Local News, News

မြန်မာကျပ်ငွေ သည် စင်ကာပူဒေါ်လာပြီးနောက် ဒုတိယမြောက် ကမ္ဘာ့အဆင့်မီ ငွေကြေး ဖြစ်လာတော့မည်

bu16

မြန်မာ ကျပ်ငွေတန်ဖိုးမာစေရန် ဆွစ်ဇာလန်၌ ရွှေပေါင်ထားမည်။ ကမ္ဘာ့ငွေကြေးစျေးကွက်သို့ တဆင့်တက်လှမ်းနိုင်ရန်ပြည်သူ့အစိုးရ၏ခြေလှမ်းတရပ်အနေဖြင့် အဆိုပါအစီအစဉ်အား အစောလျင်ဆုံးစတင်မည်ဟု ယနေ့ထုတ် Blombard အွန်လိုင်းဒီဂျစ်တယ်စီးပွားရေးသတင်း၌ အသားပေးဖော်ပြခဲ့သည်။

bu16

MMK ဟု Country Code ရယူထားသော မြန်မာငွေသည် ၁၉၆၂တော်လှန်ရေးကောင်စီ အစိုးရတက်လာပြီး ပြည်သူပိုင်သိမ်းရာမှ ဆွစ်ဇာလန်ရှိ ဘဏ်များမှရွှေပေါင်များအား ပြန်လည်ထုတ်ယူခဲ့သည်။

ယခုအခါ အစိုးရရွှေလုပ်ကွက်များမှ မက်ထရစ်တန်ချိန် တရာရှိသော သန့်စင်ပြီး ၉၉့၉ ရွှေများအား ဆွစ်ဇာလန်ရှိ အကြီးဆုံးဘဏ်UBS ၌အပေါင်ခံထား၍နိုင်ငံတကာစည်းမျဉ်းဥပဒေအတိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေကြေးသုံးစွဲမည်ဖြစ်သည်။

ထို့အပြင် ငွေစက္ကူရိုက်နှိပ်မှုအား လုံခြုံစိတ်ချရသည့် ဆွစ်ပရင့် အန်မ် အော့်ဆက်မှ တာဝန်ယူရိုက်နှိပ်မည်ဖြစ်သည်။ မြန်မာကျပ်ငွေMMK သည် စင်ကာပူဒေါ်လာပြီးနောက် ဒုတိယမြောက် ကမ္ဘာ့အဆင့်မီ ငွေကြေး ဖြစ်လာတော့မည်ဖြစ်သည်။

bu16

Facebook Comments

Comments are Closed

Powered by K MEDIA

466 Shares
Share466
Tweet
Share