Local News, News

ရက်ပေါင်း ၃၀ ကြာပေမယ့်တရားခံမဖော်ထုတ်နိုင်သေးတဲ့နေပြည်တော်ကမူကြိုကျောင်းသူ ကလေးငယ်တစ်ဦးရဲ့ အမှု

sae6

“မြန်မြန်လာပါ အမှန်တရား”
နေပြည်တော်က မူကြိုကျောင်း သူ ကလေးငယ်တစ်ဦးပြီးခဲ့တဲ့လ အတွင်းက မဖွယ်မရာပြုကျင့်ခံခဲ့ရ တဲ့ ဖြစ်စဉ်ကို အားလုံးသတိပြုမိ ကြပါလိမ့်မယ်။

sae5

အသက် (၂)နှစ်နဲ့ ၁၁ လသာရှိသေးတဲ့ အဲဒီကလေးငယ် ဟာ နေပြည်တော် သပြေကုန်းမှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ တက်ရောက် နေသူဖြစ်ပြီး မေလ ၁၆ ရက်နေ့ က မဖွယ်မရာပြုကျင့်ခံခဲ့ရတာပါ။ အဲဒီလိုပြုကျင့်ခံရတာကို မိခင်ဖြစ် သူက သတိပြုမိခဲ့ပြီးနောက် အမှု ဖွင့်ခဲ့ပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့်ပါတယ်။

အမှုနဲ့ ပတ်သက်ပြီး စီစီတီဗီ မှတ်တမ်းအရ သံသယရှိသူ အမျိုး သားတစ်ဦးကိုလည်း မေလ ၃၀ရက်ကစပြီး စစ်ဆေးမှုတွေပြုခဲ့ ပါတယ်။ မေလ ၃၁ ရက်မှာတော့ပိုးဖြူဆိုတဲ့ အကောင့်ပိုင်ရှင်က ဒီဖြစ်စဉ်ကို လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ရာကနေ လူအများ အာရုံပိုစိုက်မိခဲ့ကြပါတယ်။

ဖြစ် ပွားခဲ့တာဟာ ကျောင်းမှာလား၊ လမ်းမှာလား၊ အိမ်မှာလားဆိုတဲ့ မေးခွန်းထုတ်မှု၊ ပြောဆိုမှု၊ ငြင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့ပြီး ကျောင်းနဲ့အိမ်ကြားအငြင်းပွားမှု တချို့ရှိခဲ့သလို လူမှုကွန်ရက်ပေါ် မှာလည်း ပြောဆိုဝေဖန်ထောက် ပြမှု၊ အငြင်းပွားမှုများစွာ ရှိခဲ့ပါ တယ်။

ဒီကလေးငယ်ဖြစ်စဉ်ကို လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ ပိုးဖြူအကောင့်ပိုင်ရှင်နဲ့ ပြန်လည်ဝေမျှ ခဲ့သူတို့ကိုတော့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဇွန်လ ၁ ရက်မှာ အမှုဖွင့်လိုက်တယ်ဆိုပြီး သတင်း တွေမှာ ဖတ်ရပါတယ်။

ဇွန်လ ၃ ရက်မှာတော့ ဒီ အမှုကိုစီအိုင်ဒီက လွှဲပြောင်းကိုင် တွယ်လာပါတယ်။ တစ်နည်းပြော ရရင်တော့ ရဲတပ်ဖွဲ့ဘက်က လည်း ဒီအမှုနဲ့ပတ်သက်ပြီး အားပိုစိုက်ထုတ်လာတဲ့ သဘောဖြစ်ပါ တယ်။ ဒါတွေဟာ မူကြိုကျောင်း သူကလေးငယ်ဖြစ်စဉ်အပေါ် ခြုံငုံ မိစေချင်းငှာ အကျဉ်းချုပ်ဖော်ပြ ခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အ မှန်တကယ်ကျူးလွန်ခဲ့တဲ့ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိသလို အိမ်နဲ့ ကျောင်းအကြား တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပြောဆိုငြင်းခုံမှုတွေ၊ လူမှုကွန် ရက်သုံးစွဲသူများအကြား ငြင်းခုံမှု၊ ဝေဖန်ထောက်ပြမှုများနဲ့ ခရီး ဆက်လျက်ရှိနေပါတယ်။

ဒီဖြစ်စဉ်အပေါ် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်နဲ့ ချိန်ထိုးပြချင် ပါတယ်။ အဲဒါကတော့ တောင်ကို ရီးယားမှာ အမှန်တကယ်ဖြစ်ပွား ခဲ့တဲ့ ဖြစ်ရပ်မှန် သက်ငယ်မုဒိမ်း မှုအကြောင်း ရုပ်ရှင်ရိုက်ကူးထုတ် လုပ်ထားတာဖြစ်ပါတယ်။

ဇာတ်ကားနာမည်က ‘Hope’ပါ။ အသက် (၅၇)နှစ်အရွယ် ချိုဒူ ဆွန်း (Cho Doo-soon)အမည်ရ လူတစ်ဦးရဲ့ လူမဆန်စွာပြုကျင့် ခြင်းကို ခံခဲ့ရတဲ့ အသက် (၈)နှစ် အရွယ် ပထမတန်းကျောင်းသူ မိန်းကလေးငယ်အကြောင်း ရိုက် ကူးထားတာဖြစ်ပါတယ်။

sae5

မိုးရွာနေတဲ့တစ်နေ့။ ကလေးငယ်က ကျောင်းကို တစ်ဦးတည်း လမ်းလျှောက်သွားခဲ့ရာကနေ အဲဒီလူနဲ့ လမ်းမှာဆုံခဲ့ပါတယ်။ ထိုသူ က ကလေးငယ်ကို အဆောက်အ အုံတစ်ခုထဲ ခေါ်သွားပြီး အကြိမ် ကြိမ်အဓမ္မပြုကျင့်ခဲ့ရုံမက ပြင်း ထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ လည်း ပြုခဲ့ပါသေးတယ်။ ကလေး ငယ်မှာ သေလုမြောပါးဒဏ်ရာ တွေရရှိခဲ့ပြီး ဆေးရုံတက်ရောက် ကုသခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့ တာပါ။

အဓမ္မပြုကျင့်မှု၊ နှိပ်စက်ခံရမှုကြောင့် ကလေးငယ်ဟာ အညစ်အကြေးစွန့်လို့ မရတော့အောင် အထိ ဖြစ်ခဲ့ရပါတယ်။ ဝမ်းဗိုက် ကို အပေါက်ဖောက်။ ပိုက်နဲ့သွယ် ပြီး ပြင်ပမှာ အိတ်ချိတ်ထားရတဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ ဘဝတစ်လျှောက် ဒီအတိုင်းသာ ခရီးဆက်ရဖို့ရှိပါတယ်။ လူမဆန် သူတစ်ဦးရဲ့ ပြုမူချက်ကြောင့် အ ပြစ်ကင်းစင်တဲ့ ကလေးငယ်တစ် ဦး အရွယ်နဲ့မမျှတဲ့ ဒုက္ခဆင်းရဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

စုံစမ်းထောက်လှမ်းရာက နေ အမှန်တကယ်ကျူးလွန်ခဲ့တဲ့ သူကို ဖမ်းဆီးရမိပါတယ်။ တရားရုံးတင်တရားစွဲဆိုပါတယ်။ သူထောင်ဒဏ် အပြစ်ပေးခံရပါ တယ်။ သို့ပေမဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်တော့ မဟုတ်ခဲ့ပါဘူး။ ထောင်ဒဏ် ၁၂ နှစ်သာကျခံဖို့ တရားရုံးက ဆုံးဖြတ်ပါတယ်။

အ ကြောင်းက အဲဒီလူဟာ ကျူးလွန် ချိန်မှာ အရက်သေစာသောက်စား မူးယစ်ထားတာကြောင့်ဆိုတဲ့အ ချက်နဲ့ ပြစ်ဒဏ်လျှော့ပေါ့စေခဲ့ပါ တယ်။ အရက်သေစာသောက် စားထားသူ အပြစ်ကျူးလွန်ရင် ပြစ်ဒဏ်လျှော့ပေါ့ခံစားရစေတဲ့ ဥပဒေတစ်ရပ်ရှိနေခဲ့တဲ့အတွက် ကြောင့် ဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ဥပဒေအရ ဖြစ်ပါတယ်။ ဥပဒေရဲ့ အားနည်းချက်ပါ။ အများပြည်သူ ကတော့ သူ့ကို သေဒဏ်ပေးဖို့အ ထိ တောင်းဆိုခဲ့ကြပါတယ်။

ဒီဖြစ်စဉ်မှာ ကလေးငယ်ဟာအရွယ်နဲ့မမျှတဲ့ ထိခိုက်နစ်နာမှု ကို ခံစားခဲ့ရပေမယ့် ကျူးလွန်သူ ဘက်မှာတော့ ထိုက်သင့်တဲ့ပြစ် ဒဏ် မခံစားခဲ့ရပါဘူး။ မတရားမှု နဲ့သာ ကလေးငယ်ရင်ဆိုင်ကြုံ တွေ့ခဲ့ရပါတယ်။

အခု နေပြည်တော်က ကလေးငယ်ဖြစ်စဉ်မှာလည်း ဒါကို သင်ခန်းစာယူရပါလိမ့်မယ်၊ ဒါကို သတိမူရပါလိမ့်မယ်။ကလေး ငယ်ဟာ မဖွယ်မရာပြုကျင့်ခံ လိုက်ရပြီး ဖြစ်ပါတယ်။ အဲဒီလို ကလေးငယ်အပေါ် ထိခိုက်စေခဲ့ မှုအတွက် ဘယ်အရာနဲ့မှ အစား ထိုးကုစားလို့မရပါဘူး။ သို့သော် တရားစီရင်ရေးနည်းလမ်းများနဲ့ တော့ ထိုက်သင့်တဲ့ တုံ့ပြန်မှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တရားသောစီရင်မှု၊ ထိုက်သင့် သောစီရင်မှုကို ရရှိဖို့လိုပါမယ်။

ဒီအတွက်တော့ ပထမအ ချက်အနေနဲ့ ကလေးငယ်အပေါ် အမှန်တကယ်ကျူးလွန်ခဲ့သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့လိုပါမယ်။တစ်နည်းအမှန်တရားပေါ်ထွက်ဖို့ လိုပါမယ်။ ဒုတိယအချက်အနေနဲ့ အဲဒီ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တဲ့ ကျူးလွန်သူကို ဥပဒေကြောင်း အရ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ချမှတ်ပေးဖို့လိုပါမယ်။ တစ်နည်းတရားမျှတတဲ့ စီရင်မှုရှိဖို့လိုပါ မယ်။ သို့မှသာ ကျူးလွန်ခံခဲ့ရပြီး ဖြစ်တဲ့ ကလေးငယ်နဲ့ ပတ်သက် ပြီး တရားသော စီရင်မှုကို ဖော် ဆောင်ပေးရာရောက်ပါမယ်။

ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာ အခု ဆိုရင် ရက်ပေါင်း ၃၀ တိုင်ခဲ့ပါပြီ။ ဒီကာလအထိ ကလေးငယ်အပေါ် ကျူးလွန်ခဲ့တဲ့ တရားခံဘယ်သူ၊ ဘယ်ဝါဆိုတာကို တိကျစွာဖော် ထုတ်နိုင်ခြင်း၊ လက်ရဖမ်းဆီးနိုင် ခြင်းမရှိသေးဘဲ သံသယရှိသူတစ် ဦးကိုသာ ဖမ်းဆီးစစ်ဆေးထားနိုင် ပါသေးတယ်။ ရက်ကြာလာတာနဲ့ အမျှတရားခံအစစ်အမှန်လွတ် မြောက်သွားမှာ၊ ခြေရာပျောက် သွားမှာကို စိုးရိမ်နေမိပါတယ်။

‘‘အမှန်တရားက ဖိနပ်စီးဖို့ ပြင်နေချိန်မှာ မုသားက ကမ္ဘာ တစ်ဝက်ပတ်ပြီးနေပြီ’’လို့ အမေ ရိကန်စာရေးဆရာကြီး မက်ခ် တွိန်းက ဆိုခဲ့ပါတယ်။ အခု နေ ပြည်တော်က သမီးငယ်လေးဖြစ် စဉ်မှာကော အမှန်တရားက ဖိနပ် စီးတဲ့ဆီကို ရောက်ပါပြီလား၊ ကျူးလွန်သူ တရားခံအစစ်အမှန်ကို ဖော်ထုတ်နိုင်ဖို့ နီးပါပြီလား။

သမီးငယ်လေးအတွက် အ မှန်တရား မြန်မြန်ရောက်လာဖို့လို ပါတယ်။ ကျူးလွန်ခဲ့သူအစစ်အ မှန်ကို အမြန်ဆုံးဖော်ထုတ်နိုင်ဖို့ လိုပါမယ်။ သို့မှသာ အထက်မှာ ဆိုခဲ့သလိုပဲ နစ်နာခဲ့ရပြီးဖြစ်တဲ့ သမီးငယ်အတွက် တရားစီရင်ရေး လမ်းကြောင်းကနေ ထိုက်သင့်တဲ့ စီရင်မှုကို ဖော်ဆောင်နိုင်မှာ ဖြစ် ပါတယ်။
(ဆောင်းပါးရှင် ဂျေငြိမ်းသည် နိုင်ငံရေးနှင့် မျက်မှောက်ရေးရာ ဆောင်းပါးများရေးသားနေသူ ဖြစ်သည်)

sae5

“ျမန္ျမန္လာပါ အမွန္တရား”
ေနျပည္ေတာ္က မူႀကိဳေက်ာင္း သူ ကေလးငယ္တစ္ဦးၿပီးခဲ့တဲ့လ အတြင္းက မဖြယ္မရာျပဳက်င့္ခံခဲ့ရ တဲ့ ျဖစ္စဥ္ကုိ အားလံုးသတိျပဳမိ ၾကပါလိမ့္မယ္။

အသက္ (၂)ႏွစ္နဲ႔ ၁၁ လသာရွိေသးတဲ့ အဲဒီကေလးငယ္ ဟာ ေနျပည္ေတာ္ သေျပကုန္းမွာရွိတဲ့ Wisdom Hill ပုဂၢလိက မူႀကိဳေက်ာင္းမွာ တက္ေရာက္ ေနသူျဖစ္ၿပီး ေမလ ၁၆ ရက္ေန႔ က မဖြယ္မရာျပဳက်င့္ခံခဲ့ရတာပါ။ အဲဒီလုိျပဳက်င့္ခံရတာကုိ မိခင္ျဖစ္ သူက သတိျပဳမိခဲ့ၿပီးေနာက္ အမႈ ဖြင့္ခဲ့ပါတယ္။ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁ နဲ႔ အမႈဖြင့္ပါတယ္။

အမႈနဲ႔ ပတ္သက္ၿပီး စီစီတီဗီ မွတ္တမ္းအရ သံသယရွိသူ အမ်ိဳး သားတစ္ဦးကုိလည္း ေမလ ၃၀ရက္ကစၿပီး စစ္ေဆးမႈေတြျပဳခဲ့ ပါတယ္။ ေမလ ၃၁ ရက္မွာေတာ့ပုိးျဖဴဆုိတဲ့ အေကာင့္ပုိင္ရွင္က ဒီျဖစ္စဥ္ကုိ လူမႈကြန္ရက္မွာ ေရးသားေဖာ္ျပခဲ့ရာကေန လူအမ်ား အာ႐ံုပုိစိုက္မိခဲ့ၾကပါတယ္။

ျဖစ္ ပြားခဲ့တာဟာ ေက်ာင္းမွာလား၊ လမ္းမွာလား၊ အိမ္မွာလားဆုိတဲ့ ေမးခြန္းထုတ္မႈ၊ ေျပာဆုိမႈ၊ ျငင္းဆုိမႈမ်ားလည္း ထြက္ေပၚလာခဲ့ၿပီး ေက်ာင္းနဲ႔အိမ္ၾကားအျငင္းပြားမႈ တခ်ိဳ႕ရွိခဲ့သလုိ လူမႈကြန္ရက္ေပၚ မွာလည္း ေျပာဆုိေဝဖန္ေထာက္ ျပမႈ၊ အျငင္းပြားမႈမ်ားစြာ ရွိခဲ့ပါ တယ္။

ဒီကေလးငယ္ျဖစ္စဥ္ကုိ လူမႈကြန္ရက္ေပၚတင္ခဲ့တဲ့ ပုိးျဖဴအေကာင့္ပုိင္ရွင္နဲ႔ ျပန္လည္ေဝမွ် ခဲ့သူတုိ႔ကုိေတာ့ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ)နဲ႔ Wisdom Hill မူႀကိဳေက်ာင္းႀကီးၾကပ္ေရးမွဴး ေဒၚဥမၼာလႈိင္က ဇြန္လ ၁ ရက္မွာ အမႈဖြင့္လုိက္တယ္ဆုိၿပီး သတင္း ေတြမွာ ဖတ္ရပါတယ္။

ဇြန္လ ၃ ရက္မွာေတာ့ ဒီ အမႈကုိစီအုိင္ဒီက လႊဲေျပာင္းကုိင္ တြယ္လာပါတယ္။ တစ္နည္းေျပာ ရရင္ေတာ့ ရဲတပ္ဖြဲ႕ဘက္က လည္း ဒီအမႈနဲ႔ပတ္သက္ၿပီး အားပိုစုိက္ထုတ္လာတဲ့ သေဘာျဖစ္ပါ တယ္။ ဒါေတြဟာ မူႀကိဳေက်ာင္း သူကေလးငယ္ျဖစ္စဥ္အေပၚ ၿခံဳငံု မိေစခ်င္းငွာ အက်ဥ္းခ်ဳပ္ေဖာ္ျပ ျခင္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အ မွန္တကယ္က်ဴးလြန္ခဲ့တဲ့ တရားခံဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ ရွိသလုိ အိမ္နဲ႔ ေက်ာင္းအၾကား တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ ေျပာဆုိျငင္းခုံမႈေတြ၊ လူမႈကြန္ ရက္သံုးစြဲသူမ်ားအၾကား ျငင္းခုံမႈ၊ ေဝဖန္ေထာက္ျပမႈမ်ားနဲ႔ ခရီး ဆက္လ်က္ရွိေနပါတယ္။

ဒီျဖစ္စဥ္အေပၚ ျဖစ္ရပ္မွန္ ဇာတ္လမ္းတစ္ပုဒ္နဲ႔ ခ်ိန္ထိုးျပခ်င္ ပါတယ္။ အဲဒါကေတာ့ ေတာင္ကို ရီးယားမွာ အမွန္တကယ္ျဖစ္ပြား ခဲ့တဲ့ ျဖစ္ရပ္မွန္ သက္ငယ္မုဒိမ္း မႈအေၾကာင္း ႐ုပ္ရွင္႐ိုက္ကူးထုတ္ လုပ္ထားတာျဖစ္ပါတယ္။

ဇာတ္ကားနာမည္က ‘Hope’ပါ။ အသက္ (၅၇)ႏွစ္အရြယ္ ခ်ိဳဒူ ဆြန္း (Cho Doo-soon)အမည္ရ လူတစ္ဦးရဲ႕ လူမဆန္စြာျပဳက်င့္ ျခင္းကုိ ခံခဲ့ရတဲ့ အသက္ (၈)ႏွစ္ အရြယ္ ပထမတန္းေက်ာင္းသူ မိန္းကေလးငယ္အေၾကာင္း ႐ိုက္ ကူးထားတာျဖစ္ပါတယ္။

မုိးရြာေနတဲ့တစ္ေန႔။ ကေလးငယ္က ေက်ာင္းကုိ တစ္ဦးတည္း လမ္းေလွ်ာက္သြားခဲ့ရာကေန အဲဒီလူနဲ႔ လမ္းမွာဆံုခဲ့ပါတယ္။ ထုိသူ က ကေလးငယ္ကုိ အေဆာက္အ အံုတစ္ခုထဲ ေခၚသြားၿပီး အႀကိမ္ ႀကိမ္အဓမၼျပဳက်င့္ခဲ့႐ံုမက ျပင္း ထန္တဲ့ ညႇဥ္းပန္းႏွိပ္စက္မႈေတြ လည္း ျပဳခဲ့ပါေသးတယ္။ ကေလး ငယ္မွာ ေသလုေျမာပါးဒဏ္ရာ ေတြရရွိခဲ့ၿပီး ေဆး႐ံုတက္ေရာက္ ကုသခဲ့ရပါတယ္။ ၂၀၀၈ ခုႏွစ္ ဒီဇင္ဘာ ၁၁ ရက္က ျဖစ္ပြားခဲ့ တာပါ။

sae5

အဓမၼျပဳက်င့္မႈ၊ ႏွိပ္စက္ခံရမႈေၾကာင့္ ကေလးငယ္ဟာ အညစ္အေၾကးစြန္႔လုိ႔ မရေတာ့ေအာင္ အထိ ျဖစ္ခဲ့ရပါတယ္။ ဝမ္းဗိုက္ ကုိ အေပါက္ေဖာက္။ ပိုက္နဲ႔သြယ္ ၿပီး ျပင္ပမွာ အိတ္ခ်ိတ္ထားရတဲ့ အေျခအေနအထိ ျဖစ္ခဲ့ပါတယ္။ ဘဝတစ္ေလွ်ာက္ ဒီအတုိင္းသာ ခရီးဆက္ရဖုိ႔ရွိပါတယ္။ လူမဆန္ သူတစ္ဦးရဲ႕ ျပဳမူခ်က္ေၾကာင့္ အ ျပစ္ကင္းစင္တဲ့ ကေလးငယ္တစ္ ဦး အရြယ္နဲ႔မမွ်တဲ့ ဒုကၡဆင္းရဲကုိ ရင္ဆုိင္ခဲ့ရတာျဖစ္ပါတယ္။

စံုစမ္းေထာက္လွမ္းရာက ေန အမွန္တကယ္က်ဴးလြန္ခဲ့တဲ့ သူကုိ ဖမ္းဆီးရမိပါတယ္။ တရား႐ံုးတင္တရားစြဲဆုိပါတယ္။ သူေထာင္ဒဏ္ အျပစ္ေပးခံရပါ တယ္။ သုိ႔ေပမဲ့ ထုိက္သင့္တဲ့ ျပစ္ဒဏ္ေတာ့ မဟုတ္ခဲ့ပါဘူး။ ေထာင္ဒဏ္ ၁၂ ႏွစ္သာက်ခံဖုိ႔ တရား႐ံုးက ဆံုးျဖတ္ပါတယ္။

အ ေၾကာင္းက အဲဒီလူဟာ က်ဴးလြန္ ခ်ိန္မွာ အရက္ေသစာေသာက္စား မူးယစ္ထားတာေၾကာင့္ဆုိတဲ့အ ခ်က္နဲ႔ ျပစ္ဒဏ္ေလွ်ာ့ေပါ့ေစခဲ့ပါ တယ္။ အရက္ေသစာေသာက္ စားထားသူ အျပစ္က်ဴးလြန္ရင္ ျပစ္ဒဏ္ေလွ်ာ့ေပါ့ခံစားရေစတဲ့ ဥပေဒတစ္ရပ္ရွိေနခဲ့တဲ့အတြက္ ေၾကာင့္ ျဖစ္ပါတယ္။ သူတုိ႔ႏုိင္ငံရဲ႕ဥပေဒအရ ျဖစ္ပါတယ္။ ဥပေဒရဲ႕ အားနည္းခ်က္ပါ။ အမ်ားျပည္သူ ကေတာ့ သူ႔ကုိ ေသဒဏ္ေပးဖုိ႔အ ထိ ေတာင္းဆုိခဲ့ၾကပါတယ္။

ဒီျဖစ္စဥ္မွာ ကေလးငယ္ဟာအရြယ္နဲ႔မမွ်တဲ့ ထိခုိက္နစ္နာမႈ ကုိ ခံစားခဲ့ရေပမယ့္ က်ဴးလြန္သူ ဘက္မွာေတာ့ ထိုက္သင့္တဲ့ျပစ္ ဒဏ္ မခံစားခဲ့ရပါဘူး။ မတရားမႈ နဲ႔သာ ကေလးငယ္ရင္ဆုိင္ႀကံဳ ေတြ႕ခဲ့ရပါတယ္။

အခု ေနျပည္ေတာ္က ကေလးငယ္ျဖစ္စဥ္မွာလည္း ဒါကုိ သင္ခန္းစာယူရပါလိမ့္မယ္၊ ဒါကုိ သတိမူရပါလိမ့္မယ္။ကေလး ငယ္ဟာ မဖြယ္မရာျပဳက်င့္ခံ လုိက္ရၿပီး ျဖစ္ပါတယ္။ အဲဒီလုိ ကေလးငယ္အေပၚ ထိခုိက္ေစခဲ့ မႈအတြက္ ဘယ္အရာနဲ႔မွ အစား ထုိးကုစားလုိ႔မရပါဘူး။ သုိ႔ေသာ္ တရားစီရင္ေရးနည္းလမ္းမ်ားနဲ႔ ေတာ့ ထိုက္သင့္တဲ့ တံု႔ျပန္မႈကုိ ေဖာ္ေဆာင္ႏုိင္မွာ ျဖစ္ပါတယ္။ တရားေသာစီရင္မႈ၊ ထုိက္သင့္ ေသာစီရင္မႈကုိ ရရွိဖုိ႔လုိပါမယ္။

ဒီအတြက္ေတာ့ ပထမအ ခ်က္အေနနဲ႔ ကေလးငယ္အေပၚ အမွန္တကယ္က်ဴးလြန္ခဲ့သူကုိ ေဖာ္ထုတ္ဖမ္းဆီးႏုိင္ဖုိ႔လုိပါမယ္။တစ္နည္းအမွန္တရားေပၚထြက္ဖုိ႔ လုိပါမယ္။ ဒုတိယအခ်က္အေနနဲ႔ အဲဒီ ေဖာ္ထုတ္ဖမ္းဆီးႏုိင္ခဲ့တဲ့ က်ဴးလြန္သူကုိ ဥပေဒေၾကာင္း အရ ထုိက္သင့္တဲ့ ျပစ္ဒဏ္ကုိ ခ်မွတ္ေပးဖုိ႔လုိပါမယ္။ တစ္နည္းတရားမွ်တတဲ့ စီရင္မႈရွိဖုိ႔လုိပါ မယ္။ သုိ႔မွသာ က်ဴးလြန္ခံခဲ့ရၿပီး ျဖစ္တဲ့ ကေလးငယ္နဲ႔ ပတ္သက္ ၿပီး တရားေသာ စီရင္မႈကုိ ေဖာ္ ေဆာင္ေပးရာေရာက္ပါမယ္။

ဒီျဖစ္စဥ္ျဖစ္ပြားခဲ့တာ အခု ဆုိရင္ ရက္ေပါင္း ၃၀ တုိင္ခဲ့ပါၿပီ။ ဒီကာလအထိ ကေလးငယ္အေပၚ က်ဴးလြန္ခဲ့တဲ့ တရားခံဘယ္သူ၊ ဘယ္ဝါဆုိတာကုိ တိက်စြာေဖာ္ ထုတ္ႏုိင္ျခင္း၊ လက္ရဖမ္းဆီးႏုိင္ ျခင္းမရွိေသးဘဲ သံသယရွိသူတစ္ ဦးကုိသာ ဖမ္းဆီးစစ္ေဆးထားႏုိင္ ပါေသးတယ္။ ရက္ၾကာလာတာနဲ႔ အမွ်တရားခံအစစ္အမွန္လြတ္ ေျမာက္သြားမွာ၊ ေျခရာေပ်ာက္ သြားမွာကုိ စိုးရိမ္ေနမိပါတယ္။

‘‘အမွန္တရားက ဖိနပ္စီးဖုိ႔ ျပင္ေနခ်ိန္မွာ မုသားက ကမၻာ တစ္၀က္ပတ္ၿပီးေနၿပီ’’လုိ႔ အေမ ရိကန္စာေရးဆရာႀကီး မက္ခ္ တြိန္းက ဆုိခဲ့ပါတယ္။ အခု ေန ျပည္ေတာ္က သမီးငယ္ေလးျဖစ္ စဥ္မွာေကာ အမွန္တရားက ဖိနပ္ စီးတဲ့ဆီကုိ ေရာက္ပါၿပီလား၊ က်ဴးလြန္သူ တရားခံအစစ္အမွန္ကုိ ေဖာ္ထုတ္ႏုိင္ဖုိ႔ နီးပါၿပီလား။

sae5

သမီးငယ္ေလးအတြက္ အ မွန္တရား ျမန္ျမန္ေရာက္လာဖုိ႔လုိ ပါတယ္။ က်ဴးလြန္ခဲ့သူအစစ္အ မွန္ကုိ အျမန္ဆံုးေဖာ္ထုတ္ႏုိင္ဖုိ႔ လုိပါမယ္။ သို႔မွသာ အထက္မွာ ဆုိခဲ့သလုိပဲ နစ္နာခဲ့ရၿပီးျဖစ္တဲ့ သမီးငယ္အတြက္ တရားစီရင္ေရး လမ္းေၾကာင္းကေန ထုိက္သင့္တဲ့ စီရင္မႈကုိ ေဖာ္ေဆာင္ႏုိင္မွာ ျဖစ္ ပါတယ္။
(ေဆာင္းပါးရွင္ ေဂ်ၿငိမ္းသည္ ႏုိင္ငံေရးႏွင့္ မ်က္ေမွာက္ေရးရာ ေဆာင္းပါးမ်ားေရးသားေနသူ ျဖစ္သည္)

Facebook Comments

Comments are Closed

Powered by K MEDIA

285 Shares
Share285
Tweet
Share