Local News, News

နေပြည်တော် လွှတ်တော်ကိုယ်စားလှယ်အဆောင်တွင် ရွှေထည်ပစ္စည်းများ ခိုးယူခံရ

dh15

နေပြည်တော် လွှတ်တော်ကိုယ်စားလှယ်အဆောင်တွင် ရွှေထည်ပစ္စည်းများ ခိုးယူခံရ

dh15

နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်ရာ စည်ပင်ဧည့်ရိပ်သာ ၂ ဝန်းအတွင်းမှာ ဇူလိုင် ၁၀ ရက် ညအစောပိုင်းက ကျပ် ၁၀၄ သိန်း ဖိုးလောက်ရှိတဲ့ ရွှေထည် ပစ္စည်းတွေ ခိုးယူခံလိုက်ရပါတယ်။

စည်ပင်ဧည့်ရိပ်သာနေ လွှတ်တော်ကိုယ်စားလှယ်တဦးက “မနေ့ ည ၇ နာရီလောက်က ဖြစ်တာလို့ကြားတာပဲ။

ကိုယ်စားလှယ်ရဲ့ အမျိုးသမီး ရေချိုးခန်းဝင်တော့ ကုတင်ပေါ်ချွတ်ထားတာ ၁၀ မိနစ်လောက် အကြာပေါ့။ ပြန်အထွက် မရှိတော့တာ” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေထည်တွေခိုးယူခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမျိုးသမီးက ရာဇသတ်ကြီး ပုဒ်မ ၃၈၀ နဲ့ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

အခိုးခံလိုက်ရတဲ့ ရွှေထည်တွေကတော့ စိန်လက်ကောက် ၁ ကွင်း၊ စိန်လက်စွပ် ၂ ကွင်း၊ ငါးမူးသားလောက်ရှိတဲ့ ပိုက်ပွလက်ကောက် ၉ ကွင်းနဲ့ ရွှေခြေချင်း ၁ ကွင်း ဖြစ်ပြီးတော့ ကာလ တန်ဖိုး ကျပ် ၁၀၄ သိန်း တန်ဖိုးရှိတယ်လို့ တိုင်ကြားထားတဲ့ စာရင်းတွေအရ သိရပါတယ်။

dh15

လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်တဲ့ စည်ပင် ဧည်ရိပ်သာဟာ အပြင်လူ ဝင်မယ်ဆိုရင် ဂိတ်ပေါက် ၂ ခုလုံးမှာ စစ်ဆေးခံရပြီးမှ ၀င်ခွင့်ရရှိတဲ့ နေရာဖြစ်ပါတယ်။

Facebook Comments

Comments are Closed

Powered by K MEDIA

858 Shares
Share858
Tweet
Share