Health, Life Style

ဒီလိုဆီတွေနဲ့ စားသောက်ကုန် ထုတ်မှတော့ ဆေးရုံတွေ ချမ်းသာပြီပေါ့ဗျ

dh8

ဒီလိုဆီတွေနဲ့ စားသောက်ကုန် ထုတ်မှတော့ ဆေးရုံတွေ ချမ်းသာပြီပေါ့ဗျ

dh9

ဒီလိုဆီတွေနဲ့ စားသောက်ကုန် ထုတ်မှတော့ ဆေးရုံတွေထောပြီပေါ့ဗျာ …. ကိုယ်တိုင်တွေ့တော့ အရမ်းအံ့သြသွားတယ် ရိုးရိုးစားအုံးဆီလောက်ပဲ လုပ်ကြတယ်ထင်တာ အခုတော့ဆီက ပလတ်စတစ်နဲ့ပတ်ထားတဲ့ အခဲကြီးဗျာ ကြော်ပြီးစင်တဲ့ ဟာတောင် ပြန်ခဲသွားတယ်။

ဆီအုန်းသီး ရဲ့ အပြင် အမျှင်တွေကို ပေါင်းခံကျိတ်ခွဲလျှင် စားအုန်းဆီ(Crude Oil) ကို သန့်စင်ပြီးရင် ၃ မျိုး ၃ စား ထွက်ပါ တယ်

(၁) စားအုန်းဆီသန့်
(၂) အခဲ Shotening (လွယ်လွယ်ခေါ် အဆီခဲ) လို့ခေါ်ပြီး သူ့ကို -3°Cမှာ ၂၄ နာရီကြာ ခဲ ပြီးမှ စျေးကွက်ကို ထုတ်ရောင်းတယ် ။ အဲ့အခဲကို မာဂျရင်း / ဒိုးနတ် / ကိတ်မုန့်အပေါ်မှ ခရင်/ ထောပတ် / အကြော်ခံဆီ အနေနဲ့ အသုံးပြုကြပါတယ်။

များသောအားဖြင့် လမ်းမတော် /သိမ်ကြီးစျေးနားက ထောပတ်ဆိုင်တွေ အသုံးများပါတယ်။ စျေးချိုတဲ့ ထောပတ်ဖြစ်ဖို့ ပုံထဲကို shotening အနှစ်တွေ ပိုက်အပူကနေ တိုက်ရိုက်ထည့်ပြီးရင် ဓာတု ထောပတ်နံ့ အရည် နဲ့ရော ပုံးထ ဲ၃ ရက် ထားပြီးနောက် အသင့်စားထောပတ်အဖြစ် စျေးကွက်ကို ထုတ်ရောင်းပါတယ်။

dh11

ယခု မြင်နေရတဲ့ shotening က စားသုံသူတွေအတွက် အလွန်အန္တရာယ် ဖြစ်စေတဲ့ အရာတစ်ခုပါပဲ။ ဘာ့ကြောင့်လဲမေးရင် အစာအစာထဲပါသွားတဲ့ ယခုကဲသို့သော ဆီခဲအသွင်ပြောင်း မုန့်တွေကိုစားသောက်ပြီးရင်တော့ ထိုအဆီတွေကိုခန္ဓာကိုယ် ပုံမှန်အပူချိန်က မပျော်စေနိုင်လို့ပဲဖြစ်ပါတယ်။ ယခု အဆီခဲတွေကိုစတင် ပျော်ဖို့ဆိုရင် 108°F လိုအပ်ပါတယ်။

လူတစ်ယောက်ရဲ့ ပုံမှန်ကိုယ်အပူချိန်က 98 F° မှ အများဆုံး 100°F ပဲရှိပါတယ် ။ ဖျားနာတဲ့လူတစ်ယောက်ရဲ့ အပူချိန်ဟာ များသောအား 108°F ရှိမယ်ဆိုရင် ကဲ ဒီအဆီတွေပျော်ဖို့ ဖျားနာမှပျော်ပါလိမ့်မယ်။

ဒါကြောင့် အထက်ပါအစားအသောက်များ အလွန်အမင်းစားသုံးသူတွေဟာ အဝလွန်ခြင်း/ အဆီပိတ်ခြင်း/ အသည်း အဆီဖုံးခြင်း/ နုလုံးသွေးကြောပိတ်ခြင်း စတဲ့ ရောဂါတွေ ခံစားရနိုင်ပါတယ်။

နောက်ဆုံး ကျန်တဲ့အမျိုးအစား ဆီခဲကြမ်းကတော့ ဆပ်ပြာလုပ်တဲ့ နေရာမှာသုံးပါတယ်။ ဒါဆိုဆီအုန်းသီးရဲ့ အတွင်းက အစေ့ကို ပေါင်းခံကျိတ်ခွဲတဲ့အခါ စျေးကွက်ထဲမှာသုံးနေတဲ့ အလှကုန်အမျိုးမျိုးမှာ လဲ ပါဝင်တဲ့ Glycerine ( အလှဆီ ) အနေနဲ့ အသုံးပြုပါတယ်။

( IC Major ဖြင့် စာတမ်းတင်ခဲ့သည်ထဲမှ အနည်းငယ်ပြန်လည်မျှဝေပါသည်။ )
Moon Dokomo အား ခရက်ဒစ် ပေးပါသည်။

dh9

Facebook Comments

Comments are Closed

Powered by K MEDIA

837 Shares
Share837
Tweet
Share