Local News, News

ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက် အပြည့်အစုံကို ပြန်ပြောပြတဲ့ ဆရာသက္ကမိုးညို

mnm

ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက် အပြည့်အစုံကို ပြန်ပြောပြတဲ့ ဆရာသက္ကမိုးညို

mnm1

မနေ့က လူနှစ်ယောက် လာခဲ့တာနဲ့ ပတ်သက်ပြီး အိမ်မှာ CCTV တပ်ဖို့ လင်းကွန်ပျူတာ မိုဘိုင်းဆိုင်မှာ သွားဝယ်တယ်။ စီစီတီဗီက ဖုန်းနဲ့ ချိတ်ဆက် ကြည့်ရမှာ ဖြစ်လို့ ဖုန်းထဲကို ဆော့ဖ်ဝဲလ် ထည့်ခိုင်းနေတာကို ကိုယ်တော်တွေက ဘာထင် သလဲ မသိဘူး။

ညီလေး ၊ မေးစရာ ရှိလို့ စခန်းလိုက်ခဲ့ပါတဲ့။ ဘာလို့ လိုက်ရမှာတုန်း၊ ကျွန်တော်ဟာ အရာရှိတယောက်၊ ကျွန်တော့်ကို အဲသည်လို ခေါ်ချင်ရင် ဌာနဆိုင်ရာအကြီးအထဲ ခွင့်ပြုချက် ပါရမယ်လို့ ပြောခဲ့တယ်။

ဌာနအချင်းချင်း ဆက်သွယ် ထားပြီးသား လို့ ပြောတယ်။ (မနက် ၈နာရီကျော်ကျော်မှာ ကျွန်တော်တို့ ဌာနကိုဖြစ်ဖြစ်၊ ဝန်ကြီးဌာနကို ဖြစ်ဖြစ် ဆက်သွယ်ထားတာ မရှိရင် လိမ်တာပါ)

ကျွန်တော် မလိုက်နိုင်ဘူး ငြင်းတော့ ခရိုင်မှူးဆိုသူနဲ့ လက်နက်ကိုင်တွေ ထပ်ရောက်လာတယ်။ ရာဇဝင် လူဆိုးကြီး ဖမ်းတာ ကျနေတာပဲ။ ထားတော့ လိုက်သွားတယ်။ ဟိုမှာ ကျွန်တော့်ကို ပျဉ်းမနား မြို့နယ်မှူးက အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ၃၄(ဃ) နဲ့ စွဲထားတာ ပြောတယ်။

နောက် အာမခံ ရတယ် ဘာညာ ထားတော့။ အိမ်ကိုလည်း ဝရမ်းမပါပဲ (ထပ်ပြောမယ်နော်၊ ဝါးရမ်းမပါပဲ) အိမ်က ကွန်ပျူတာကို လာသိမ်းတယ် လူတွေ အများကြီးနဲ့။ သမီး လန့်သွား လို့ မနည်းချော့ရတယ်။

th1

ညကျ မေးစရာ ရှိလို့ စခန်း လာခဲ့ပါဦးခေါ်တယ်။ မလာနိုင်ဘူး ဆိုတော့ သူလာခဲ့ပါမယ်တဲ့။ လာတဲ့အချိန်ကျ ဘဏ် အကောင့်တွေ သိချင်လို့တဲ့။ ကျွန်တော့် စွဲထားတဲ့ အမှုနဲ့ ဆိုင်လို့လားလို့။

ထားတော့။ ကျွန်တော် မှာ အကောင့်နှစ်ခု ရှိတယ်။ တခုက စီဗီ၊ တခုက ဧရာ။ စီဘီက ကိုယ်ပိုင်၊ ဧရာက သမီးလေးအတွက်။ တပြားမှ မထုတ်ရသေးဘူးလို့။ အဲဒီ မှာ ဖုန်းတွေဆက်၊ သတင်းတွေပို့နဲ့။ ပြန်သွားတယ်။

နောက် ဖုန်းထပ်ဆက်တယ်။ မဂျက်စီကာ နာမည် စာလုံးပေါင်း။ ဖုန်းချတယ်။ နောက် ဖုံးထပ်ဆက်တယ်။ ဘယ်လိုတွေ လုပ်နေသလဲ။ အဲဒါနဲ့ ခင်ဗျားတို့ fund for Victoria ကို ရိုက်ရှာလိုက်လို့။ ဒါတောင် Fund စာလုံးပေါင်း လေးငါးခါ မေးနေသေးတယ်။

မတ်လေး၊ ကျော့်ကို စုံစမ်းရတာ လျှို့ဝှက် စုံစမ်းရတယ် ဆိုတာ ဟုတ်မှာပဲ။ ဘဏ်အကောင့်က ဖေ့စ်ဘုတ်မှာ ဟိုးလေး တကျော် ကြေညာထားတာ။ အိမ်လာမေးနေရတာ ပင်ပန်းလိုက်တာ။ ရှိတဲ့ ငွေအမောင့်ကလည်း ကြေညာပြီးသားကို။ တပြားမှလည်း မထုတ်ရသေးဘူး။

အဲ၊ ကျွန်တော့်ကို ဌာနဆိုင်ရာ အကြီးအကဲ ထောက်ခံချက်၊ ခွင့်ပြုချက် မပါပဲ၊ အကြောင်းမကြားရသေးပဲ နိုင်ငံဝန်ထမ်း ဥပဒေကို ကျော်လုပ်တာတော့ ဘယ်သူလဲ မသိ။ ခရိုင်မှူးတောင် လာရတယ် ဆိုတော့ ခရိုင်မှူး အထက်ကပဲ နေမှာပါပဲ။ တော်တော်ကြီးကြီးနေမှာ

th

ကြောက်လက်တာ၊ သေးတော့မယ်
သက္ကမိုးညို (လေးစားမှုဖြင့် ခရက်ဒစ်)

Facebook Comments

Comments are Closed

Powered by K MEDIA

538 Shares
Share538
Tweet
Share