Entertainment, Local Celebrites News

သဘင်လောကသားများအတွက် တိုက်ခန်းတွေ ဆောက်လုပ်ပေးနေတဲ့ မင်းသား ဖိုးချစ်

mnm19

သဘင်လောကသားများအတွက် တိုက်ခန်းတွေ ဆောက်လုပ်ပေးနေတဲ့ မင်းသား ဖိုးချစ်

mnm19

ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်တဲ့ သဘင်အနုပညာရှင်များ နေစရာအတွက် အခက်အခဲမရှိ အဆင်ပြေနိုင်ဖို့အတွက် သဘင်အဖွဲ့အစည်း ဥက္ကဋ္ဌ ဖိုးချစ်က

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ သဘင်အိမ်ရာ စီမံကိန်းကြီးကို အကောင်ထည်ဖော်နေပြီး မကြာခင်မှာ သဘင်လောကသားများ ငြိမ်းချမ်းစွာ နေထိုင်နိုင်တော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။

မိသားစု (၅၀၀)နဲ့ (၁၀၀၀) ကြားနေထိုင်ခွင့် ရရှိမှာဖြစ်ပြီး အခြားတိုင်းနှင့်ပြည်နယ်မှ သဘင်အနုပညာရှင်များ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီလျှင် ဝယ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။

သဘင်အနုပညာရှင်များအပ ပြန်လည်ရောင်းချခြင်း ခွင့်မပြုသလို့ ပြန်လည်ရောင်းချခြင်းလည်း ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တန်ဖိုးနည်း အိမ်ရာဖြစ်ပြီး သိန်း (၁၁၀) ကနေ သိန်း (၂၀၀) ကျော်အထိ A ၊ B ၊ C သုံးမျိုးခွဲခြားထားမှာဖြစ်ပါတယ်။(၂၀) ရာခိုင်နှုန်း သာ သွင်းရမှာဖြစ်ပြီး ကျန်တာကို (၁၅ )နှစ်အရစ်ကျနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

တစ်လမှ (၆) သောင်း ၊ (၇) သောင်း သာသွင်းရမှာဖြစ်ပြီး အများဆုံး ၁ သိန်းခန့်သာ သွင်းရမှာဖြစ်ပါတယ်။ အပေါ်ထပ် ၊ အောက်ထပ် ကွာခြားမှုရှိမှာမဟုတ်ဘဲ တိုက်ခန်းတွေမှာ ဓါတ်လှေကား တွေကို တပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

(၁၀) ပေ ၊ (၁၅) ပေ ခန်းလေတွေနဲ့ ကျဉ်းကျဉ်းကျပ်ကျပ် နေရတာမျိုးမဖြစ်တော့ဘဲ အသေးဆုံးအခန်းတောင်မှ ပေ (၂၀) ၊ ပေ (၃၀) အထိရှိတယ်လို့ ဆိုပါတယ်။

mnm19

ဒါပြီးသွားရင်လည်း ရပ်သွားမှာမဟုတ်ဘဲ မန္တလေး နှင့် အခြားတိုင်းနှင့် ပြည်နယ်တွေကိုလည်း ဆက်လက်ဆောင်ရွတ်ပေးသွားမယ်လို့ ဆိုပါတယ်။

Facebook Comments

Comments are Closed

Powered by K MEDIA

941 Shares
Share941
Tweet
Share