Local News, News

ဒေါ်အောင်ဆန်းစုကြည်ကို တသက်လုံး သစ္စာမဖောက်ဘူးလို့ ပြောလိုက်တဲ့ ဆရာသက္ကမိုးညို

dh6

ဒေါ်အောင်ဆန်းစုကြည်ကို တသက်လုံး သစ္စာမဖောက်ဘူးလို့ ပြောလိုက်တဲ့ ဆရာသက္ကမိုးညို

dh7

အခု ဖြစ်ပျက် နေသမျှကို ပြန်ကြည့်လိုက်ရင် တရားဥပဒေ စိုးမိုးရေး အားနည်းမှု၊ အဖွဲ့အစည်းတွေ စွမ်းဆောင်ရည် မပြည့် ၀မှု၊ ခေတ်ဟောင်းက လုပ်ပုံကိုင်ပုံတွေကို ဖက်တွယ် ထားမှုတွေကို မြင်နေရပါတယ်။

သက်ငယ်မုဒိမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ယုံကြည်ရတဲ့ မူကြိုကျောင်းဟာ တရားဝင် ဖွင့်ခွင့် လိုင်စင် မကျပဲ ဖွင့်နေခဲ့တယ်။

အခင်းဖြစ်ပွားတယ်လို့ ယူဆနိုင်တဲ့ နေရာ ကျဉ်းမြောင်းလွန်းတာတောင်မှ အဆင့်ဆင့် စစ်ဆေးပြီး နိုင်ငံတော် သမ္မတက အထိ မပေါ်ပေါ်အောင် ဖေါ်ဖို့ ညွှန်ကြားချက်ပေး ၀င်ပါနေရတယ်။

ဒါတွေ ဘာလို့ ဖြစ်နေရသလဲ ပြန်ကြည့်တော့ အုပ်ချုပ်ရေး ယန္တရားဟာ အများဝေဖန်နေကြသလို အစိုးရ နှစ်ရပ်များ ဖြစ်နေမလား။

ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းပေး ခန့်အပ်တဲ့ ပြည်ထဲရေး ၀န်ကြီးဌာနသည် သာမန်ရိုးရိုး သက်ငယ်မုဒိမ်းမှုလောက်ကို သမ္မတလောက်က စောင့်ကြည့် အကဲခတ်နေမှ အလုပ်ဖြစ်တာလား၊ ဒါတွေက မေးခွန်း တွေပါ။ စွပ်စွဲချက် မဟုတ်ပါ။ (ကြောက်လို့ပါ၊ ဟဲ)

ဒီတော့ အဆင့်ဆင့် ပြန်ပြီး နောက်ကြောင်း လိုက်ကြည့်ရင် ဒီလို ဖြစ်စေဖို့ ဦးတည်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အချုပ် ဖြစ်နေတာပါ။

ဒါဟာ ငြင်းစရာ မရှိပါဘူး။ ဟိုနေ့က ကျွန်တော် တင်လိုက်တဲ့ ခေါင်မိုး ပြင်နေလို့ ထမင်း မချက်ရဘူးလားဆိုတာကို နာသူက နာကြတယ်။

mnm1

ကျွန်တော်သည် ခေါင်မိုးပြင်ရေးကို တသက်လုံး ထောက်ခံခဲ့သူပါ။ ကျွန်တော့် Timeline ထဲကို ၀င်ကြည့်ရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သည် ပြင်ကို ပြင်ရမယ့် အရေးကြီး ကိစ္စ တခု ဖြစ် ကြောင်း အမြဲထောက်ခံခဲ့တာ တွေ့မှာပါ။ (ရိုက်ရှာလို့ ရပါတယ်)

တဖက်က ကျွန်တော် ထမင်းချက်နေတာသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်တဲ့သူကိုတွေ ကန့်လန့် တိုက်နေတာ မဟုတ်ပါ။ ပြည်သူတွေကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ကို ပြင်ရမယ် ဆိုတဲ့ အသိ ရှိကို ရှိနေရမှာပါ။

တလုံးသော မျက်စိက တခြားအလုပ်လုပ်နေရင်တောင် ကျန်မျက်စိ တလုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို မမှိတ်မသုန် ကြည့်နေရမှာပါ

ဗစ်တိုးရီးယားလေးကို ၀န်းရံတာနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဖယ်ထားစရာ မလိုပါဘူး။ နှစ်ခုစလုံးသည် ခရီးတခုထဲပါ။ ရေရှည်နဲ့ ရေတိုကွာတာပဲ ရှိပါတယ်။

ရေတို တရားဥပဒေ စိုးမိုးရေးကို တိုက်ပွဲဝင်ရမှာ ဖြစ်သလို ရေရှည် (ပြဿနာအားလုံးရဲ့ အရင်းအမြစ်) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကိုလည်း အားထုတ်ရမှာပါ။

ကျွန်တော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ကိုယ်ပါ၀င်လို့ရတဲ့ တထောင့်တနေရာက အမြဲ ပါ၀င် အားပေးနေမှာပါ။

ကျွန်တော် တသက်လုံး မလုပ်ဘူးလို့ အာမခံနိုင်တာ တခု ရှိပါတယ်။ ဒါကတော့ အမေ့ကို သစ္စာဖောက်ဖို့ဆိုတာပါပဲ။ ဘယ်တော့မှ မလုပ်ပါ။
သက္ကမိုးညို (လေးစားမှုဖြင့် ခရက်ဒစ်)

bu6

Facebook Comments

Comments are Closed

Powered by K MEDIA

1K Shares
Share1K
Tweet
Share