Local News, News

လေလွင့်ခွေးအကိုက်ခံရပါက ခွေးချစ်သူများအဖွဲ့မှတာဝန်ယူ ဆေးကုသပေးမည်တဲ့

sae7

ရန်ကုန်တိုင်းဒေသကြီးတွင် လေလွင့်ခွေးအကိုက်ခံရပါက ခွေးချစ်သူများအဖွဲ့က တာဝန်ယူကာ ဆေးကုသပေးမည်ဖြစ်ကြောင်း အမေ့ရင်ခွင် ခွေးဂေဟာပိုင်ရှင် ဒေါ်ဝေေ၀မိုးက ဆိုသည်။

sae8

ရန်ကုန်မြို့တော်ရှိ Orchid ဟိုတယ်တွင် ယနေ့ (ဇွန် ၁၅) င်းပသည့် လေလွင့်ခွေးများကို အဆိပ်ချ သတ်ဖြတ်ခြင်းနှင့် အစာကျွေးခြင်းအပေါ် ပိတ်ပင်တားဆီးမှုကို ပြင်ဆင်ပေးရန် တောင်းဆိုခြင်း အခမ်းအနားတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ခွေးကိုက်ခံရလို့ရှိရင် ကျွန်မတို့(ခွေးချစ်သူများ)က အကိုက်ခံရတဲ့သူကို ဆေးကုပေးပေါ့မယ့်”ဟု ဒေါ်ဝေေ၀မိုးက ဆိုသည်။ ထိုသို့ဆေးကုသပေးရန်အတွက် ခွေးချစ်သူများအဖွဲ့က ငွေကြေးထည့်ဝင်ကာ အဖွဲ့တစ်ခုဖွဲ့စည်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ခေတ်အဆက်ဆက် လေလွင့်ခွေးများကို အဆိပ်ချရှင်းလင်းခြင်း ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်း၊ ထို့ကြောင့် ခွေးရူးပြန် ကာကွယ်ဆေးထိုးခြင်း၊ မျိုးဆက်ခြားခြင်းတို့သာ ဆောင်ရွက်သင့်ကြောင့် ဒေါ်ဝေေ၀မိုးက ဆက်လက် ပြောကြားသည်။

ထိုပြင် လေလွင့်ခွေးများကို ဂေဟာတွင်ထားရှိရန် နေရာမလုံလောက်သဖြင့် မူလနေရာတွင်သာ ထားရှိစေလိုကြောင်း၊ အဆိုပါလေလွင့်ခွေးများကို မျိုးပွားမှုထိန်းချုပ်ပေးမည်ဖြစ်ပြီး လူကိုကိုက်သည့် ခွေးကိုမူ ဂေဟာသို့ ပေးပို့ရန်စီစဉ်ထားကာ ယင်းသို့ဆောင်ရွက်ခြင်းကို လက်ခံပေးစေလိုကြောင်း တိရိစ္ဆာချစ်သူများက တောင်းဆိုကြသည်။

sae7

လေလွင့်ခွေးများကို ကျန်းမာရေးအရ လမ်းဘေးတွင် မရှိစေလိုသော်လည်း အဆိပ်ချခြင်း၊ နေရာရွေ့ခြင်းဖြင့် မပပျောက်နိုင်သဖြင့် မျိုးပွားမှုထိန်းချုပ်ကာ အကောင်ရေလျော့ချခြင်းဖြင့်သာ ဆောင်ရွက်သင့်ကြောင်း အဆိုပါပွဲကို တက်ရောက်သည့် ဒေါက်တာငုဝါအောင်က ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လေလွင့်ခွေးကောင်ရေ ၃ ဒသမ ၈ သန်းရှိပြီး နှစ်စဉ်ခွေးကိုက်ခံရသူ နှစ်သိန်းနီးပါးရှိကာ ယင်းအနက်ခွေးရူးရောဂါကြောင့် ၂၀၁၇ ခုနှစ်တွင် ၇၈ ဦး၊ ၂၀၁၈ တွင် ၆၉ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရသည်။

ရန်ကုန်တိုင်းတွင် နှစ်စဉ်ခွေးကောင်ရေ ၂၀ ရာခိုင်နူန်းမှ ၂၅ ရာခိုင်နှုန်းအထိ တိုးပွားလျက်ရှိပြီး စုစုပေါင်း ခွေးကောင်ရေနှစ်သိန်းခန့်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စာရင်းများအရ သိရှိရသည်။

လေလွင့်ခွေးများကို ရန်ကုန်စည်ပင်က ခေတ်အဆက်ဆက်အဆိပ်ချရှင်းလင်းခဲ့သော်လည်း နောက်ပိုင်းတွင် ခွေးချစ်သူများက ကန့်ကွက်သည့်အတွက် အဆိပ်ချသုတ်သင်ခြင်းကို လျှော့ချကာ ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးခြင်း၊ သားဆက်ခြားသင်းကွပ်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

၂၀၁၁ – ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ခွေးကောင်ရေသုံးသောင်းကျော်(၃၈,၁၅၆) ကို သုတ်သင်ခဲ့သော်လည်း နှစ်စဉ်လျှော့ချကာ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်မူ ခွေးကောင်ရေနှစ်သောင်းကျော် (၂၂,၂၀၃) သုတ်သင်ခဲ့ကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၏စာရင်းများအရ သိရှိရသည်။

sae8

ရန္ကုန္တိုင္းေဒသႀကီးတြင္ ေလလြင့္ေခြးအကိုက္ခံရပါက ေခြးခ်စ္သူမ်ားအဖြဲ႔က တာ၀န္ယူကာ ေဆးကုသေပးမည္ျဖစ္ေၾကာင္း အေမ႔ရင္ခြင္ ေခြးေဂဟာပိုင္ရွင္ ေဒၚေ၀ေ၀မိုးက ဆိုသည္။

ရန္ကုန္ျမဳိ႕ေတာ္ရွိ Orchid ဟိုတယ္တြင္ ယေန႔ (ဇြန္ ၁၅) င္းပသည့္ ေလလြင့္ေခြးမ်ားကို အဆိပ္ခ် သတ္ျဖတ္ျခင္းႏွင့္ အစာေကၽြးျခင္းအေပၚ ပိတ္ပင္တားဆီးမႈကို ျပင္ဆင္ေပးရန္ ေတာင္းဆိုျခင္း အခမ္းအနားတြင္ ၎ကအထက္ပါအတုိင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေခြးကိုက္ခံရလို႔ရွိရင္ ကၽြန္မတို႔(ေခြးခ်စ္သူမ်ား)က အကိုက္ခံရတဲ့သူကို ေဆးကုေပးေပါ့မယ့္”ဟု ေဒၚေ၀ေ၀မိုးက ဆိုသည္။ ထိုသုိ႔ေဆးကုသေပးရန္အတြက္ ေခြးခ်စ္သူမ်ားအဖြဲ႔က ေငြေၾကးထည့္၀င္ကာ အဖြဲ႔တစ္ခုဖြဲ႔စည္း၍ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၎ကရွင္းျပသည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ေခတ္အဆက္ဆက္ ေလလြင့္ေခြးမ်ားကို အဆိပ္ခ်ရွင္းလင္းျခင္း ေဆာင္ရြက္ခဲ့ေသာ္လည္း ေအာင္ျမင္မႈမရွိခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ေခြးရူးျပန္ ကာကြယ္ေဆးထိုးျခင္း၊ မ်ဳိးဆက္ျခားျခင္းတို႔သာ ေဆာင္ရြက္သင့္ေၾကာင့္ ေဒၚေ၀ေ၀မိုးက ဆက္လက္ ေျပာၾကားသည္။

sae7

ထိုျပင္ ေလလြင့္ေခြးမ်ားကို ေဂဟာတြင္ထားရွိရန္ ေနရာမလံုေလာက္သျဖင့္ မူလေနရာတြင္သာ ထားရွိေစလိုေၾကာင္း၊ အဆိုပါေလလြင့္ေခြးမ်ားကို မ်ဳိးပြားမႈထိန္းခ်ဳပ္ေပးမည္ျဖစ္ၿပီး လူကိုကိုက္သည့္ ေခြးကိုမူ ေဂဟာသို႔ ေပးပို႔ရန္စီစဥ္ထားကာ ယင္းသို႔ေဆာင္ရြက္ျခင္းကို လက္ခံေပးေစလိုေၾကာင္း တိရိစာၦခ်စ္သူမ်ားက ေတာင္းဆိုၾကသည္။

ေလလြင့္ေခြးမ်ားကို က်န္းမာေရးအရ လမ္းေဘးတြင္ မရွိေစလုိေသာ္လည္း အဆိပ္ခ်ျခင္း၊ ေနရာေရြ႕ျခင္းျဖင့္ မပေပ်ာက္ႏိုင္သျဖင့္ မ်ဳိးပြားမႈထိန္းခ်ဳပ္ကာ အေကာင္ေရေလ်ာ့ခ်ျခင္းျဖင့္သာ ေဆာင္ရြက္သင့္ေၾကာင္း အဆိုပါပြဲကို တက္ေရာက္သည့္ ေဒါက္တာငု၀ါေအာင္က ဆိုသည္။

ျမန္မာတစ္ႏိုင္ငံလုံးတြင္ ေလလြင့္ေခြးေကာင္ေရ ၃ ဒသမ ၈ သန္းရွိၿပီး ႏွစ္စဥ္ေခြးကိုက္ခံရသူ ႏွစ္သိန္းနီးပါးရွိကာ ယင္းအနက္ေခြး႐ူးေရာဂါေၾကာင့္ ၂၀၁၇ ခုႏွစ္တြင္ ၇၈ ဦး၊ ၂၀၁၈ တြင္ ၆၉ ဦး ေသဆုံးခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ စာရင္းမ်ားအရ သိရွိရသည္။

ရန္ကုန္တိုင္းတြင္ ႏွစ္စဥ္ေခြးေကာင္ေရ ၂၀ ရာခိုင္ႏူန္းမွ ၂၅ ရာခိုင္ႏႈန္းအထိ တိုးပြားလ်က္ရွိၿပီး စုစုေပါင္း ေခြးေကာင္ေရႏွစ္သိန္းခန္႔ရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ စာရင္းမ်ားအရ သိရွိရသည္။

ေလလြင့္ေခြးမ်ားကို ရန္ကုန္စည္ပင္က ေခတ္အဆက္ဆက္အဆိပ္ခ်ရွင္းလင္းခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ေခြးခ်စ္သူမ်ားက ကန္႔ကြက္သည့္အတြက္ အဆိပ္ခ်သုတ္သင္ျခင္းကို ေလၽွာ႔ခ်ကာ ေခြး႐ူးေရာဂါ ကာကြယ္ေဆးထိုးေပးျခင္း၊ သားဆက္ျခားသင္းကြပ္ျခင္းတို႔ကို တိုးျမႇင့္ေဆာင္႐ြက္ခဲ့သည္။

sae8

၂၀၁၁ – ၂၀၁၂ ဘ႑ာေရးႏွစ္တြင္ ေခြးေကာင္ေရသုံးေသာင္းေက်ာ္(၃၈,၁၅၆) ကုိ သုတ္သင္ခဲ့ေသာ္လည္း ႏွစ္စဥ္ေလၽွာ႔ခ်ကာ ၂၀၁၆ – ၂၀၁၇ ဘ႑ာေရးႏွစ္တြင္မူ ေခြးေကာင္ေရႏွစ္ေသာင္းေက်ာ္ (၂၂,၂၀၃) သုတ္သင္ခဲ့ေၾကာင္း တိရစၧာန္ေဆးကုႏွင့္ သားသတ္႐ုံမ်ားဌာန၏စာရင္းမ်ားအရ သိရွိရသည္။

Facebook Comments

Comments are Closed

Powered by K MEDIA

223 Shares
Share223
Tweet
Share