Local News, News

သမီးလေးဗစ်တိုးရီးယားအတွက်အလှူငွေလက်ခံရန်ဖွင့်ထားတဲ့ AYA Bank အကောင့်မှအလှူငွေများပျောက်ဆုံးနေ

mnm12

သမီးလေးဗစ်တိုးရီးယားအတွက်အလှူငွေလက်ခံရန်ဖွင့်ထားတဲ့ AYA Bank အကောင့်မှအလှူငွေများပျောက်ဆုံးနေ

mnm8

သမီးလေးဗစ်တိုးရီးယားအတွက် ကိုဝင်းကိုကိုသိန်းအကောင့်ဖြင့် ဖွင့်ထားသော AYA Bank အကောင့်မှာယခုမနက်တွင်ငွေအထုတ်သွင်းလုပ်မရဖြစ်နေတယ်လို့ အလှုငွေလက်ခံသူများထံမှသိရှိရပါတယ်။

ယမန်နေ့က သက္ကမိုးညိုအား အလှူခံသည့်ကိစ္စနှင့်ပတ်သတ်ပြီးမမှန်မကန်လုပ်ထားပါက စုံစမ်းအရေးယူမယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်ထားတာလည်းရှိနေပြန်ပါတယ်။ အလှုငွေလက်ခံပေးနေသူတစ်ဦးဖြစ်တဲ့ ဂျက်စီကာမိုးဇက်ကတော့ ယခုလိုရေးတင်ထားကိုတွေ့ရတာပဲဖြစ်ပါတယ်

mnm9

သမီးလေး Victoria အတွက် Fund Raising လုပ်နေတဲ့ ဘဏ်အကောင့်ကို ငွေလွှဲလို့မရဘူးလို့ လာပြောသူတွေရှိလို့ …ကျွန်မရဲ့ကိုယ်ပိုင် AYA အကောင့်ကနေ ငွေလွှဲကြည့်ပါတယ်။ ငွေလွှဲမရပါ။ Finance Team မန်ဘာအနေနဲ့ Fund Raise လုပ်ထားတဲ့ AYA Bank – 0001201010128890 – Win Ko Ko Thein အကောင့်ကို Mobile Banking ကနေ ဝင်ကြည့်ပါတယ်။

အကောင့်ထဲမှာ ဘာမှမတွေ့ပါ။ ဘာမှမမြင်ရတော့ပါ။ မနေ့က ၁၀ ရက်နေ့ ည ၇:၅၆ မိနစ်အချိန်အထိမှာ သမီးလေး Victoria အတွက် Fund – Ks 18,413,380/- (တစ်ရာရှစ်ဆယ့်လေးသိန်း တစ်သောင်းနှင့် သုံးထောင့်သုံးရာရှစ်ဆယ်ကျပ်) လက်ခံရရှိထားပါတယ်။

mnm11

မနေ့ညက Update လည်း တင်ပေးထားပါတယ်။ အလှူရှင်များနဲ့တကွ၊ ဝန်းရံသူ ညီအစ်ကိုမောင်နှမများအားလုံးကို အသိပေးအပ်ပါတယ်။ Jessica Mozart ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာအသိပေးကြေငြာထားပါတယ်။

ဝေဖန်သူတစ်ချို့ကတော့ Bank ကို ရဲက သွားပီး Acc ပိတ်တာတို့ဆို ငွေလဲ ထုတ်မရ လွှဲလဲ လွှဲမရ အဲ့လိုကြီး ဖြစ်နေမှာပါ တနည်းအားဖြင့်ပြောရရင် Bank acc ထဲက ငွေက အသေကြီးလိုဖြစ်သွားမှာပါ သူတို့ဘက်က ခွင့်ပြုချက်မရ မချင်း အဲ့ acc ထဲက ငွေ တစ်ပြားမှ သုံးမရတော့တာမျိုးပါ ဆိုပြီးကွန်းမန့်ပေးဝေဖန်ထားကြတာကိုလည်းတွေ့ရပါတယ်။

mnm7

Facebook Comments

Comments are Closed

Powered by K MEDIA

254 Shares
Share254
Tweet
Share