Health, Life Style

အရမ်းတော်တဲ့ ကလေးအထူးကုဆရာဝန်ကြီးတစ်ယောက်

bd5

အရမ်းတော်တဲ့ ကလေးအထူးကုဆရာဝန်ကြီးတစ်ယောက်ရဲ့အကြောင်း စိတ်မကောင်းခြင်းများစွာနဲ့ ဒီစာကိုရေးပါတယ်

bd3

ကျမကလေး ၇လပါ ချောင်းဆိုးနေတာ ကြာပါပီ ၁လကျော်လောက်ရှိနေပြီ ခလေးနဲ့ ချောင်းစဆိုးထဲက အင်္ဂလိပ်ဆရာဝန် အထူးကုနဲ့ကော မြန်မာ ဆရာဝန်နဲ့ပါ ပြပါတယ် လုံးဝမသက်သာပါဘူး အစပိုင်းက ချောင်းခြောက် အပူချောင်းဆိုးရာကနေ အင်္ဂလိပ်ဆရာဝန်ကမသက်သာလို့

မြန်မာဆရာဝန်နဲ့ပြောင်းပြတဲ့အခါ ခွျွဲတွေပါထလာတယ် ပိုဆိုးလာတယ် ခလေး အသက်ရှုရကြပ်လာတယ် ညအိပ်ရင် ချွဲထပြီး ခလူးခလူးနဲ့ ကလေးဆေးခန်းတစ်ခါသွားပြရင် ကိုယ့်ရှေ့မှာ လူ အယောက် ၇၀စောင့်ရတယ် စိတ်တွေညစ်တာပေါ့နော်

ကိုယ့်ခလေးလိုဘဲ ချောင်းဆိုးနေတဲ့ခလေး အရှင်းပျောက်သွားတယ် အဲ့ဆရာဝန်ကြီးနဲ့သွားပြပါလားလို့ အကြံပေးလာတဲ့အတွက် ခုလက်ရှိပြနေတဲ့ ဆရာဝန်ကြီးဆီပြောင်းပြခဲ့ပါတယ် ၈မိုင် လမ်းဆုံ သမားတော်ဆေးခန်းမှာထိုင်တဲ့ စစ်ဆေးဆရာဝန်ကြီး ဒေါက်တာ ဦးစောအောင်မြတ်သိန်းပါ

သမားဆို အိုမှ စကားပုံအတိုင်း ဆရာဝန်ကြီး အသက် ၈၀ကျော်နေပါပီ လက်ရှိလဲ သူကိုယ်တိုင် ကင်ဆာရောဂါကို အန်တုနေရရှာသူပါ ခလေးအရမ်းချစ်တက်တယ် အသပြာဆရာမဟုတ်ဘူး စေတနာဆရာဝန်ကြီးပါ

ဒီလောက်ဆရာဝန်ကြီးတော်နေတာ ကလေးတွေအရမ်းများမှာဘဲ စောင့်ရဦးမယ် အကြာကြီးလို့မှတ်တာ ဆရာဝန်ကြီးဆီမှာ လာပြတဲ့သူ ၁၀ယောက်တောင်မပြည့်ပါဘူး ကျမ အရမ်းအံ့သြသွားတယ် ကျမ တုံကင်နံပတ်၆ ရပါတယ် ဒါပေမဲ့ ကြိုစောရောက်နေတဲ့သူအရင်ဝင် စနစ်ဖြစ်တာကြောင့် ကျမအရင်ဦးဆုံး ဝင်ရပါတယ်

ဆရာဝန်ကြီးဟာ ခလေးအရမ်းချစ်တက် ဂရုစိုက်ပြီး သေချာ နားလည်အောင် ရှင်းပြ သင်ပြ ပြောပြ ရောဂါ အသေးစိတ်ကိုမှတ်တမ်းယူ တခဏတာ ရောဂါဖြစ်နေတဲ့ ချောင်းဆိုးပျောက်ဖို့ရယ် တသက်တာ ခလေး ကြီးထွားဖွံ့ဖြိုးဖို့ရယ် ဆိုပြီး ၂ပိုင်းခွဲ သေချာရှင်းပြ ခလေးပြုစုနည်း ခလေးစိတ်နေစိတ်ထားနဲ့ မိဘ က စိတ်ရှည်၂နဲ့ ဘယ်လို သွင်သင်ရမယ်ဆိုတာကအစ သေချာပြောပြပေးနေတာပါ

bd4

ကျမတို့ တခြား ခလေးဆေးခန်းတွေပြခဲ့တယ် ခလေးကြည့်ချိန် ၁၀မိနစ်ထက်မပိုဘူး ခုဆရာဝန်ကြီးကတော့ ခလေးတစ်ယောက်ကို ကြည့်ရှုကုသပေးချိန် နာရီဝတ်ကျော်တယ်ဆိုရင် ခလေးမေမေတို့ အံ့သြကြမှာပေါ့ တကယ်ပါရှင် ဆရာဝန်ကြီးရဲ့ စေတနာကို ဘေးက ခလေးမိဘက မြင်ပါတယ်

သေသေချာချာ စိတ်ရှည်ရှည်နဲ့ မပျောက်ပျောက်အောင်ကုပေးမယ်လို့ စိတ်ထဲ သံဓိဌာန်ချထားသလားမှတ်ရတယ်ခလေးချောင်းဆိူးတယ် ပိုးသတ်ဆေးဘာသောက်နေလဲ ဆေးသောက်ရင်အန်လား ဘာဆေးထပ်ပေးရမလဲ သူသေချာစဉ်းစားပြီးတော့

သူပေးတဲ့ဆေးတွေရဲ့ အာနိသင်ကို ခလေးဆေးတိုက်ပြုစုမဲ့မိဘကို သေချာပြောပြပေးနေတာပါ ဆေးထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်း တစ်ခုချင်းစီရဲ့အာနိသင်ပါပြောပြပေးလိုက်တာဆိုတော့ ကျမ ခလေးမိဘတစ်ယောက်အနေနဲ့ ဆရာဝန်ကြီးနဲ့ပြရတာ အရမ်းကို စိတ်ထဲကျေနပ်မိတယ်

ကျမကလေးက ဆေးကြောက်ပါတယ် ဆေးတိုက်တိုင်း အန်ထုတ်ပစ်နေတာ အာ့ကိုလဲပြောတော့ ဆရာဝန်ကြီးက ကလေးဆေးသောက်ရင် မအန်အောင် ကလေးကြိုက်လောက်မဲ့ အရသာ ဆေးအချိုးအစား သေချာစဉ်းစားပြီးမှပေးလိုက်တယ်အရင်ဆရာဝန်တွေတုန်းက ကလေးချောင်းဆိုးတာကိုဆေး၂မျိုးဘဲပေးလိုက်တယ်

ဘာဆေးတွေမှန်းလဲမသိဘူး ခုဆရာဝန်ကြီးကျတော့ သေချာပြောပြခါမှ အရင်ဆေးတွေက ချွဲကျေဆေးနဲ့ ပိုးသတ်ဆေး ၂မျိုးဘဲပါတယ် ဆရာဝန်ကြီးဆီပြောင်းပြခါမှ ဆရာဝန်ကြီးက ကလေးဆေးတွေကို ချောင်းဆိုးပျောက်ဆေး အရင်ပိုးသတ်ဆေးနဲ့ ချွဲကျေဆေးဘဲ ထပ်သောက်ခိုင်းတယ် ြင်္ပးတော့ ရှုဆေးဗူးရယ် ချွဲကြောင့်နှာစေးတဲ့အခါ သောက်ဖို့ဆေးရယ် ဘာမီတွန် ၈ပုံတစ်ပုံနဲ့ ၈ရက်တိုက်ခိုင်းတယ်

bd3

ဆေးတွေလဲအများကြီးပေးတဲ့ ဆရာကြီးဆီ၁ခါပြရင် သူများဆီ ၄ ၅ ခါပြတာနဲ့ညီမျှပါတယ် တစ်ခါတည်းပြ အတော်သက်သာ ရောဂါပျောက်ဘဲ ရေရှည်အတွက် တသက်တာဆေးလဲရေးပေးလိုက်သေးတာ ကို့်ခလေးကသေးနေတဲ့အတွက် တသက်တာသောက်ဖို့ အားဆေးကိုထပ်ပေးတယ်

ကလေးကိုကြည့်ပြီး လိုနေတဲ့ ဗိုက်တာမင်တွေ အသက်ရွယ်အလိုက်သောက်ရမဲ့ရှိရမဲ့ အားဆေးတွေထပ်ပေးလိုက်တယ် ကျမလေ ဆရာဝန်ကြီးဆီ မသွားခင်က ဈေးကြီးပါစေ ကလေးထွားရင်ပီးရော အားဆေးတွေ ကြော်ညာအရဝယ်တိုက်တယ် ကလေးမထွားဘူး နေ့ဖက်မအိပ်ဘူး ပေါင်အရမ်းသေးတယ် ၇လကို ၁၃ပေါင်ကျော်လေးဘဲရှိတယ် မွေးစက ၅ပေါင်၇အောင်စ

ခုဆရာဝန်ကြီးပေးတဲ့ဆေးတွေက ဈေးမကြီးဘူး ခလေးပိုစားလာတယ် ပိုအိပ်လာတယ် ရောဂါလဲပိုသက်သာလာတယ် ဆေးတွေလဲ အမျိုးအစားအစုံအလင်နဲ့နော် အားလုံးပေါင်း စမ်းသပ်ကြည့်ရှုခ ၅၀၀၀ ဆေးခန်းဝန်ဆောင်ခ ၁၅၀၀နဲ့ ဆေးဖိုး ၁၆၅၀၀ အားလုံးပေါင်းမှ ၂သောင်းကျော်လေးဘဲကျခဲ့တယ်

ကျမလေ တကယ်အံ့သြခြင်းများစွာနဲ့အိမ်ပြန်လာခဲ့ရတယ် ဘာကြောင့် ဒီလောက်တော်နေတဲ့ ဆရာဝန်ကြီးကို လူသိပ်မသိရတာလဲ ကျမနှမြောမိတယ် ဆရာဝန်ကြီး ကျန်းမာရေးအခြေအနေကြောင့်ကော ခလေးမိဘတွေ ပိုပြီး စောစောသိခဲ့ရင် ကိုယ့်ကလေးအတွက် ဆရာကောင်းသမားကောင်းနဲ့တွေ့ပြီး ကျန်းမာတဲ့ ဘဝမျိုးရစေချင်တာ ကျမသားကစလို့ပေါ့

ပြီးတော့လေ ဆရာဝန်ကြီးက ကင်ဆာရောဂါသက်တမ်းကြာနေလှပြီဖြစ်တဲ့အတွက် သူ့ရောဂါကို ဆေးကုရင်း ငွေလဲရှာ သူဝာသနာပါတဲ့အလုပ်ကိုလဲ တစ်ရက်မှမပျက်ပါဘူးတဲ့ နေကမကောင်းတဲ့ကြားက သူ့ဆီလာပြတဲ့ မြေးခလေးလေးတွေကို လွမ်းလို့ နေမကောင်းတဲ့ကြားကထလာပြီး ဆေးလာကုရတာပါတဲ့

ရောဂါသက်တမ်းလဲကြာတော့ ဆေးကုသစားရိတ်တွေလဲ အကြွေးနဲ့ဖြစ်နေလို့ အကြွေးလဲဆပ်ချင်လို့ ထလာတာပါ ဆိုတော့ ကျမလေ စိတ်မကောင်းခြင်းကြီးစွာ နှမြေတသခြင်းတွေကြီးစွာနဲ့ ကျမ အိမ်ပြန်လာခဲ့ရတယ် ဆရာဝန်ကြီးရဲ့ ပညာတွေအတွက်လဲနှမြောမိတယ်

bd4

ကျမတို့ကလေးတွေတွက် သမားကောင်းလိုတယ်လေ သူအသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ရှိမှ ကိုယ့်ခလေးတွေအတွက် ဆုတောင်းမိတယ် ဆရာဝန်ကြီးအမြန်သက်သာပါစေ ဆေးလဲသေချာပြတ်ကုလာနိုင်ပါစေဆိုပြီးတော့လေ ဒီစာ review လေးကို ကလေးမေမေတို့ ဖတ်မိခဲ့ရင် ပြန် share ပေးပါ

အချင်းချင်း လက်တို့ကြပါ ကိုယ့်ခလေးတွေအတွက်ကော ဆရာဝန်ကြီးအတွက်ကော စေတနာ ပလပွနဲ့ ဒီစာကိုရေးပါတယ်ဒီပိုစ့်ကြောင့် ခလေးမိဘများနဲ့ ဆရာဝန်ကြီး ဒေါက်တာဦးစောအောင်မြတ်သိန်းအတွက် တစ်ဖက်တစ်လမ်း အကျိုးဖြစ်ထွန်းခဲ့မယ်ဆိုရင် ပိုစ့်တင်ရကျိုးနပ်ပါပြီ

Facebook Comments

Comments are Closed

Powered by K MEDIA

200 Shares
Share200
Tweet
Share