Local News, News

ဆရာသက္ကမိုးညို ပြောပြတဲ့ ဗစ်တိုးရီးယားလေး ဖြစ်စဉ်အသေးစိတ်နှင့် ဆောင်ရွက်ခဲ့မှုများ

bu6

ဆရာသက္ကမိုးညို ပြောပြတဲ့ ဗစ်တိုးရီးယားလေး ဖြစ်စဉ်အသေးစိတ်နှင့် ဆောင်ရွက်ခဲ့မှုများ

tk21

ဗစ်တိုးရီးယားအမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်းကို ဇူလိုင် ၁၀ ရက်မှာ ပျဉ်းမနားမြို့နယ်ရဲစခန်းက အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၄(ဃ) နဲ့ အမှုဖွင့်ပြီး ငွေကျပ်သိန်း ၁၀၀ နဲ့ အာမခံပေး ထားပါတယ်။

ဒီလိုအမှုဖွင့်ခံထားရတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်း ဒီဗွီဘီက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

တွေ့ဆုံမေးမြန်းချက် အပြည့်အစုံ
ပျဉ်းမနားမြို့မ ရဲစခန်းမှာ အီလက်ထရောနစ် ဥပဒေ ပုဒ်မ၃၄(ဃ)နဲ့ တရားစွဲဆိုခံခဲ့ရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုခံစားချက်ရှိလဲ။ ဘယ်လိုအမြင်ရှိလဲ။

“ဘယ်လိုခံစားချက်ရှိလဲဆိုတော့ ကျနော်ကတော့ ဓမ္မနဲ့ အဓမ္မပေါ့၊ သူတို့ကလည်း သူတို့ကိုယ်သူတို့ ဓမ္မလို့ ထင်ကောင်းထင်လိမ့်မယ်။ ကျနော်ကလည်း ကျနော့်ကိုယ်ကျနော် ဓမ္မလို့ထင်တယ်။ ဘယ်ဟာတွေ ဓမ္မဟုတ်ဖို့ဆိုတာကတော့ သူတို့လည်း ဆုံးဖြတ်ခွင့်မရှိဘူး။ ကျနော်လည်းဆုံးဖြတ်ခွင့်မရှိဘူး။ သမိုင်းကပဲ ဆုံးဖြတ်သွားပါလိမ့်မယ်။”

ဒီကလေးကိစ္စမှာ ဆရာအခုလိုပါဝင်လာဖြစ်ပုံလေးကို ပြောပြပါဦးဗျာ။
“ပါဝင်လာခဲ့ပုံကတော့ကျနော်ကခရီးသွားတာ။ အမှန်အားဖြင့်ကျနော်သည် FACEBOOK ပေါ်မှာပဲ စာရေးတဲ့သာမန်အသုံးပြုသူတဦးပါ။ ဒါနဲ့ ဘယ်လိုဖြစ်လဲဆိုတော့ ဖြစ်ပွားတဲ့နေရာကျောင်းသည် ကျနော့်သမီးလေးပါထားခဲ့တဲ့ ကျောင်းဖြစ်နေတယ်။

အခန့်မသင့်ရင် ကျနော့်သမီးလေးလည်းဖြစ်သွားနိုင်တယ်။ အဲတော့ နေပြည်တော်မှာဖြစ်တယ်။ ကျနော့်သမီးထားတဲ့ကျောင်းမှာ ဖြစ်တယ်။ ဟုတ်ချင်မှလည်းဟုတ်မယ်၊ ဟုတ်ချင်လည်း ဟုတ်မယ်။

th1

ကံကောင်းချင်တော့ ကလေးဖခင်ကလည်း ကျနော်က သူ့ကိုမဆက်သွယ်ခင်မှာ သူသည် လူ ၃ ယောက်ကို ဆက်သွယ်ထားခဲ့တယ်။ သူဆက်သွယ်ရတဲ့အကြောင်းအရင်းက တခုထဲပဲ။ သူ့ကို ကိုယ်ချင်းစာနိုင်မယ်ထင်လို့၊ ကျနော်တို့ ၃ ယောက်လုံးမှာ သမီးလေး တယောက်စီရှိတယ်။

အဲတော့ အဆင်သင့်ချင်တော့ ကျနော်ကလည်းနေပြည်တော်၊ သူကလည်း နေပြည်တော်၊ သူဆက်သွယ်ထားခဲ့တာ ကျနော်က မမြင်ဘူး။ ဒါပေမယ့်ကျနော်က သွားပြီးတော့ ပြောလိုက်တယ်။ ကျနော်ဒီကလေးအဖေနဲ့တွေ့ချင်ပါတယ်ဆိုပြီး သူကနေပြီးတော့ ပြန်ချိတ်ပေးတယ်။

ဒီနေရာကနေစပြီးခါမှ ကျနော်ကလေးအဖေကို ဖုန်းဆက်ဖြစ်တယ်။ ဖုန်းဆက်ပြီးတော့ နှစ်ယောက်သားတွေ့ကြတယ်။ အဖြစ်အပျက်ကို ပြောတယ်။ ပြောပြီးတော့မှ ကျနော်အဖြစ်အပျက်ကို မှတ်တမ်းယူထားလိုက်တယ်။ မတင်သေးပါဘူး။

ဘာလို့လဲဆိုတော့ ဒီအမှုကို CID က ကိုင်နေပြီလို့သိတဲ့အတွက်ကြောင့်၊ CID က ကိုင်နေတဲ့အချိန်မှာ ကျနော်သည် CIDရဲ့လုပ်ငန်းတွေကို ဝင်ရောက်မရှုပ်ချင်ပါဘူး။ ဒါပေမယ့် facebook ပေါ်က ဦးပညာရဲ့ အစ်မလို့ခေါ်မယ့်တယောက်ပေါ့နော်။

သူကနေပြီးတော့မှ သူတို့ကိုလုပ်တဲ့သူကို ခွင့်မလွှတ်ဘူး ဆိုတဲ့ပုံစံနဲ့ ပို့စ်တခုတင်တယ်။ ပို့စ်တခုတင်တော့ သူပို့စ်တင်တာကို ကျနော်က ရှဲလိုက်တယ်။ ကျနော်စောင့်ကြည့်နေပါတယ်ဆိုပြီး၊ အဲတော့ ကျနော်စောင့်ကြည့်နေပါတယ်ဆိုတဲ့ ကိစ္စကိုသူက ဘယ်လိုမြင်သွားသလဲမသိ ကျနော့်ကိုလာပြီးတော့ ဒီလိုမျိုးအခြေချကော့မန့်တွေပြီးတော့ ကျနော်က မခိုင်သဇင်ကိုလည်း မက်ဆေ့ပို့လိုက်တယ်။

အစ်မရဲ့ယောက္ခမနေပြီးတော့ ကျနော့်ကိုဒီလိုပြောနေပြီ။ ကျနော်အဆင်မပြေဘူး။ ကျနော့်မက်ဆေ့ကို ဝင်မဖတ်ဘူး။ အဲတော့ကျနော်နောက်ထပ်ပို့စ်တခု တက်ရေးတယ်။ ကျနော်တကယ်ပဲရေးရမှာလား။ အဲဒီမှာ သူကလည်း ဆက်ပြီး မဆုံးနိုင်၊မဆုံးနိုင်ပေါ့။

th

အဲဒီမှာ ကျနော်ကလည်း ကြားမိသမျှ wisdom Hill အကြောင်း အပိုင်း၁၊ အပိုင်း၂၊ အပိုင်း ၃၊ ၄ စပြီးရေးတယ်။ ၆ အထိရေးခဲ့တာပေါ့နော်။ တရက်စီတရက်စီ၊ အဲဒီမှာ လူတွေကလည်း ဘာပဲပြောပြော ဒီသမီးလေးကို စိတ်ဝင်စားလာကြတယ်။ အဖြစ်အပျက်လေးကို စိတ်ဝင်စားလာကြတယ်။ ဇာတ်လမ်းဇာတ်ကွက်လေးသဘောမျိုးဖြစ်သွားတယ်။ အဲဒီကစပြီး ကျနော်က ဒီထဲကိုဝင်ပါလာခဲ့တာပေါ့။ ”

အခုလို ဝင်ပါမိတဲ့အခါမှာ အခုလိုလျှောက်နေတဲ့အချိန်မှာ ဘာတွေလုပ်နေကြလဲ၊ ဘယ်လို အခက်အခဲတွေများရှိလဲ။

“ကျနော်နဲ့ ကလေးဖခင်နဲ့ဟာ အမြဲတမ်းတွေးကြတယ်၊ တောကြတယ်။ ကျနော်တို့ ပြဿနာက ဘာဆက်လုပ်ရမလဲဆိုတဲ့ပြဿနာ၊ ဆိုတော့ ကျနော်တို့သည် တတောင်ပြီး တတောင် ကျော်နေရသလိုဖြစ်နေတယ်။

ပထမဆုံး ကလေးအဖေကျော်ခဲ့ရတဲ့ တောင်သည် သူနဲ့ အမှတ် ၁ မြို့မရဲစခန်း၊ အဲဆိုတော့ ကျနော့်နဲ့လည်းမတွေ့သေးဘူး။ သူသွားတဲ့လာတဲ့နေရာမှာ အခက်အခဲတွေတွေ့ခဲ့ရတယ်။ ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေရှိတယ်။ တပိုင်းပေါ့။

နောက်တပိုင်းက ကျနော်နဲ့ CID လို့ပြောရမှာပေါ့။ ဟိုဟာ စစ်ဆေးမှုက ပြောင်းသွားတော့ ကျနော်နဲ့ CID အပိုင်း၊ ဒီအပိုင်းကျနော်တင်တယ်၊ တင်တယ်။ လူထုရဲ့ စိတ်ဝင်စားမှုရတယ်။ လူထုရဲ့ထောက်ခံမှုရတယ်ဆိုပေမယ့်လည်း တကယ်တမ်းမြင်သာသော ရလဒ်က ဒီဖက်မှာ ထွက်မလာဘူး။

ဘာလို့လဲဆိုတော့ မြင်သာသောရလဒ်ဆိုတာက တရားခံစွဲထုတ်ပြနိုင်တယ် ဆိုတာက မြင်သာသောရလဒ်ကို၊ ဆိုတော့ အပိုင်း ၆ ကိုရောက်လာတဲ့အချိန်မှာ ကျနော်တို့နှစ်ယောက် တယောက်နဲ့ တယောက် စကားပြောကြတယ်။ ကျနော်တို့ ဘာဆက်လုပ်ကြမလဲ။ မသိဘူး။ မသိဘူး။

mnm1

သို့သော် ကျနော်ကိုင် ထားတာသည်။ တခုရှိတယ်။ ဘာလဲဆိုတော့ သမီးလေးသည် တကယ်ဖြစ်ခဲ့တာ။ တကယ်သူက အခုန ပြောသလို rape သဘောမျိုးပေါ့။ ဖြစ်ခံခဲ့ရတာ။ အဲဒါကို ကျနော် လွှတ်ချလိုက်တော့မယ် ဆိုပြီးခါမှ ကျနော် တော်တော်ကြေကြေကွဲကွဲ ဆုံးဖြတ်ချက်ချလိုက်ရပါတယ်။

ဘာဖြစ်ုလို့လဲ ဆိုတော့ သမီးလေးအကြောင်းကို ထုတ်ပြောရမှာကိုး၊ ဒါပေမယ့် ကျနော့်မှာက ဆရာဝန်လေ။ ဆရာဝန်ဆိုတော့ ဆရာဝန် ethic ရှိတယ်။ အဲဒီ ethic အရ ကျနော်ပြောခွင့်၊ လူနာရဲ့အကြောင်းကို ပြောခွင့်ရှိလားမရှိလား။ ကျနော်ဒါစဉ်းစားတယ်။

စဉ်းစားတဲ့အခါမှာ ကျနော့်ရဲ့ —သစ္စာဆိုထားတာမှာဘာပါလဲဆိုတော့ လူနာတွေအတွင်းရေးမှန်သမျှကို ဖွင့်ဆိုအပ်သည်မှလွှဲ၍ ဆိုတာမျိုးပါတယ်။ အဲတော့ ကျနော်ဖွင့်ဆိုအပ်ပြီလာဆိုတာ ကျနော့်ရဲ့အတွေးမှာ ကျနော်အကြိမ်ကြိမ် ကြေကြေကွဲကွဲပြန်စဉ်းစားခဲ့ရတယ်။

လုပ်စရာမရှိဘူး။ တဖက်က ရလဒ်ဘာမှ ထွက်မလာဘူး။ နောက်တခုက ကျနော်တို့ကလေးရဲ့ဖခင်နဲ့ ပတ်သက်ပြီးတော့ ကလေးဖခင်က နည်းနည်းလေ့လာတာရှိတော့ DNA မတူဘူးဆိုတာမျိုး ကြားလာတယ်။

ကျနော်တို့လုပ်စရာမရှိတဲ့အချိန်မှာ၊ အဲတော့ ကျနော်ကလေးရဲ့ ဖခင်တိုင်ပင်တယ်။ ကျနော်တော့ ဒါရေးပါရစေဆိုပြီးတော့ အပိုင်း ၇ နဲ့ အပိုင်း ၈ ကိုရေးတယ်။ တရက်စီပေါ့နော်။ အပိုင်း ၇ သည် ကလေးရဲ့ဘောင်းဘီကိစ္စပါပါတယ်။

DNA စစ်တာ၊ အပိုင်း ၈သည် ကလေးရဲ့ သုတ်ရေ တခုတွေ့တဲ့ကိစ္စကိုရေးခဲ့တယ်။ အဲဒီအခါမှ တော်တော်လေး Shake ဖြစ်သွားတယ်။ ကျနော်တို့ရဲ့ ပြည်သူလူထုဟာ ဒီသမီးလေးကို သနားပြီးတော့မှ တအားကိုပဲ ဝန်ရံလာကြတယ်။ နောက်ပြီးတော့ သမ္မတရုံးအထိတောင် သူတို့တွေ မက်ဆေ့ပို့ကြတယ်။

bu6

စာတွေပို့ကြတဲ့အခါမှာ သမ္မတရုံးက ဦးဇော်ဌေးကနေပြီးမှ နိုင်ငံတော် အကြီးအကဲများအနေနဲ့ ဒီအမှုကို မပေါ်ပေါ်အောင် ဖော်ဖို့လမ်းညွန်ထား ပါကြောင်းဆိုပြီး ထွက်ရေးတာ။ ဒီအချိန်သည် ကျနော်တို့အတွက် အလှည့်အပြောင်း၊ ဒီအလှည့်အပြောင်းမှာ ဘာဖြစ်သွားလဲဆိုတော့ ကျနော်နဲ့ CID မဟုတ်တော့ဘူး။

ဘာလို့လဲဆိုတော့ လူကလည်းပြောင်း သွားတယ်။ စာကလည်းပြောင်း စစ်ဆေးတဲ့သူတွေ လည်းပြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့ ပြည်သူနဲ့ဖြစ်သွားပြီ၊ အဲလိုဆိုတော့ ကျနော်ဝင် control လို့ရတဲ့အနေအထား မဟုတ်တော့ဘူး။

ပြည်သူသည် သူ့ရဲ့လမ်းကိုသူရွေးတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲသည် သူ့လမ်းသူရွေးတယ်။ ကျနော်ဒီလိုပဲမြင်တယ်။ အဲတော့ကျနော်ဝင် control လို့မရတဲ့ အပိုင်း ဖြစ်သွားတယ်။ ဒါတွေ ကျနော်တို့ရဲ့တွေ့ခဲ့ရတဲ့ အခက်အခဲတွေပါပဲ။”

ဆရာပြောသွားတဲ့အထဲမှာပေါ့နော် ဒီသမီးလေးနဲ့ပတ်သက်တဲ့၊ ဆရာလည်း ဆရာဝန်တယောက်ဖြစ်တဲ့အတွက် ဆေးစာတွေဘာတွေကော ဆရာတွေ့ခဲ့ရလား၊ ဆရာမှာ တကယ်လို့ပြန်ပြီးတော့ပြောစရာ ဒီဟာနဲ့ပတ်သက်တဲ့ လုံလောက်တဲ့ အထောက်အထားတွေ ဆရာ့မှာ ခိုင်ခိုင်မာမာရှိတယ်လို့ ဆရာပြောချင်တာလား။

“သူတို့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တဲ့ကိစ္စတွေ ရှိတာပေါ့နော်။ ဆရာဝန်ဆိုတဲ့အတိုင်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာတွေရှိတာပေါ့နော်။ ဒီလိုမျိုးရှိခဲ့သလားပေါ့။ ကျနော်က ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တဲ့အခါမှာ ရှိခဲ့တယ်လို့ပဲ ကျနော်သတင်းပြန်ကြားရပါတယ်။ ဒါသည် ကျနော်တို့ professional ချင်းတိုင်ပင်မှုအရ သိခဲ့တဲ့ကိစ္စတွေပါ။ ”

tk21

ဒီကလေးရဲ့ကိစ္စကို လိုက်ပြီးတော့ အနီးကပ်ဆာင်ရွက်ပေးနေတဲ့ လူပေါ့။ အခုဒီ မနေ့က တရားစွဲပြီး ဒီနေ့ပဲ ရဲစခန်းကိုခေါ်ယူစစ်ဆေးတာတွေ ကြုံရတယ်ဆိုတော့ ဆရာအခု ဘာဆက်လုပ်မလဲ။

“ဆက်သွားရမှာပေါ့။ ဘာလုပ်စရာရှိလို့လဲ။ (ရယ်လျက်)။ ဆက်သွားရမှာပေါ့။ ကျနော်သည် အခုနက ပြောသ လို ကျနော်သွားတဲ့လမ်းကြောင်းသည် ကိုယ့်ကိုယ်ကျိုးအတွက် သွားနေတာမှမဟုတ်တာ။ ကျနော်တို့မှာ သမီးလေးတွေရှိတယ်လေ။ facebook မှာ ပုံလေးတပုံတက်လာတယ်ပေါ့နော်။

သူတို့ ဆန္ဒပြပွဲမှာ ကလေးလေးကို မိခင်နို့ချို တိုက်ကျွေးရင်းနဲ့ ဆန္ဒပြနေတဲ့ပုံ၊ ကျနော်အရမ်းခံစားရတာပေါ့။ မျက်ရည်တောင်ဝဲတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာလည်း သားသမီးတွေရှိတယ်။ ကျနော်တို့သားသမီးကို ကျနော်တို့လက်ထဲကနေ လွှတ်ပြီး ခါမှ လူ့လောကထဲသွင်းဖို့အတွက် ပထမဆုံးစပြီးတော့ ပို့လိုက်တဲ့နေရာသည် မူကြိုကျောင်းပဲ။

ဒီလိုမူကြို ကျောင်းဆိုတာက ကလေးတွေကို ရင်အုပ်မကွာထားရမယ့်နေရာ၊ ဟုတ်ပြီနော်၊ အဲဒီရင်အုပ်မကွာထား ရမယ့်နေရာကမှ လုံခြုံမှုမရှိဘူးဆိုလို့ရှိရင် ကျနော်တို့ကလေးတွေ လူလောကထဲ ဘယ်လိုလုပ်ပြီးတော့ သွားရ မလဲ။ အခုဖြစ်ပွားတဲ့ကလေးကိုကြည့် တကယ်တန်းကျရင် ၃ နှစ်၊ မရှိသေးဘူး။ ၂နှစ်နဲ့ ၁၁ လပဲရှိသေးတယ်။

လူ့လောကကြီးက အဲလိုတွေ ကြိုဆိုစရာလား၊ အဲလောက်ကြိုဆို ကြမ်းတမ်းခက်ခဲနေမှတော့ သူဆိုတာ (မျက်ရည်ဝဲ) လူတယောက်ရဲ့မျက်နှာကိုတောင်မှ ကောင်းကောင်းမမှတ်မိသေးဘူး။ တော်တော်အချိန် ယူရတဲ့ အချိန်၊ အဲဒီအချိန်မှာ ကြိုဆိုလိုက်တာက ခင်ဗျားစဉ်းစားကြည်လေ။

ဖြစ်သင့်လား၊ ဖြစ်ထိုက်လား။ အဲဒီအတွက် ကျနော်ရပ်တည်တာ။ အဲဒီအတွက် ကျနော်ရပ်တည်တဲ့နေရာမှာ ဘာကိစ္စ ကန့်လန့်တိုက်နေရ တာလဲ၊ ဘာကိစ္စ ပိတ်ဆို့ချင်နေရတာလဲ။ စဉ်းစားလေ။ ဟို ကျနော်က ကျောင်းကြီးကို ပိတ်လိုက်ပါဆိုတာမျိုးလည်း မဟုတ်ဘူး။

tk2

ဒီကလေးလေးအတွက် အမှန်တရား၊ ဒီကလေးလေးကို ဘယ်သူက ကျူးလွန်ရသလဲ၊ ဒါကိုသိချင်တာလေးပဲ။ ကျူးလွန်တဲ့သူသည် ပေါ်ကိုပေါ်ရ မယ်လေ။ မပေါ်ဘဲနဲ့သူဟာ လူ့လောကထဲမှာလွှတ်မြောက်နေတာဟာ ဖြစ်ကို မဖြစ်သင့်ဘူး။

သူ့ကိုအပြစ်ပေးတာ ဘယ်လောက်ပေးပေး၊ သေဒဏ်ပေးပေး ဘာပေးပေး၊ မပေးဘဲနဲ့ တရားရုံးကနေ ပြန်လွှတ်လည်း ကျနော်က အကြောင်းမဟုတ်ဘူး။ သို့သော်လည်း ဘယ်သူကျိူးလွန်လဲဆိုတာ သိကိုသိရမယ်လေ။ မသိဘဲနဲ့ကျနော်တို့က ဘာကိစ္စ ဒီပြောရရင် မုဒိမ်းကောင်ကို ဘာကိစ္စ လောကထဲ လွှတ်ထားရတာလဲ။ မထားသင့်ဘူး။ ကျနော်မထားဘူး။ သူများတွေထား၊ ကျနော်မထားဘူး။ ”

အခုဒီကိစ္စကို ဆရာတို့လေ့လာတဲ့အခါမှာ ဒီသမီးလေးဟာ ဘယ်နေရာမှာဖြစ်ခဲလဲဆိုတာ ဆရာတို့တွေ့ရှိထားလဲ။

“အဲဒါတွေ ကျနော်ပြောလို့တော့မရဘူး။ ဒါပေမယ့် အခုနကျနော်ပြောသလို ဖြစ်ပွားစရာနေရာသည် ၃ နေရာပဲရှိတယ်။ ကျောင်းရယ်၊ ဖယ်ရီရယ်၊ အိမ်ရယ်၊ အိမ်မှာသည် အဖွားနဲ့ အမေ နှစ်ယောက်ပဲရှိတယ်။

ဒီအဖွားနဲ့အမေသည် သမီးလေးရဲ့အမျိုးရင်းချာတွေ၊ သမီးလေးရဲ့အမျိုးရင်းချာတွေဖြစ်တဲ့အတွက်ကြောင့် သမီးလေးရဲ့နစ်နာမှုအတွက်တော့ သူတို့လိမ်မယ်လို့ ကျနော်မယူဆဘူး။ နောက်ဖယ်ရီ၊ ဖယ်ရီသည် သမီးလေးသည် နော်ကဆုံးကလေးမဟုတ်ဘူး။

ဖယ်ရီပေါ်မှာ ယဉ်မောင်းသူတယောက်၊ဆရာမတယောက် ပါတယ်။ နောက်ဆုံးကလေးမဟုတ်တဲ့အတွက်ကြောင့် အမြဲတမ်းလူရှိနိုင်တယ်။ အဲတော့ ကျောင်း၊ ကျောင်းသည် စဉ်းစားစရာအချက်လက်တွေအများကြီးရှိတယ်။ ဥပမာ ကလေးလေးသည် ဆရာမနှင်းနုသိတယ် ဆိုတာမျိုး၊ ဆိုတော့တကြိမ်ပဲပြောခဲ့တာမဟုတ်ဘူး။ သုံးလေးငါးခါလောက်ပြောခဲ့တယ်။ ”

th1

ကလေးပြောတာကို ဆရာကြားခဲ့လား။
“ကျနော်ကလေးကို မမေးဘူး။ မမေးဘူး။ မမေးရက်လို့ပါနော်။ သို့သော်လည်းပဲ CID ကကြားပါတယ်။ ရဲဌာနက ကြားပါတယ်။ ကလေးမိဘတွေကြားပါတယ်။ video record တွေရှိပါတယ်။ အဲတော့အခုနက ပြောသလို ဆရာမ နှင်းနုသိတယ်လို့တော့ ပြောခဲ့ပါတယ်။ ဒါသေချာပေါက်ပြောခဲ့ပါတယ်။ ”

ရဲက အခုထုတ်ပြလိုက်တယ်ပေါ့ဗျာ။ အောင်ကြီးပေါ့၊ အောင်ကြီးနဲ့ပတ်သက်တဲ့ cctv တခုလည်း သတင်းဌာနမှာထက်လာခဲ့ပြီ၊ဆိုတော့ ဒီကိစ္စအပေါ် ဆရာဘယ်လိုမြင်လဲ။

“အဲဒီ cctv ဘယ်သူထုတ်လဲတော့မသိဘူးပေါ့လေ။ ထုတ်လိုက်တယ်ဆိုတာတော့ တယောက်ယောက်နေမှာ ပေါ့။ ဥပမာ စီစီတီဗွီပိုင်တဲ့သူတွေပေါ့နော်။ ဥပမာ ကျောင်းနားလို ဟာမျိုး၊ ရဲဌာနလိုဟာမျိုး ဘယ်သူက ထုတ်ပြန်လဲတော့မသိဘူးပေါ့နော်။

သို့သော် cctv တော့တကလာခဲ့တယ်။ တက်လာတော့ တချို့ဟာလည်း အောင်ကြီးဟုတ်နိုင်တယ်၊ တချို့က လည်း မဟုတ်နိုင်ဘူး။ ဒီလိုမျိုးပြောကြတာရှိတယ်။ ရှိတော့ပြသနာမရှိပါဘူး။ ပြဿနာမရှိဘူးဆိုတာ တရားခံအစစ်ပေါ်ပြီဆိုလို့ရှိရင် အောင်ကြီးဖြစ်ရင်ဖြစ်ပါစေ၊

လူမှုကွန်ရက်မှာ စွတ်စွဲနေကြတဲ့ကလေးနှစ်ယောက်ဖြစ်ရင်ဖြစ်ပါစေ cctv ထက်ခိုင်လုံသော အထောက်အထားတော လိုမှာပေါ့။ မဟုတ်လား။ ကျနော်က အောင်ကြီးဖြစ်ရမယ်လို့ ပြောတာလည်း မဟုတ်ပါဘူ။ ဟိုကလေးနှစ်ယောက်ဖြစ်ရ မယ်လို့လည်း ပြောတာလည်း မဟုတ်ပါဘူး။

သို့သော်လည်းပဲ cctv သည် အထောက်အကူတခုပဲ။ ဒီအထောက်အကူက မလုံလောက်လို့ရှိရင် ကျန်တဲ့အထောက်အကူရှာပေါ့။ ဥပမာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စီစီတီဗွီ မှတ်တမ်းအရ ဒီထဲဝင်သွားတာ အောင်ကြီးတယောက်ပဲလို့ ပြောတာကိုး။ ဟုတ်ပြီ၊ နောက်မှာလည်း တံခါးရှိတယ်။

th

စီစီတီဗွီမှတ်တမ်းရဲ့ အချိန်ကာလသည် မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိပဲရှိတယ်။ နေသောအဆောင်သည် အောက်ထပ်သည်ကလေးများအခန်း၊ ပေါ်ထပ်သည်ဆရာမတွေနေတဲ့အဆောင်၊ ဆိုလိုတာက အပေါ်ထပ်သည် လူတယောက်နေလို့ လည်း ရတယ်။

ဘယ်သူမှမသိရဘဲနဲ့ စီစီတီဗီ ပြီးတဲ့အ ချိန်ကျမှ ထွက်လာလို့လည်းရတယ်။ ဒါတွေက ကျနော်တို့ပြောလို့ရတဲ့နည်းမဟုတ်ဘူး။ ပြောလို့ရ တာသည် မျက်မြင်သက်သေ ရှိတယ်ဆိုရင်မျက်မြင်သက်သေက ပွင့်ပွင့်လင်းလင်းထွကဆိုဖို့ပဲ ရှိတယ်။ ဆိုလိုတာက cctv မှတ်တမ်းအားနည်းလို့ရှိရင် အားကောင်းတာရှာပေါ့။ ဒါပဲရှိတယ်။”

ရဲဌာနက သတင်းစာရှင်းလင်းပွဲလုပ်တဲ့ အချက်တွေကိုလည်း ဆရာသိပြီးရောပေါ့။ ဆိုတော့ အဲဒီအချက်အလက်တွေအပေါ်မှာ ဆရာတို့အခု ကူညီဆောင်ရွက်နေတဲ့လူတွေက အဓိက Point လေးပေ့ါ ဘယ်လိုသုံးသပ်မိလဲ။

“အလောတကြီးပြောလို့တော့မရဘူး။ ဘာလို့လဲဆိုတော့ကျနော့်ခေါင်းထဲမှာလည်း ရဲဌာနက ထုတ်ပြန်တာတွေတော သေချာတော့ရှိတာတော့ မဟုတ်ဘူးလေ။ တချို့ဟာတွေ ကျတော့ နည်းနည်းလုံးနေကြတာတွေ ရှိတာပေါ့။

ဥပမာ။ DNA က ဘယ်က စစ်တာလဲ ဆိုတာမျိုး၊ DNA သည်အခုနကတွေ့တဲ့ ဘောင်းဘီကနေ စစ်တာလား၊ ပြောခဲ့သမျှာတော့ ကြားမသွားဘူး။ ပြောမသွားဘူးပေါ့နော်။ နောက်တခုက ကလေးရဲ့ ခန္ဓာကိုယ်မှာတွေ့တဲ့ သုတ်ရေသုတ်ပိုးက စစ်တာလား။ ဒါလည်းကျနော်ကမသိဘူး။

နောက်တခုက သတင်းစာ ရှင်းလင်းပွဲမှာ ဘာပြောသွားလဲဆိုတော့ DNA သည် ပျက်စီးသွားပြီလို့ သုံးလေးခါလောက် ပြောခဲ့တယ်။ ပြောခဲ့ပြီးတဲ့နောက်မှာ ကျမှ ကလေးနှစ်ယောက်ရဲ့ DNA ရောစစ်လားဆိုတော့ ကလေးနှစ်ယောက်ရဲ့ဒီအန်အေနဲ့ လုံး၀ မတူပါဘူးလို့ပြောတယ်။

ဒါသည် သတင်းစာရှင်းလင်းပွဲ တခုထဲမှာပဲ ပြောတာပေါ့နော်။ အဲတော့ဘာဖြစ်လဲဆိုတော့ ဒီအန်အေ ပျက်စီးသွားတယ်။ ကလေးနှစ်ယောက်နဲ့ လုံးဝမတူဘူး။ ပျက်စီးသွားတာနဲ့ မတူတာနဲ့၊ ပျက်စီးသွားတာကို မတူဘူးလို့ တိုင်းလို့ရမရ ကျနော်လည်း မသိတော့ဘူး။

tk21

ကျနော်တို့က DNA ပညာရှင်တော့ မဟုတ်ဘူးလေ။ ဒါပေမယ့် ပြည်သူတယောက်အနေနဲ့တော့ ဒါဟာ စဉ်းစားရတော့မယ်။ ပျက်စီးသွားတယ်၊ လုံး၀ မတူဘူး။ ဒါက ပြည်သူပဲစဉ်းစားရမှာ။ ကျနော်စဉ်းစားလို့ မရဘူး။”

ဆရာ့အနေနဲ့ ဘာဆက်လုပ်သွားဖို့ အစီအစဉ်ရှိလဲဗျာ။
“ကျနော်လုပ်စရာ မလိုတော့ဘူး။ ပြည်သူလုပ်လိမ့်မယ်။ ပြည်သူလုပ်မယ်ဆိုတော့ ပြည်သူလမ်းပေါ်တက်လို့ ပြောတာမဟုတ်ဘူးနော်။ ကျနော့်ကိုလည်းလမ်းပေါ်တက်ခိုင်တယ်။ ကျနော် control လုပ်ဖို့အနေအထားကို လွန်သွားပြီ။

ကျနော်သည် ပြည်သူကို လမ်းပေါ်တက်ပါလို့ ပြောလို့လည်း မရဘူး။ လမ်းပေါ်ကဆင်းပါလို့ စွဲချလို့ လည်းမရဘူး။ ပြည်သူသည် သူ့အသိစိတ်ဓာတ်နဲ့သူလုပ်နေတာ။ ပြည်သူက တကယ်လို့စည်းကမ်းတကျ ရှိလို့ရှိရင်ဒါသည် အခုနက ပြောသလို တွန်းအားတခုဖြစ်လာလိမ့်မယ်။

ပြည်သူရဲ့ စည်းကမ်းတကျရှိမှုကို ဝင်ရောက်ဖျာခင်းတဲ့လူလည်း ရှိနိုင်တာပဲ။ဒါ ခေတ်အဆက်ဆက်မှာ ရှိနေကျ။ မရှိနဲ့ကျနော်မပြောဘူး။ ဒီရှိနောကို မကျော်လွန်နိုင်လို့ ဖျာခင်းတဲ့လူတွေ အောင်မြင်သွားလို့ရှိရင် နည်းနည်းရှုတ်ရှုတ်ထွေးထွေးဖြစ်သွားမှာကို ကျနော်ကြောက်တယ်။

ဆိုလိုတာက ပြည်သူရဲ့အလုပ်ကို ကျနော်တို့က ဝင်စွတ်လို့မရတော့ဘူး။ အခုနကေ ပြာသုလိ ကလေးမိဘနဲ့ ရဲတပ်ဖွဲ၊ ကလေးနဲ့စီအိုင်ဒီ၊ နောက်တခုက ရဲတပ်ဖွဲ့နဲ့ ပြည်သူနဲ့ တတိယ lever မှာ ကျနော်ဝင်ပါလို့မရတော့ဘူး။

ကျနော်ဘာဆက်လုပ်ရမလဲဆိုရင် ကျနော်သည် ကလေးမိဘနားမှာ ရပ်တည်နေရုံပဲရှိတယ်။ နောက်တခုက ကျနော်တို့မှာ တရားဝင်ခေါင်းဆောင် နှစ်ယောက်ရှိတယ်။ မရွက်နုအောင်နဲ့ ကိုမျိုးဇော်ဦးနဲ့ ရှိတယ်။ သူတို့လုပ်ပါလိမ့်မယ်။ ကျနော်သိပ်လုပ်စရာ မရှိတော့ပါဘူး။”

mnm1

ဆရာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာများပြောစရာရှိဦးမလဲ။
“သမီးလေးက ၃ နှစ်ပဲ ရှိသေးတယ်။ ဒါပဲပြောချင်တယ်။ သုံးနှစ်တောင်မရှိသေးဘူး။ ဖြစ်တုန်းက ၂ နှစ်နဲ့ ၁၁လပဲရှိတယ်။ အဲဒီတော့ ပြည်သူ့ဟာ ပြည်သူဆုံးဖြတ်၊ ကျနော်ဝင်ဆုံးဖြတ်လို့မရဘူး။ ဘာလုပ်ချင်လဲ။

ဒီအတိုင်း မုဒိမ်းကောင်ကို လွှတ်ထားချင်လဲ လွှတ်ထားလိုက် ကျနော်နဲ့မဆိုင်တော့ဘူး။ ဒါမှ မဟုတ်ရင်လည်း အမှန်တရားကို ရှာပေးကြပါလို့ ပြောရင်လည်းပြော၊ လူတယောက်မှာ အသံတခုပဲရှိတယ်။ ကျနော်မှာလည်း အသံတခုပဲရှိတယ်။ ကျနော်အသံချဲလို့မရဘူး။

အားလုံးပေါင်းတဲ့အသံသည်သာလျှင်စစ်မှန်သောအသံ၊ ကျနော်က နေပြီးဘယ်အသံထွက်ပါလို့ ကျနော်ဘယ်တော့မှမပြောဘူး။ ကျနော့်အသံသည် ကျနော်သမီးလေးဘက်ကပဲ ရပ်တည်မယ်။ သမီးလေးသည်တကယ်နစ်နာတာ ၃ နှစ်ပဲရှိသေးတယ်။ ဒါပဲ။ ပြည်သူကတော့ ဆုံးဖြတ်ပါ။ ကျနော်ဆုံးဖြတ်စရာမလိုဘူး။ ”
ရဲဝင့်သူ (DVB)

Facebook Comments

Comments are Closed

Powered by K MEDIA

871 Shares
Share871
Tweet
Share