Entertainment, Local Celebrites News

လုပ်မိခဲ့တဲ့ အပြစ်တွေကြောင့် အဖေ့ကိုအားနာမိတယ် လို့ ပြောလာတဲ့ မိုးအောင်ရင်

tk25

လုပ်မိခဲ့တဲ့ အပြစ်တွေကြောင့် အဖေ့ကိုအားနာမိတယ် လို့ ပြောလာတဲ့ မိုးအောင်ရင်

tk23

မိုးအောင်ရင်ကတော့ အဆိုတော်ဦးအောင်ရင်ရဲ့ သားဖြစ်ပြီး ကိုယ်တိုင်ကလည်း အနုပညာလောကမှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ အောင်မြင်ကျော်ကြားနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါသေးတယ်။

မိုးအောင်ရင်ကတော့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထိန်းသိမ်းခံခဲ့ရပြီး အခုချိန်မှာတော့ လွတ်ငြိမ်းချမ်းသာခွင်နဲ့ ပြန်လည်လွတ်မြောက်လာတာပဲဖြစ်ပါတယ်။မိုးအောင်ရင်က သူလုပ်မိခဲ့တဲ့ အပြစ်ကြောင့် အဖေဖြစ်သူ ဦးအောင်ရင်ကို အားနာမိကြောင်းကို “ကျွန်တော်ဒီလောက်ထိဒုက္ခပေးပြီးသွားပြီ အဖေ့ကို ကျွန်တော်တော်တော်အားနာတယ်။

ကျွန်တော်လည်းတော်တော်စိတ်မကောင်းပါဘူး။ကျွန်တော့်အဖေ့နေရာကိုဝင်ပြီး ကျွန်တော့်သားသာဆိုပြီးခံစားကြည့်တယ်။တော်တော်မလွယ်ပါဘူး။ဒီလိုကျွန်တော်ဖြစ်မိတဲ့အတွက် ကျွန်တော်နောင်တရလိုူ့မဆုံးပါဘူး”လို့ အဖေကို အားနာမိကြောင်းပြောလာပြီး

နောင်တဆိုတဲ့ စကားကိုတော့ ကျွန်တော်မသုံးချင်ဘူး။ ဘာကြောင့်လဲဆိုတော့ နောင်တရတယ်ဆိုတာ တချို့လူတွေက ပါးစပ်ကနေ လွယ်လွယ်နောင်တရကြတာ ကျွန်တော်အဲ့လိုမျိုးကြီးဖြစ်မှာဆိုးလို့အဲ့စကားကိုကျွန်တော်မသုံးချင်တာပါ။

အလုပ်နဲ့ပဲကျွန်တော်သက်သေပြချင်တယ်။ကျွန်တော်ဆက်ကြိုးစားပါမယ်။ ကျွန်တော်ခေါင်းထဲဒါပဲရှိပါတယ်။”ဆိုပြီးအပြောနဲ့မဟုတ်ပဲအလုပ်နဲ့ သက်သေပြမှာပါဆိုပြီး ပြောသွားတာပဲဖြစ်ပါတယ်။

tk24

ပရိသတ်ကြီးရေ အမှားတွေကိုသိပြီး အမှန်ရောက်အောင်ပြင်နေတဲ့ မိုးအောင်ရင်အတွက် အားပေးစကားလေးတွေပြောသွားပေးပါဦးနော်။

Facebook Comments

Comments are Closed

Powered by K MEDIA

874 Shares
Share874
Tweet
Share