International News, News

၁၈၇မိုင်ဝေးတဲ့ ဆေးရုံကို အမေနဲ့ ညီတင်ပြီး စက်ဘီးဖြင့်လိုက်ပို့ပေးတဲ့ အသက် ၁၃နှစ်အရွယ်ကောင်လေး

cvv17

၁၈၇မိုင်ဝေးတဲ့ ဆေးရုံကို အမေနဲ့ ညီတင်ပြီး စက်ဘီးဖြင့်လိုက်ပို့ပေးတဲ့ အသက် ၁၃နှစ်အရွယ်ကောင်လေး

cvv19

အ သက် ၁၃နှစ်အရွယ် Quyet Chien ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ ညီဖြစ်သူ ၂လသားအရွယ်ကလေး ဆေးရုံတင်ရမယ်လို့ သိတဲ့အခါ အမေနဲ့ ညီလေးကို စက်ဘီးနဲ့တင်ပြီး Hanoi မှာရှိတဲ့ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရပါတယ်။

ထိုအချိန်မှာ အဖေဖြစ်သူကလည်း အလုပ်ဖြင့်ခရီးသွားတာ ပြန်မရောက်တဲ့အပြင် ဆေးရုံနဲ့ Chien တို့သားမိနေတဲ့ Son La မြို့ဟာ ၁၈၇မိုင်လောင် ဝေးကွာပါတယ်။

လမ်းပန်းဆက်သွယ်ရေးလည်း အခက်အခဲရှိတာကြောင့် Chien ဟာ သူ့ရဲ့ ကျောင်းသွားရင်းစီးတဲ့ စက်ဘီးကို ဘရိတ်တွေ၊ လေတွေအကုန်စစ်ပြီး ညီဖြစ်သူနေပြန်ကောင်းဖို့ဇောနဲ့ ပြီးခဲ့တဲ့ ၂၆ရက်နေက အလွန်ဝေးကွာတဲ့ Hanoi မြို့ကို စက်ဘီးဖြင့် ခရီးနှင်ခဲ့ပါတယ်။

cvv18

Chien ဟာ မရပ်မနားဘဲ လမ်းတစ်လျှောက် နင်းလာတာ ၅နာရီလောက်ကြာတဲ့အခါမှာတော့ မိုင် ၆၀လောက်ဝေးတဲ့ Hoa Binh မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ကလေးဖြစ်တဲ့အပြင်

ဒီလောက်ဝေးလံတဲ့ ခရီးကို စက်ဘီးနဲ့ လာရတာကြောင့် သူ့ရဲ့ခြေထောက်တွေလည်း မခံမရပ်နိုင်အောင် ရောင်ရမ်းနာကျင်ပြီး အရမ်းကိုမောပန်းနေပါတယ်။

ဒါပေမဲ့ Chien တို့ သားမိတွေ ကံကောင်းသွားပါတယ်။ Hoa Binh မြို့မှာ Le Van Tuyen ဆိုတဲ့ စာနာစိတ်ရှိတဲ့ ကားမောင်းသမားနဲ့ တွေ့ပြီး Hanoi ဆေးရုံကို ကားနဲ့ လမ်းကြုံခေါ်တင်သွားခဲ့ပါတယ်။

ဆေးရုံကိုရောက်တဲ့အခါမှာတော့ ရဲတွေရဲ့ အကူအညီဖြင့် Chien ရဲ့ အဖေဖြစ်သူကိုဆက်သွယ်ခဲ့ပါတယ်။

cvv19

မိခင်ဖြစ်သူလည်း မျက်ရည်တွေကျပြီး သူရဲ့သားက ဒီလောက်ဝေးကွားတဲ့ ခရီးကို စက်ဘီးနင်းပြီး လိုက်ပို့ပေးတယ်ဆိုတဲ့အကြောင်း အခြားသူတွေကိုဝမ်းနည်းစွာပြောပြခဲ့ပါတယ်။

ကောင်လေးရဲ့ သတင်းကို ကြားတဲ့အခါမှာတော့ ဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေက မယုံနိုင်လောက်အောင် အံ့အားသင့်ခဲ့ရပါတယ်။

အဲ့ဒီနောက် ဆေးရုံကဆင်းတဲ့အခါ ဆရာဝန်တစ်ဦးက အကုန်ကျခံပြီး အိမ်တိုင်ရာရောက် ကားငှားပြီး ပြန်ပို့ဆောင်ပေးခဲ့ပါတယ်။

cvv18

Facebook Comments

Comments are Closed

Theme by Anders Norén

2 Shares
Share2
Tweet
Share