Local News, News

မြန်မာနိုင်ငံမှာ H1N1 ကြောင့် သေဆုံးသူ ၄၁ ဦး အထိ ရှိလာပြီ

dh12

မြန်မာနိုင်ငံမှာ H1N1 ကြောင့် သေဆုံးသူ ၄၁ ဦး အထိ ရှိလာပြီ

dh13

ရာသီတုပ်ကွေး ရောဂါ H1N1 ကြောင့် ဇူလိုင် ၁၁ ရက် ဒီနေ့အထိ သေဆုံးသူ ၄၁ ဦး ရှိသွားပြီ လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လိုက် ပါတယ်။

ရောဂါပိုး သံသယ ရှိလို့ ဓာတ်ခွဲ စစ်ဆေးသူ ၅၅၅ ဦးမှာ ပိုးတွေ့ရှိသူ ၂၀၇ ဦး ဖြစ်ပြီး အဲဒီထဲက ၄၁ ဦး သေဆုံးတာ ဖြစ်ပါတယ်။

သေဆုံးသူတွေ ထဲမှာ ရန်ကုန်တိုင်းက ၃၃ ဦး၊ ဧရာဝတီတိုင်းက ၃ ဦး၊ ပဲခူးတိုင်း နှင့် စစ်ကိုင်းတိုင်းက ၂ ဦးစီ နဲ့ မွန်ပြည်နယ်က ၁ ဦး တို့ ဖြစ်ပါတယ်။

H1N1 ကြောင့် သေဆုံးသူသည် ဆက်တိုက် မြင့်တက် နေပြီး ဇူလိုင်လ ၁၁ ရက် ဒီ တနေ့တည်း မှာပင် ၄ ဦး ရှိနေ တာပါ။

ရန်ကုန်တိုင်းမှာဆို ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ လှိုင်သာယာမြို့နယ်တွေမှာ ၄ ဦးစီ၊ သာကေတ၊ မှော်ဘီမြို့နယ်မှာ ၃ဦးစီ၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ ရန်ကင်းနဲ့ စမ်းချောင်းမြို့နယ်တွေမှာ ၂ ဦးစီ တို့ ဖြစ်ပြီး

ကွမ်းခြံကုန်း၊ ကော့မှူး၊ အလုံ၊ သုံးဂွ၊ လှိုင်၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ဆိတ်ကြီးခနောင်တို၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ သင်္ကန်းကျွန်းမြို့နယ်တွေမှာ ၁ ဦးစီ သေဆုံး ခဲ့တာ ဖြစ်ပါတယ်။

H1N1 ရောဂါအဖြစ် အများဆုံးကတော့ အသက် ၁၅ နှစ်ကနေ ၆၅ နှစ် အထိ အဖြစ် များတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထံနေ သိရပါတယ်။

dh14

( မွန်ပြည်နယ် မော်လမြိုင်မြို့မှာ H1N1 ရောဂါ ကြိုတင် ကာကွယ်နိုင်ရန် နှာခေါင်းစည်းတွေကို လိုက်လံဝေငှနေတာကို ၂၀၁၇ ခုနှစ်ကတွေ့ရစဉ် )

Facebook Comments

778 Shares

Comments are Closed

Theme by Anders Norén

778 Shares
Share778
Tweet
Share