Local News, News

AYA Bank မှသမီးလေး Victoria အတွက် Fund Raising လုပ်နေတဲ့ ဆိုင်းငံ့ခဲ့သော ငွေစာရင်းနှင့် ပတ်သက်၍ အများပြည်သူသို့ ရှင်းလင်းပြီ

bu12

AYA Bank မှသမီးလေး Victoria အတွက် Fund Raising လုပ်နေတဲ့ ဆိုင်းငံ့ခဲ့သော ငွေစာရင်းနှင့် ပတ်သက်၍ အများပြည်သူသို့ ရှင်းလင်းပြီ

bu8

(၁၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ယာယီဝန်ဆောင်မှု ဆိုင်းငံ့ခဲ့သော ငွေစာရင်းနှင့် ပတ်သက်၍ အများပြည်သူသို့ ရှင်းလင်း တင်ပြခြင်း။

ယနေ့ဖြစ်ပေါ်ခဲ့သော ငွေစာရင်းအား ယာယီဆိုင်းငံ့ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ညွှန်ကြားလာသည့်အတွက် ဝန်ဆောင်မှု ယာယီဆိုင်းငံ့ခဲ့ရပါသည်။

ယင်းကိစ္စအပေါ် အထူးအလေးထား၍ ဧရာဝတီဘဏ် အုပ်ချုပ်မူအဖွဲ့မှ ဘဏ်၏ လုပ်ထုံးလုပ်နည်းများကို ပြန်လည်စိစစ် ဆွေးနွေးတိုင်ပင်ပြီး သက်ဆိုင်ရာမှ တရားဝင်စာဖြင့် ညွှန်ကြားချက်မပြုမချင်း ယုံကြည်စွာအပ်နှံထားသော ငွေစာရင်းပိုင်ရှင်အား ဝန်ဆောင်မှု ဆက်လက်ပေးသွားရန် ဆုံးဖြတ်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါကြောင်း အသိပေးအပ်ပါသည်။

ထို့အပြင် လူကြီးမင်းတို့ ယုံကြည်စွာအပ်နံှထားသောငွေများ ဆုံးရှူံးမှုမရှိစေရေးအတွက် မိမိတို့ ဧရာဝတီဘဏ်အနေဖြင့် အပြည့်အ၀ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

အများပြည်သူများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ပေါ်မှု၊ စိုးရိမ်ပူပန်ရမှုများ ကြားသိရသည့်အတွက် မိမိတို့ ဧရာဝတီဘဏ်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။

bu7

သတင်းထုတ်ပြန်ရေးကော်မတီ
ဧရာဝတီဘဏ်
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်။

Facebook Comments

Comments are Closed

Powered by K MEDIA

156 Shares
Share156
Tweet
Share