတူတွေ့ရစဉ်။Dawei Watch

Facebook Comments

Comments are Closed

Theme by Anders Norén

2K Shares
Share2K
Tweet
Share