Local News, News

Victoria အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူ ဆန္ဒပြစေရန် လှုံ့ဆော်မှုအရေးအသားများ ပြုလုပ်ပါက အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့မှ ကြေညာ

tk27

Victoria အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူ ဆန္ဒပြစေရန် လှုံ့ဆော်မှုအရေးအသားများ ပြုလုပ်ပါက အရေးယူသွားမည်ဟု ရဲတပ်ဖွဲ့မှ ကြေညာ

tk26

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် Victoria အမှုနှင့် ပတ်သက်၍ ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓါတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူများ၏ သက်သေခံ ထွက်ဆိုချက်များ အပါအဝင် အခြားအခြားသောအထောက်အထားများဖြင့် ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့် အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့ပါကြောင်း။

CID အနေဖြင့် CCTV အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထားရရှိပြီး ယနေ့ BBC Facebook သတင်းမဖော်ပြခင်ကတည်းက တရားရုံးသက်သေခံ တင်ပြီးဖြစ်ကြောင်း၊

နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံမှ တရားဝင် လက်မှတ်ရေးထိုးပြန်ကြားသော သက်သေခံဆေးစာလည်း မပျောက်ပါသဖြင့် တရားရုံးသက်သေခံတင်ပြီးပါကြောင်း၊ မူကြိုကျောင်း၊ လမ်းပေါ်၊ အိမ် မည်သည့်ဘက်မှ မလိုက်ဘဲ စစ်ဆေးခဲ့ပါကြောင်း။

အချို့က မိမိစိတ်အထင်ဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ ကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူဆန္ဒပြစေရန် လှုံ့ဆော်မှုအရေးအသားများ၊ Victoria အတွက် အလှူခံသည်ဟု အကြောင်းပြ၍ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုများ၏

ပထမအဆင့်အနေဖြင့် သက္ကမိုးညို အကောင့် ပိုင်ရှင်အား ကြိုတင်လျို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါ သိရသည်နှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပတ်သက်မှုများကိုလည်း ဆက်လက်စိစစ်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ပါကြောင်း။

uz16

Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိလျင်တော့ မပြောလိုပါ။ ရိုးသားမှုမရှိလျင် လက်မခံဘဲ စိစစ်အရေးယူပါမည်ဟု ရဲတပ်ဖွဲ့မှ ကြေညာထားပါသည်။

Facebook Comments

Comments are Closed

Powered by K MEDIA

1K Shares
Share1K
Tweet
Share