Knowledge, Life Style

မြတ်ဗုဒ္ဓအလိုတော်ကျရဟန်းနှင့် မာတုဂါမဆက်ဆံရေးကဏ္ဍ

sae11

မြတ်ဗုဒ္ဓအလိုတော်ကျ ရဟန်းနှင့် မာတုဂါမ ဆက်ဆံရေးကဏ္ဍ
(အရမ်းကောင်းတယ် ဖတ်ထားပြီး လိုက်နာစေချင်ပါတယ်)

sae9

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ရဟန်းတွေကို မာတုဂါမ မိန်းမတွေနဲ့ ဆက်ဆံရာမှာ ဘယ်လိုဆက်ဆံသင့်တယ် ဆိုတာ အသေအချာလမ်းညွှန် ဟောပြဆုံးမခဲ့ပါတယ်။ ဘာလို့ ဒီလိုဟောကြားပေးခဲ့ရသလဲလို့ သုံးသပ်ကြည့်ရရင် အရိယာ ဖြစ်တဲ့ ရဟန်းတွေအတွက် မာတုဂါမဆိုတဲ့ မိန်းမတွေက ပြဿနာမဖြစ်နိုင်ပေမဲ့ ပုတုဇဉ်ဖြစ်တဲ့ ရဟန်းတော်တွေအတွက် ကတော့ မိန်းမတွေက အန္တရာယ်တစ်ခုပါပဲ။

အမှိုက်ကစ ပြသာဒ် မီးလောင်ဆိုသလို မဖြစ်ရလေအောင် တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့တာလို့ ယူဆပါတယ်။ တကယ်တော့ ရဟန်းဆိုပေမဲ့ ပုထုဇဉ်ရဟန်းတစ်ပါးဟာ ယောက်ျားတစ်ယောက်နဲ့ သိပ်မခြားနားပါဘူး။ စောင့်ထိန်းရမဲ့ သိက္ခာပုဒ်တွေကိုဖယ်လိုက်ရင် ရဟန်းတော်ဟာလဲ ယောက်ျားတစ်ယောက်ပါပဲ။ ဒါကို မာတုဂါမဖြစ်တဲ့ အမျိုးသမီးတွေ သေသေချာချာ သိသင့်ပြီး ထိန်းသိမ်းသင့်ပါတယ်။

ခေတ်အဆက်ဆက်မှာ နာမည်ကြီးလှတဲ့ တရားဟော ဓမ္မာစရိယ ဆရာတော်တွေ လူထွက်ပြီး မိန်းမယူခဲ့တာတွေ သိကြ မြင်ရပါလိမ့်မယ်။ ဒါတွေက ဘာကိုပြသလဲဆိုရင် အမျိုးသမီးတွေက တရားဟော ဓမ္မာစရိယတွေ တရားဟောပြော ကောင်းပြီ ဆိုရင် ဘယ်နေရာဖြစ်ဖြစ် လိုက်လံ နာယူကြတာ တွေ့ရှိပါတယ်။

ဟောတာပြောတာကောင်းလို့ ကြည်ညိုလို့ လိုက်လံ နာယူတာကနေ ရင်းနှီးခင်မင်လိုစိတ်တွေ ဖြစ်လာကြပါတယ်။ ဆရာတော်တွေအနား ရောက်အောင် သွားပြီး ခင်မင်ခွင့်ရင်းနှီးခွင့်ကို ရအောင်ယူ ခြေဆုပ် လက်နယ်ပြု ကုသိုလ်ယူကြတဲ့ အမျိုးသမီးတွေလဲ အများကြီးပါ။

တစ်ချို့ဆို ကြည်ညိုလို့ဆိုပြီး ခြေစုံကို ဦးတိုက်တဲ့ အမျိုးသမီးတွေ၊ ဆရာတော် လာမယ့် လမ်းမှာ ဆံပင်ဖြန့်ခင်းပြီး ဆရာတော်ကို နင်းလျှောက်စေကာ ပူဇော်တဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ကိုယ်က ကြည်ညိုစိတ်နဲ့ လုပ်တာ မှန်ပေမဲ့ ဆရာတော်တွေကလဲ ပုတုဇဉ် လူသား ယောင်္ကျားတွေဆိုတာကို မမေ့သင့်ပါဘူး။

လိုအပ်တာထက် ရင်းနှီးလာပြီ ဆိုရင် သဒ္ဓါလွန်တော့ တဏှာကျွံဆိုသလိုတွေ ဖြစ်လာနိုင်ပါတယ်။ ရဟန်းတော်တွေ ဘက်ကကြည့်ရင်လဲ ငယ်စဉ်ကလေးဘဝကတည်းက ကိုရင်ဝတ် စာဝါလိုက် အသက်(၂၀)ပြည့်ပြန် တော့ ရဟန်းခံ စာဝါလိုက်ဆိုတော့ မိန်းမအကြောင်း သိဖို့ခဲယဉ်းလှပါတယ်။ ဒီလိုမျိုးနဲ့ ရဟန်းဖြစ်လာခဲ့တဲ့ ငယ်ဖြူဆရာတော်တွေဆိုရင်မိန်းမနဲ့ပက်သက်တဲ့ အတွေ့အကြုံ နည်းလွန်းလှပါတယ်။

sae9

တစ်ဖက်မှာ အမျိုးသမီးတွေက ကြည်ညိုစိတ်နဲ့ ကိုယ့်ကို အရမ်းရင်းနှီးပက်သက် လာတဲ့ အခါ အမျိုးသမီး ဆန့်ကျင်ဘက်လိင်ဆိုတဲ့ အတွေးမျိုးဝင်သွားတာနဲ့ အမှားတွေကြုံဖို့ များလာပါလိမ့်မယ်။ ဒီလိုမဖြစ်အောင် ရဟန်းတော်တွေဟာ မာတုဂါမတွေနဲ့ အတတ်နိုင်ဆုံး ထိတွေ့ဆက်ဆံမှုမဖြစ်ဖို့ ရှောင်ကြဉ်ကြရပါတယ်။

ရှောင်ကြဉ်ဖို့လဲ ဝိနည်းသိက္ခာပုဒ်များ ချမှတ်ထားခြင်းရှိပါတယ်။ သာမန်အားဖြင့် ရဟန်းတော်များသည် မာတုဂါမများနှင့်ထိတွေ့ခြင်း၊ တိုးဝှေ့ခြင်း၊ မပြုမိအောင် ရှောင်ကြဉ် ရပါသည်။ ရဟန်းများနှင့် မာတုဂါမတို့ ထိတွေ့တိုးဝှေ့၍ သာယာမိလျှင် အပြစ်ရှိသည်ဟု သိမှတ် ထားကြသည်။

ကာယသံသဂ္ဂ သိက္ခာ ပုဒ်အရ အာပတ်သင့်လျှင် ဂရုကအာပတ် သံဃာဒိသိသ်အာပတ်မျိုးဖြစ်သဖြင့် သာမန်ဒေသနာကြား အာပတ်ဖြေရုံနှင့်မရ၊ ထုံးစံရှိသလောက် ရက်ချိန်ယူ၍ ပရိဝါသ်မာနတ် ဆောက်တည်ရသည်။ အဗ္ဘာန်ဆောင် ရသည်။

ထို့ကြောင့် ရဟန်းတော် များသည် မာတုဂါမများနှင့် မထိမိအောင် သတိထားကြရသည်။ သို့သော် အမှတ်တမဲ့ထိခြင်း၊ ကား၊ ရထားပေါ်စသည်တို့၌ တိုးဝှေ့မိခြင်း၊ ခြေတော်စုံကို ဦးခိုက်ရှိခိုးခြင်း၊အာမိသ ဆက်သရာ ဆွမ်းလောင်းလှူရာ၌ လက်ချင်းထိခြင်းသည် ခြွင်းချက်သဘောနှင့် အာပတ်မှ လွတ်သည်လည်း ရှိပေသည်။

ဝန္ဒနဝတ္ထုသ္မိ ံဣတ္ထိပါဒေ သမ္ပာဟိတွာ ဝန္ဒိတုကာ မာဝါ ရေတဗ္ဗာ၊ ပါဒါဝါပဋိစ္ဆာ ဒေတဗ္ဗာနိစ္စလေနဝါ ဘဝတဗ္ဗံ၊ နိစ္စလဿ ဟိစိတ္တေန သာဒိတောအနာပတ-၁၃၂ ရှိခိုးသောဝတ္ထု၌ မာတုဂါမတစ်ယောက်က ရဟန်း၏ခြေကို ဆုပ်ကိုင်၍ ရှိခိုးသည်ကို တားမြစ်ရ၏။

ရဟန်းက ခြေကိုသော်လည်းဖုံးထားရမည်။ ဆုပ်ကိုင်ထိတွေ့၍ ရှိခိုးနေလျှင် မတုန် မလှုပ်( မလှုပ် မရှားနေ၍) သော်လည်း နေရမည်။ ခြေထောက်ကို ဆုပ်နယ်၍ ရှိခိုးနေသော မာတုဂါမ၏ လက်မှ လွတ်ရန် ရုန်းကန်လှုပ်ရှားသော်လည်း လွတ်မြောက် ရန်သာ လုံ့လထုတ်ခြင်းဖြစ်၍ အပြစ်မရှိဟုဆိုပေသည်။

ထိုအချက်ကို သတိပြု၍ ဆွမ်းခံရာ၌ သပိတ် ကပ်ခြင်း၊ ပေးလှူခြင်းတို့၌ လက်ချင်းထိသောအရာ၊ ပရိတ်သတ်ထဲ၌ အမှတ်မဲ့လက်ကို ဆန့်တန်းရာ၌ မာတုဂါမ၏ ကိုယ်အင်္ဂါကို ထိမိသောအရာ၊မိန်းကလေးကို ယောကျ်ားလေးမှတ်၍ ကိုင်မိသောအရာ စသည်တို့၌လည်း အတူတူပင်ဖြစ်ပေသည်။

ဒါကြောင့် ရဟန်းတော်တွေဘက်ကလဲ ဘုရားရှင်ဟောပြခဲ့တဲ့ မာတုဂါမများနဲ့ ဆက်ဆံရမဲ့ နည်းလမ်းတွေကို အတိအကျ လိုက်နာကျင့်သုံးဖို့လိုအပ်သလို မာတုဂါမဖြစ်တဲ့ အမျိုးသမီးများအနေနဲ့ကလည်း ကိုယ်ကြည်ညိုပြီး ရင်းနှီးသိကျွမ်းခင်မင် ချင်တာမှန်ပေမဲ့ လိုအပ်တာထက်ပိုတဲ့ ရင်းနှီးမှုမျိုးကို မဖြစ်စေဖို့ သတိထားသင့်ပါတယ်။နောက်ဆုံးအနေနဲ့ ဘုရားရှင် ဟောကြားခဲ့တာ ပြောကြားခဲ့တာကို အားလုံး သိအောင် အောက်မှာ ရေးသားပေးလိုက်ပါတယ်…. ဖတ်ကြည့်လိုက်ပါ။

ရှင်အာနန္ဒာ မှာ မေးခွန်းတွေတိုးလာခဲ့ပြန်ပေါ့။ ရဟန်းတစ်ပါးနဲ့ အမျိုးသမီးထုဆက်ဆံရေး နည်းပေးခဲ့ပါဦးတဲ့ တိုတို ရှင်းမိန့်ဆိုတယ်မကြည့်နဲ့ အာနန္ဒာ တဲ့ မကြည့်လို့ မဖြစ်တဲ့ အခြေအနေမျိုးမှာ ဘုရား တဲ့။ မပြောနဲ့ကွာ အာနန္ဒာ တဲ့။ မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား တဲ့သတိသာ ထားပေရော အာနန္ဒာ တဲ့။ မူရင်းလေးလည်း ဖော်ပြချင်ပါသေးတယ်။

sae9

ကထံ မယံ ဘန္တေ မာတုဂါမေ ပဋိပဇ္ဇာမ။
အဒဿ နံ အာနန္ဒ
ဒဿ န ဘဂဝါ သတိ ကထံ ပဋိပဇ္ဇိတဗ္ဗံ။

အနာလာပေါ အာနန္ဒ
အာလပန္တေန ပန ဘန္တေ ကထံ ပဋိပဇ္ဇိတဗ္ဗံ
သတိ အာနန္ဒ ဥပဌာပေတဗ္ဗာ။

အာနန္ဒာသည် အမြော်အမြင်ကြီးစွာဖြင့် ရဟန်းတော်များနှင့် မာတုဂါမတို့ ဆက်ဆံရမည့် နောင်ရေးကို တွေးမိလာလေ သည်။ ရဟန်းတော်များမှာ ပရူပဇီဝိပုဂ္ဂိုလ် သူတစ်ပါးကိုမှီ၍ အသက်မွေးကြသူ များဖြစ်သောကြောင့် ပေါင်းသင်း ဆက်ဆံရေးနှင့် မာတုဂါမများနှင့်ကင်း၍လည်း မဖြစ်နိုင်။

ဆက်ဆံရမည် သာဖြစ်လေရာ ထိုမာတုဂါမများ (မိန်းမများ) နှင့် ဆက်ဆံသောအခါ၌ ရဟန်းတော်များ အနေဖြင့် မည်သို့ မည်ပုံကျင့်ကြံရမည်၊နေထိုင်ရမည်ဟူသောအချက်ကို မြတ်ဘုရားသက်တော်ထင်ရှားရှိခိုက် လျှောက်ထား ထိုက်သည်ဟု တွေးတောမိသဖြင့် နိဗ္ဗာန်စံပျော်တော်မူခါနီး ကာလတွင် အရှင်အာနန္ဒာက ကပ်၍ လျှောက် ထားလေ၏။

ျမတ္ဗုဒၶအလုိေတာ္က် ရဟန္းႏွင့္ မာတုဂါမ ဆက္ဆံေရးက႑
(အရမ္းေကာင္းတယ္ ဖတ္ထားၿပီီး လိုက္နာေစခ်င္ပါတယ္)

sae9

ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးက ရဟန္းေတြကို မာတုဂါမ မိန္းမေတြနဲ႔ ဆက္ဆံရာမွာ ဘယ္လိုဆက္ဆံသင့္တယ္ ဆိုတာ အေသအခ်ာလမ္းညႊန္ ေဟာျပဆံုးမခဲ့ပါတယ္။ ဘာလို႔ ဒီလိုေဟာၾကားေပးခဲ႔ရသလဲလို႔ သံုးသပ္ၾကည့္ရရင္ အရိယာ ျဖစ္တဲ့ ရဟန္းေတြအတြက္ မာတုဂါမဆိုတဲ့ မိန္းမေတြက ျပႆနာမျဖစ္နိုင္ေပမဲ႔ ပုတုဇဥ္ျဖစ္တဲ့ ရဟန္းေတာ္ေတြ
အတြက္ ကေတာ့ မိန္းမေတြက အႏၱရာယ္တစ္ခုပါပဲ။

အမႈိက္ကစ ျပသာဒ္ မီးေလာင္ဆိုသလို မျဖစ္ရေလေအာင္ တင္းတင္းက်ပ္က်ပ္ တားျမစ္ထားခဲ႔တာလို႔ ယူဆပါတယ္။ တကယ္ေတာ့ ရဟန္းဆိုေပမဲ့ ပုထုဇဥ္ရဟန္းတစ္ပါးဟာ ေယာက္်ားတစ္ေယာက္နဲ့ သိပ္မျခားနားပါဘူး။ ေစာင့္ထိန္းရမဲ့ သိကၡာပုဒ္ေတြကိုဖယ္လိုက္ရင္ ရဟန္းေတာ္ဟာလဲ ေယာက္်ားတစ္ေယာက္ပါပဲ။ ဒါကို မာတုဂါမျဖစ္တဲ့ အမ်ိဳးသမီးေတြ ေသေသခ်ာခ်ာ သိသင့္ၿပီး ထိန္းသိမ္းသင့္ပါတယ္။

ေခတ္အဆက္ဆက္မွာ နာမည္ႀကီးလွတဲ့ တရားေဟာ ဓမၼာစရိယ ဆရာေတာ္ေတြ လူထြက္ၿပီး မိန္းမယူခဲ႔တာေတြ သိၾက ျမင္ရပါလိမ့္မယ္။ ဒါေတြက ဘာကိုျပသလဲဆိုရင္ အမ်ိဳးသမီးေတြက တရားေဟာ ဓမၼာစရိယေတြ တရားေဟာေျပာ ေကာင္းၿပီ ဆိုရင္ ဘယ္ေနရာျဖစ္ျဖစ္ လိုက္လံ နာယူၾကတာ ေတြ႕ရွိပါတယ္။

ေဟာတာေျပာတာေကာင္းလို႔ ၾကည္ညိဳလို႔ လိုက္လံ နာယူတာကေန ရင္းႏွီးခင္မင္လိုစိတ္ေတြ ျဖစ္လာၾကပါတယ္။ ဆရာေတာ္ေတြအနား ေရာက္ေအာင္ သြားၿပီး ခင္မင္ခြင့္ရင္းႏွီးခြင့္ကို ရေအာင္ယူ ေျခဆုပ္ လက္နယ္ျပဳ ကုသိုလ္ယူၾကတဲ့ အမ်ိဳးသမီးေတြလဲ အမ်ားႀကီးပါ။

တစ္ခ်ိဳ႔ဆို ၾကည္ညိဳလို႔ဆိုၿပီး ေျခစံုကို ဦးတိုက္တဲ့ အမ်ိဳးသမီးေတြ၊ ဆရာေတာ္ လာမယ့္ လမ္းမွာ ဆံပင္ျဖန္႔ခင္းၿပီး ဆရာေတာ္ကို နင္းေလွ်ာက္ေစကာ ပူေဇာ္တဲ့ အမ်ိဳးသမီးေတြ အမ်ားႀကီးရွိပါတယ္။ ကိုယ္က ၾကည္ညိဳစိတ္နဲ႔ လုပ္္တာ မွန္ေပမဲ႔ ဆရာေတာ္ေတြကလဲ ပုတုဇဥ္ လူသား ေယာက်ၤားေတြဆိုတာကို မေမ႔သင့္ပါဘူး။

လိုအပ္တာထက္ ရင္းႏွီးလာၿပီ ဆိုရင္ သဒၶါလြန္ေတာ့ တဏွာကၽြံဆုိသလိုေတြ ျဖစ္လာနိုင္ပါတယ္။ ရဟန္းေတာ္ေတြ ဘက္ကၾကည့္ရင္လဲ ငယ္စဥ္ကေလးဘ၀ကတည္းက ကိုရင္၀တ္ စာ၀ါလိုက္ အသက္(၂၀)ျပည့္ျပန္ ေတာ့ ရဟန္းခံ စာ၀ါလိုက္ဆိုေတာ့ မိန္းမအေၾကာင္း သိဖို႔ခဲယဥ္းလွပါတယ္။ ဒီလိုမ်ိဳးနဲ႔ ရဟန္းျဖစ္လာခဲ့တဲ့ ငယ္ျဖဴဆရာေတာ္ေတြဆိုရင္မိန္းမနဲ႔ပက္သက္တဲ့ အေတြ႔အႀကံဳ နည္းလြန္းလွပါတယ္။

တစ္ဖက္မွာ အမ်ိဳးသမီးေတြက ၾကည္ညိဳစိတ္နဲ႔ ကိုယ့္ကို အရမ္းရင္းႏွီးပက္သက္ လာတဲ့ အခါ အမ်ိဳးသမီး ဆန္႔က်င္ဘက္လိင္ဆိုတဲ့ အေတြးမ်ိဳး၀င္သြားတာနဲ႔ အမွားေတြၾကံဳဖို႔ မ်ားလာပါလိမ့္မယ္။ ဒီလိုမျဖစ္ေအာင္ ရဟန္းေတာ္ေတြဟာ မာတုဂါမေတြနဲ႔ အတတ္နိုင္ဆံုး ထိေတြ႔ဆက္ဆံမႈမျဖစ္ဖို႔ ေရွာင္ၾကဥ္ၾကရပါတယ္။

sae9

ေရွာင္ၾကဥ္ဖို႔လဲ ၀ိနည္းသိကၡာပုဒ္မ်ား ခ်မွတ္ထားျခင္းရွိပါတယ္။ သာမန္အားျဖင့္ ရဟန္းေတာ္မ်ားသည္ မာတုဂါမမ်ားႏွင့္ထိေတြ႔ျခင္း၊ တိုးေ၀ွ႔ျခင္း၊ မျပဳမိေအာင္ ေရွာင္ၾကဥ္ ရပါသည္။ ရဟန္းမ်ားႏွင့္ မာတုဂါမတို႔ ထိေတြ႔တိုးေ၀ွ႔၍ သာယာမိလွ်င္ အျပစ္ရွိသည္ဟု သိမွတ္ ထားၾကသည္။

ကာယသံသဂၢ သိကၡာ ပုဒ္အရ အာပတ္သင့္လွ်င္ ဂရုကအာပတ္ သံဃာဒိသိသ္အာပတ္မ်ိဳးျဖစ္သျဖင့္ သာမန္ေဒသနာၾကား အာပတ္ေျဖရံုႏွင့္မရ၊ ထံုးစံရွိသေလာက္ ရက္ခ်ိန္ယူ၍ ပရိ၀ါသ္မာနတ္ ေဆာက္တည္ရသည္။ အဗၻာန္ေဆာင္ ရသည္။

ထို႔ေၾကာင့္ ရဟန္းေတာ္ မ်ားသည္ မာတုဂါမမ်ားႏွင့္ မထိမိေအာင္ သတိထားၾကရသည္။ သို႔ေသာ္ အမွတ္တမဲ့ထိျခင္း၊ ကား၊ ရထားေပၚစသည္တုိ႔၌ တိုးေ၀ွ႔မိျခင္း၊ ေျခေတာ္စံုကို ဦးခိုက္ရွိခိုးျခင္း၊အာမိသ ဆက္သရာ ဆြမ္းေလာင္းလွဴရာ၌ လက္ခ်င္းထိျခင္းသည္ ျခြင္းခ်က္သေဘာႏွင့္ အာပတ္မွ လြတ္သည္လည္း ရိွေပသည္။

၀ႏၵန၀တၳဳသၼိ ံဣတၳိပါေဒ သမၸာဟိတြာ ၀ႏၵိတုကာ မာ၀ါ ေရတဗၺာ၊ ပါဒါ၀ါပဋိစၧာ ေဒတဗၺာနိစၥေလန၀ါ ဘ၀တဗၺံ၊ နိစၥလႆ ဟိစိေတၱန သာဒိေတာအနာပတ-၁၃၂ ရွိခိုးေသာ၀တၳဳ၌ မာတုဂါမတစ္ေယာက္က ရဟန္း၏ေျခကို ဆုပ္ကိုင္၍ ရွိခိုးသည္ကို တားျမစ္ရ၏။

ရဟန္းက ေျခကိုေသာ္လည္းဖံုးထားရမည္။ ဆုပ္ကိုင္ထိေတြ႔၍ ရွိခိုးေနလွ်င္ မတုန္ မလွဳပ္( မလွဳပ္ မရွားေန၍) ေသာ္လည္း ေနရမည္။ ေျခေထာက္ကို ဆုပ္နယ္၍ ရွိခိုးေနေသာ မာတုဂါမ၏ လက္မွ လြတ္ရန္ ရုန္းကန္လွဳပ္ရွားေသာ္လည္း လြတ္ေျမာက္ ရန္သာ လံု႔လထုတ္ျခင္းျဖစ္၍ အျပစ္မရွိဟုဆိုေပသည္။

ထုိအခ်က္ကို သတိျပဳ၍ ဆြမ္းခံရာ၌ သပိတ္ ကပ္ျခင္း၊ ေပးလွဴျခင္းတို႔၌ လက္ခ်င္းထိေသာအရာ၊ ပရိတ္သတ္ထဲ၌ အမွတ္မဲ႔လက္ကို ဆန္႔တန္းရာ၌ မာတုဂါမ၏ ကိုယ္အဂၤါကို ထိမိေသာအရာ၊မိန္းကေလးကို ေယာက်္ားေလးမွတ္၍ ကိုင္မိေသာအရာ စသည္တို႔၌လည္း အတူတူပင္ျဖစ္ေပသည္။

ဒါေၾကာင့္ ရဟန္းေတာ္ေတြဘက္ကလဲ ဘုရားရွင္ေဟာျပခဲ့တဲ့ မာတုဂါမမ်ားနဲ႔ ဆက္ဆံရမဲ့ နည္းလမ္းေတြကို အတိအက် လိုက္နာက်င့္သံုးဖို႔လိုအပ္သလို မာတုဂါမျဖစ္တဲ့ အမ်ိဳးသမီးမ်ားအေနနဲ႔ကလည္း ကိုယ္ၾကည္ညိဳၿပီး ရင္းႏွီးသိကၽြမ္းခင္မင္ ခ်င္တာမွန္ေပမဲ႔ လိုအပ္တာထက္ပိုတဲ့ ရင္းႏွီးမႈမ်ိဳးကို မျဖစ္ေစဖို႔ သတိထားသင့္ပါတယ္။ေနာက္ဆံုးအေနနဲ႔ ဘုရားရွင္ ေဟာၾကားခဲ့တာ ေျပာၾကားခဲ့တာကို အားလံုး သိေအာင္ ေအာက္မွာ ေရးသားေပးလိုက္ပါတယ္…. ဖတ္ၾကည့္လိုက္ပါ။

ရွင္အာနႏၵာ မွာ ေမးခြန္းေတြတိုးလာခဲ့ျပန္ေပါ့။ ရဟန္းတစ္ပါးနဲ႕ အမ်ိဳးသမီးထုဆက္ဆံေရး နည္းေပးခဲ့ပါဦးတဲ့ တိုတို ရွင္းမိန္႔ဆိုတယ္မၾကည့္နဲ႕ အာနႏၵာ တဲ့ မၾကည့္လို႔ မျဖစ္တဲ့ အေျခအေနမ်ိဳးမွာ ဘုရား တဲ့။ မေျပာနဲ႕ကြာ အာနႏၵာ တဲ့။ မေျပာလို႕လည္း မျဖစ္ဘူးဆိုရင္ေကာ ဘုရား တဲ့သတိသာ ထားေပေရာ အာနႏၵာ တဲ့။ မူရင္းေလးလည္း ေဖာ္ျပခ်င္ပါေသးတယ္။

sae9

ကထံ မယံ ဘေႏၱ မာတုဂါေမ ပဋိပဇၨာမ။
အဒႆ နံ အာနႏၵ
ဒႆ န ဘဂ၀ါ သတိ ကထံ ပဋိပဇၨိတဗၺံ။

အနာလာေပါ အာနႏၵ
အာလပေႏၱန ပန ဘေႏၱ ကထံ ပဋိပဇၨိတဗၺံ
သတိ အာနႏၵ ဥပဌာေပတဗၺာ။

အာနႏၵာသည္ အေျမာ္အျမင္ၾကီးစြာျဖင့္ ရဟန္းေတာ္မ်ားႏွင့္ မာတုဂါမတုိ႕ ဆက္ဆံရမည့္ ေနာင္ေရးကို ေတြးမိလာေလ သည္။ ရဟန္းေတာ္မ်ားမွာ ပရူပဇီဝိပုဂၢိဳလ္ သူတစ္ပါးကိုမွီ၍ အသက္ေမြးၾကသူ မ်ားျဖစ္ေသာေၾကာင့္ ေပါင္းသင္း ဆက္ဆံေရးႏွင့္ မာတုဂါမမ်ားႏွင့္ကင္း၍လည္း မျဖစ္ႏုိင္။

ဆက္ဆံရမည္ သာျဖစ္ေလရာ ထုိမာတုဂါမမ်ား (မိန္းမမ်ား) ႏွင့္ ဆက္ဆံေသာအခါ၌ ရဟန္းေတာ္မ်ား အေနျဖင့္ မည္သို႕ မည္ပံုက်င့္ၾကံရမည္၊ေနထုိင္ရမည္ဟူေသာအခ်က္ကို ျမတ္ဘုရားသက္ေတာ္ထင္ရွားရွိခိုက္ ေလွ်ာက္ထား ထုိက္သည္ဟု ေတြးေတာမိသျဖင့္ နိဗၺာန္စံေပ်ာ္ေတာ္မူခါနီး ကာလတြင္ အရွင္အာနႏၵာက ကပ္၍ ေလွ်ာက္ ထားေလ၏။

Facebook Comments

Comments are Closed

Powered by K MEDIA

4K Shares
Share4K
Tweet
Share