Local News, News

ဆရာသက္ကမိုးညိုကို AYA ဘဏ် ပြန်တောင်းပန်ပြီ

dh16

ဆရာသက္ကမိုးညိုကို AYA ဘဏ် ပြန်တောင်းပန်ပြီ

dh17

ဆရာသက္ကမိုးညိုကို AYA ဘဏ် ပြန်တောင်းပန်ပြီ။ ဗစ်တိုးရီးယားလေးအတွက် အလှူခံရန် ဖွင့်လှစ်ထားသော ဘဏ်အကောင့်ကို ပိတ်ခဲ့ခြင်းကြောင့် ဆရာသက္ကမိုးညိုကို AYA ဘဏ်က ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ယခုလို အကောင့်ကို ခေတ္တပိတ်ခဲ့ခြင်းကြောင့် AYA ဘဏ်ကို လူမှုကွန်ယက် သုံးစွဲသူ အများအပြားက ဝေဖန်ခဲ့ကြပါတယ်။ AYA ဘဏ်ရဲ့ တောင်းပန်စာ အပြည့်အစုံကို ဖော်ပြ လိုက်ပါတယ် ခင်ဗျာ- ကာယကံရှင် ဦးဝင်းကိုကိုသိန်းအား အနူးအညွတ်တောင်းပန်ခြင်း

လူကြီးမင်း၏ ငွေစာရင်းအား ယာယီဆိုင်းငံ့ရန် ငွေကြေးခဝါချမူ တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ညွှန်ကြားလာသည့်အတွက် ၁၁–၇-၂၀၁၉ ရက်နေ့တွင် အချိန်(၄)နာရီခန့် ခေတ္တ ရပ်ဆိုင်းမှု ဖြစ်ပေါ်ခဲ့ရပါသည်။

ယင်းကိစ္စအား အလေးထား၍ ဧရာဝတီဘဏ်အုပ်ချုပ်မူအဖွဲ့မှ ဘဏ်၏လုပ်ထုံးလုပ်နည်းများကို ပြန်လည် စိစစ် ဆွေးနွေး တိုင်ပင်၍ ယုံကြည်စွာအပ်နှံသော ငွေစာရင်းပိုင်ရှင်အား ဝန်ဆောင်မူ ဆက်လက် ပေးသွားရန် ဆုံးဖြတ်ပြီး နာရီပိုင်းအတွင်း ဝန်ဆောင်မူများကို ပုံမှန်အတိုင်း ပြန်လည်ရရှိခဲ့ပါသည်။

ဤသို့ ဖြစ်ပေါ်ခဲ့သည့် အခိုက်အတန့်အတွင်း လူကြီးမင်းနှင့် အလှူရှင်များ စိတ်အနှောင့်အယှက် နှင့် အဆင်မပြေမူများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် မိမိတို့ ဧရာဝတီဘဏ် အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။ ထပ်မံ၍လည်း အနူးအညွတ် တောင်းပန်အပ်ပါသည်။

mnm1

အုပ်ချုပ်မှုအဖွဲ့၊ ဧရာဝတီဘဏ်၊ ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် (လေးစားမှုဖြင့် ခရက်ဒစ်)

Facebook Comments

Comments are Closed

Powered by K MEDIA

726 Shares
Share726
Tweet
Share