Local News, News

ရေနံချောင်းမြို့နယ် ကန်သာကျေးရွာကို လူ ၃၀၀ ကျော်က မင်းမဲ့စရိုက်ဆန်ဆန် လာရောက်ဖျက်ဆီး

cvv21

ရေနံချောင်းမြို့နယ် ကန်သာကျေးရွာကို လူ ၃၀၀ ကျော်က မင်းမဲ့စရိုက်ဆန်ဆန် လာရောက်ဖျက်ဆီး

cvv21

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျမ်းကိုင် ကျွန်းကျေးရွာအုပ်စုရှိ ကန်သာ ကျေးရွာကို ဇူလိုင် ၁၃ ရက် မွန်းလွဲတွင် ဖရဲကျွန်းကျေးရွာမှ လူ ၃၀၀ ကျော်က တုတ်၊ ဓားလက်နက်များဖြင့် လာရောက် ဖျက်ဆီးခဲ့ကြောင်း ကန်သာကျေး ရွာဒေသခံများက ပြောသည်။

အဆိုပါ လာရောက်ဖျက်ဆီး သည့် လူအုပ်စုသည် လေးခွများဖြင့် ပစ်ခတ်ခြင်း၊ အိမ်များကို ဓား၊လှံတို့ဖြင့် ခုတ်ထစ်ဖျက်ဆီးခြင်း များ ပြုလုပ်ရာ အိမ်နှစ်လုံး ပျက်စီးပြီး ကျေးရွာခြံစည်းရိုးရှိ သစ်ပင် များကို ခုတ်လှဲခဲ့ကြောင်း၊ ကျေးရွာလူထုသည် အသက်အန္တရာယ် စိုးရိမ်၍ တိမ်းရှောင်ခဲ့ရကြောင်းကန်သာကျေးရွာနေ ကိုဝင်းဦးက ပြောသည်။

‘‘နိုင်လိုမင်းထက်၊ မင်းမဲ့ စရိုက်ဆန်ဆန် ဝင်ရောက်ကျူး ကျော်ဖျက်ဆီးသွားကြတယ်။ ကလေးတွေရော သက်ကြီးရွယ် အိုတွေပါ ဘေးလွတ်ရာကို ပြေးခဲ့ရတယ်။ ရွာကိုတောင် မီးနဲ့ ရှို့မယ်လို့ပြောတယ်။

နေ့ခင်းကြောင် တောင်ကြီးတောင် ဒီလိုမျိုး ကြမ်းရမ်းသွားရင် ညပိုင်းမှာ နေဖို့၊ လုံခြုံစိတ်ချရဖို့ တော်တော်ခက်ခဲပါ တယ်’’ဟု ကန်သာကျေးရွာအနီး တွင် နေထိုင်သူ ဦးကျော်မြင့်က ပြောသည်။

cvv21

ယင်းကဲ့သို့ ပြုလုပ်ခြင်းကို ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် ကာကွယ်ရန် ခက်ခဲ ခြင်းကြောင့် နိုင်ငံတော်အစိုးရပိုင်း က ကျေးရွာသူ၊ ကျေးရွာသားများ ၏ အသက်အိုးအိမ်ကို ကူညီပံ့ပိုး ရန် တောင်းဆိုလိုကြောင်း ၎င်း က ဆိုသည်။

ဝင်ရောက်ဖျက်ဆီးနေခြင်းကို မြင်တွေ့သဖြင့် ဖုန်းဖြင့် မှတ်တမ်းတင်ရိုက်ကူးနေသူ ရွာသာညွန့်ကျေးရွာမှ ကိုအောင်ဇော်လင်းက ‘‘ကျွန်တော်က ကျွန်တော့် စိုက်ခင်းမှာ အလုပ်လုပ်နေ တုန်း ဆူညံသံတွေကြားလို့ သွားကြည့်တာ။ အနားမကပ်ရဲဘူး။ လူအယောက် ၃၀၀ ကျော်လောက်ရှိမယ်။

အိမ်တွေကို အော်ဟစ် ဖျက်ဆီးနေကြတာ။ အနီးနားက ကျွန်တော့်မိတ်ဆွေ အိမ်ပေါ်တက်ပြီး ကျွန်တော်ဖုန်းနဲ့ ခိုးရိုက်နေတာ မြင်သွားတော့ ကျွန်တော့်ဆီ ကို အယောက် ၅၀ လောက် ပြေး လာတယ်။ အိမ်ကို ဓားနဲ့ခုတ်၊လှံနဲ့ထိုး အိမ်ကိုမီးရှို့မယ်လည်း ပြောတယ်။

ကျွန်တော့်ကို သတ်ပစ်မယ်လည်း ပြောတယ်။ ကျွန် တော် ပုန်းမနေရဲတော့ဘူး။ အိမ် နောက်ခြံစည်းရိုးတွေကနေ ထွက်ပြေးခဲ့ရတယ်’’ဟု ၎င်းကြုံတွေ့ခဲ့ရ ပုံကို ပြောသည်။

cvv21

ယင်းသို့ ကျူးကျော်ဝင် ရောက်ဖျက်ဆီးခြင်းသည် ကန် သာကျေးရွာရှိ နေအိမ်များနှင့် စိုက်ခင်းများ ဖရဲကျွန်းကျေးရွာပိုင်မြေများကို ကျူးကျော်၍ ဖျက်ဆီးခြင်းဖြစ်သည်ဟု ဖရဲကျွန်းကျေးရွာလူထုထံမှ သိရှိရကြောင်း ရေနံချောင်း ဒေသခံတစ်ဦးက ပြောသည်။

‘‘လောလောဆယ် လာဖျက် ဆီးတဲ့အထဲက သူတို့သိတဲ့သူ၊ မြင်တဲ့သူကို စခန်းမှာလာပြီးတော့ အမှုဖွင့်ထားပါတယ်။ ပြီးတော့မှ စစ်ဆေးကြည့်ရင်းနဲ့ ပါဝင်တဲ့သူ တွေကို သိလာနိုင်မှာပါ’’ဟု ရေနံ ချောင်းမြို့မရဲစခန်း တာဝန်ရှိသူ က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွာသာညွန့်ကျေးရွာမှ ဦးညွန့်ဝင်း က ဝင်ရောက်ဖျက်ဆီးကြိမ်း မောင်းသူ ဦးသန်းထွန်းပါ ၁၅ ဦး ကို ဥပဒေအရ အရေးယူပေးရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၅၂၊ ၄၄၇၊ ၄၂၇၊ ၅၀၆၊ ၁၁၄ တို့ဖြင့် အမှုဖွင့်၍ ဆက်လက်ဆောင်ရွက် နေကြောင်း ရေနံချောင်းမြို့မ ရဲစခန်း တာဝန်ရှိသူက ပြောသည်။

အဆိုပါ ကျေးရွာများသည် ဧရာဝတီမြစ်ပေါ်ရှိ မြေနုကျွန်းပေါ် တွင် တည်ရှိသည့် ကျေးရွာများ ဖြစ်သည်။ ဧရာဝတီမြစ် ရေတက် ချိန်တွင် ရေဖုံးလွှမ်းပြီး မြစ်ရေကျ ချိန် ပြန်လည်ပေါ်ထွက်လာသည့် မြေနုကျွန်းသည် အသွင်သဏ္ဌာန် ပြောင်းလဲလေ့ရှိသဖြင့်

cvv21

ယင်းမြေ များ ပြန်လည်ခွဲဝေရာ၌ အခက် အခဲများရှိပြီး ပိုင်ဆိုင်မှု အငြင်းပွားခြင်းများ၊ ပဋိပက္ခဖြစ်ခြင်းများနှင့် ရင်ဆိုင်ရလေ့ရှိကြောင်း မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ တစ် နှစ်တာလုပ်ငန်းများ သတင်းစာ ရှင်းလင်းပွဲများတွင် တိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုက ထည့်သွင်း ပြောကြားလေ့ရှိသည်။

Facebook Comments

Comments are Closed

Theme by Anders Norén

588 Shares
Share588
Tweet
Share