Crime News, News

ရွှေအတုများဖြင့်လိမ်လည်၍လုပ်အားခ ငွေသိန်း(၃၀၀)ကျပ်ရယူသူကို အရေးယူထား

fgb

တပ်ကုန်းမြို့နယ်တွင် ရွှေအတုများဖြင့် လိမ်လည်၍ လုပ်အားခ ငွေသိန်း(၃၀၀)ကျပ် ရယူသူအား အရေးယူထား
နေပြည်တော်၊ ဇွန် ၁၅

fgb

၂၀၁၈ ခုနှစ်၊ သြဂုတ်လ မှစ၍ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာနေ ဒေါ်အေးအေးဝင်း (၄၈)နှစ်သည် အနော်ရထာရပ်ကွက်နေ မခင်သက်နွယ်(ခ)မနွယ် (၄၃)နှစ် နှင့် ခင်မင်ရင်းနှီးခဲ့ ကြောင်း၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် မခင်သက်နွယ်(ခ) မနွယ်သည် နေအိမ်သို့ ရောက်ရှိ လာပြီး

ဘိုးဘွားပိုင်အမွေများ သိုက်များမှ ရွှေ/ငွေရမည်ဟု ပြောဆိုကာ ပွဲတော်ခ ကျပ် ၁ သိန်းခွဲအား တောင်း၍ မအေးအေးဝင်းပိုင် ယာကွက်အတွင်းသို့ တူးဖော်ရာ ရွှေလက်ကောက်များနှင့် ရွှေဆွဲကြိုး များ တူးဖော်ရရှိခဲ့ကြောင်း၊

၎င်းနောက် မခင်သက်နွယ်(ခ)မနွယ်မှာ နေအိမ်သို့အကြိမ်ကြိမ် လာရောက်ခဲ့ပြီး နတ်ပူး၍ နေအိမ်ရှိ ခြင်းများ၊ ဘုရားစင်ပေါ်တို့မှ ရွှေထည်များနှင့် ယာကွက်အတွင်း တို့မှ ရွှေရောင်တဘက် ၁ ထည်၊ လိပ်ပြာပုံခါးပတ်ခေါင်းနှင့်

ချိတ်ပါရွှေရောင်ခါးပတ် ၃ ခု၊ ရွှေရောင် စလွယ် ၁ ခု၊ ရွှေရောင်ဘယက် ၂ ခု၊ ရွှေရောင်လင်ပန်း ၁ ချပ်၊ ရွှေရောင်ခေါင်ဖီး ၂ ခု၊ ရွှေဆွဲကြိုး ၁၉ ကုံး၊ ရွှေရောင်ဆံထိုး ၁ ခု၊ ရင်ထိုး ၁ ခု၊ ရွှေရာင်ဆံကုပ်ရောရာ ၇ ခု၊ ဆွဲသီး/ဆွဲပြား ၃၀ ခု၊ ကြေးခရား ၁ ခု၊ ရွှေလက်စွပ် ၄၅ ကွင်း၊ နားကွင်းရောရာ ၁၅ ခု၊ ဟန်းချိန်း ၇ ခု၊ လက်ပတ်နာရီ ၁ လုံး၊

fgb

လက်ကောက် ၁၆၀ ကွင်း၊ အရှင်သီဝလိပုံတော် ၁ ဆူ၊ ဘုရား ၂ ဆူ၊ လက်ဖွဲ့ကြိုး ၁ ခု၊ အလှူလုပ်ပါ စာတမ်းပါ သုံးထပ်သားပြား ၁ ခု၊ ပလပ်စတစ်ဗူး ၁ ဗူး၊ ဗမာဆေးမှုန့်ထုပ် ၈ ထုပ်တို့အား ရရှိခဲ့ပြီး အကြိမ် ၄၀ ခန့် တူးဖော်ခအဖြစ် ငွေကျပ် ၃၀၀ သိန်းပေးခဲ့ရကြောင်း၊ ၂၀၁၉ ဇွန် ၁၂ ရက်နေ့တွင် အဆိုပါရွှေထည်ပစ္စည်းများအား ရွှေဆိုင်၌ စစ်ဆေးခဲ့ရာ

ရွှေအတုများဖြစ် ကြောင်းသိရှိရ၍ ဒေါ်အေးအေးဝင်းမှ ဇွန်လ ၁၄ ရက်နေ့တွင် အရေးယူပေးရန်တိုင်တန်းသဖြင့် မခင်သက်နွယ်(ခ)မနွယ် အား ရွှေမြို့နယ်မြေရဲစခန်း(ပ)၃၆၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
ဓါတ်ပုံ ထွန်းဝင်း

fgb

နေပြည်တော်၊ ဇွန် ၁၅




fgb




fgb

ရဲဇာနည်
ဓါတ်ပုံ ထွန်းဝင်း

Facebook Comments

Comments are Closed

Powered by K MEDIA

5K Shares
Share5K
Tweet
Share