Knowledge, Life Style

” သာသနာ့အလံသမိုင်းကြောင်းနှင့်လွှင့်ထူရမည့် နေရက်များ “

qda2

သာသနာ့ အလံတော် ဖြစ်ပေါ်လာပုံ
ရှေးနှစ်ပေါင်းများစွာကပင် ကိုးကွယ်လာခဲ့ကြသော သာသနာတော်၏ အခွင့်အရေး များယိုယွင်းပျက်စီးလာခြင်းကို ကာကွယ်ရန် သာသနာ့ဝန်ထမ်းရဟန်းတော်များနှင့် လူဒါယကာအပေါင်းတို့ အတူပူးတွဲ၍ ဘာသာရေး အဖွဲ့အစည်းတစ်ခုဖွဲ့ရန် စိတ်အား ထက်သန်စွာဖြင့် အထူးကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။

qda1

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်းအမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များက အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်ပေသည်။

စတင်တီထွင်သူ
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီစတီးအိုးကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီပီဂုဏဝဎ်ဍန(Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုးကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို့၌ ပရိုတင့်စတင့်ခရစ်ယာန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။

အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်အတွင်း တပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီး ဗိုလ်မှူးကြီးအဖြစ် အငြိမ်းစား ယူခဲ့သည်။ အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်သည်။ သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓဝါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူဖြစ်၏။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။

ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ကျမ်းစာတက် ပုဂ္ဂိုလ်များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို့၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။

ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှူးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင် မန္တလေးသို့လာရောက်ပြီး သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

qda

စီပီဂုဏဝဎ်ဍန(C P. Gunewardene)
စီပီဂုဏဝဎ်ဍန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ၁၈၅၀-ခုနှစ်များအတွင်း သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်နဝါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။

ထိုအသင်းတွင် ဟင်နရီစတီးအိုးကော့ က စီပီဂုဏဝဎ်ဍန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏဝဎ်ဍန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏဝဎ်ဍန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံးလိုက်နာ ကျင့်သုံးနိုင်ရန် ဗုဒ္ဓအလံတော်သည် ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကိုပင် အသုံးပြုရန်” အကြံပေး တင်ပြပေသည်။

၎င်း၏ အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက နှစ်သက်စွာ လက်ခံသည်။ ၎င်းအလံပုံစံကို သရသဝိသန္ဒေရေသ စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။

သို့သော် စီပီဂုဏဝဎ်ဍန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာသီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏဝဎ်ဍန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ(၄၆၉)၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ဖော်ပြဝန်ခံထားပါသည်။ ၁၈၈၅-ခုနှစ် (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေသည်။

၁၈၈၆-ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ ထိုအလံကို မြင်ရသောအခါ များစွာကျေနပ် နှစ်သက်မိသည်။ အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့ပါသည်။

qda2

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ်တစ်ကျွန်းလုံးတွင် ရင့်ညောင်းသော ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိသုမင်္ဂလာထေရော သည် များစွာသဘောကျသည်ဟုဆိုသည်။ ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဋ္ဌ ဒေါက်တာဂျီပီမာလာဆေထေရာ ၏ စိတ်အားထက်သန်မှုအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။

မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့ အလံတော်ကြီး အဖြစ် အောင်မြင်စွာ အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈ဝပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အဓိပ္ပါယ်
ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် ကိုဖော်ပြလေသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ဖြင့် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူသည့်

ဘုရားရှင်၏ အံဩဖွယ် ခြောက်သွယ်သော ရောင်ခြည်တော်သည် ကြည်ညိုမဝ၊ ဖူး၍မဝ၊ အံ့မခန်းအထူးပင် ခန့်ညားတင့်တယ်စွာ ရှိနေသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးကို ရောင်ခြည်တော် ခြောက်သွယ် မှ ပေါ်ထွက်သည့်အရောင်များကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

qda1

အရွယ်အစား/အရောင်
အကြီး = အလျား – ၉ပေ x အနံ – ၅ပေ

အလတ် = အလျား – ၄ပေ ၆လက်မ x အနံ – ၂ပေ ၆လက်မ
အလတ် = အလျား – ၂ပေ ၃လက်မ x အနံ – ၁ပေ ၃လက်မ

အသေး = အလျား – ၉လက်မ x အနံ – ၅လက်မ ဟူ၍ လေးမျိုးလေးစား သတ်မှတ်ထားသည်။ ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်

နီလ = အပြာရင့်ရောင်၊ ပီတ = အဝါရင့်ရောင်၊ လောဟိတ = အနီရောင်၊ ဩဒါတ = အဖြူရောင်၊ မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင် ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အဝါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် သာသနာ့အလံကို စနစ်တကျ အသုံးပြုနိုင်ရန် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။ သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) အထွေထွေကဏ္ဍ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ နယုန်လပြည့်(မဟာသမယနေ့)၊ ဝါဆိုလပြည့်(ဓမ္မစကြာနေ့)၊ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)၊ တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့)၊ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၊ တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့ နှင့် သံဃာတော်များနေ့)၊ တပို့တွဲလပြည့်(ဩဝါဒ ပါတိမောက် ဓမ္မနေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
ဝါဆိုပွဲတော် အခမ်းအနား၊ အဘိဓမ္မာအခါတော်နေ့၊ ကထိန်ပွဲတော်၊ ရဟန်းခံရှင်ပြုပွဲ၊ ဆွမ်းကြီးလောင်းလှူပွဲ၊ စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်၊နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ၊ ခွင့်ပြုချက်ရရှိပြီသည့် တရားပွဲ၊

ဘုရားထီးတင်ပွဲ၊ ဗုဒ္ဓပူဇနိယပွဲတော်၊ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ၊ သံဃာ့အစည်းအဝေး၊ သံဃဝိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန၊ ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ ဖြစ်ကြသည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း အပိုဒ်(၃၅၈)
အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လကျ်ာဘက်ရှိနေစေရမည်။

မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။ လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

qda

သာသနာ့ အလံေတာ္ ျဖစ္ေပၚလာပုံ
ေရွးႏွစ္ေပါင္းမ်ားစြာကပင္ ကိုးကြယ္လာခဲ့ၾကေသာ သာသနာေတာ္၏ အခြင့္အေရး မ်ားယိုယြင္းပ်က္စီးလာျခင္းကို ကာကြယ္ရန္ သာသနာ့ဝန္ထမ္းရဟန္းေတာ္မ်ားႏွင့္ လူဒါယကာအေပါင္းတို႔ အတူပူးတြဲ၍ ဘာသာေရး အဖြဲ႕အစည္းတစ္ခုဖြဲ႕ရန္ စိတ္အား ထက္သန္စြာျဖင့္ အထူးႀကိဳးပမ္း ေဆာင္႐ြက္ခဲ့ၾကသည္။

(၁၈၈၅) ခုႏွစ္၊ ဧၿပီလ(၂၈)ရက္တြင္ (သီဟိုဠ္ကြၽန္း) သီရိလကၤာႏိုင္ငံတြင္ ကဆုန္လျပည့္ (ဗုဒၶေန႔)ကို ခမ္းနားႀကီးက်ယ္စြာ က်င္းပရန္ အထူးအစီအစဥ္ရွိ ေနသည့္ ဗုဒၶေန႔ အထိမ္းအမွတ္ပြဲေတာ္ႀကီးႏွင့္ အျခား ဘာသာေရးပြဲေတာ္မ်ားတြင္ပါ အမွတ္တရ အျဖစ္လႊင့္ထူရန္ စဥ္းစားခဲ့ၾကသည္။

ထို႔ေၾကာင့္ ဗုဒၶဘာသာဝင္ ကိုလံဘို ၿမိဳ႕သူၿမိဳ႕သားတို႔သည္ မိ႐ိုးဖလာ ကိုးကြယ္မႈအထိမ္းအမွတ္အျဖစ္ ဗုဒၶအလံေတာ္ တစ္ခုကို တီထြင္ျပဳလုပ္ရန္အတြက္ ႀကိဳးပမ္းၾက၏။

ထိုအလံေတာ္ကို (၁၈၈၅) ခုႏွစ္တြင္ျပဳလုပ္ခဲ့ေသာ္လည္း ဗုဒၶအလံေတာ္ကို ကမာၻအရပ္ရပ္ရွိ ဗုဒၶဘာသာဝင္မ်ားက အသိအမွတ္ ျပဳလာၾကသည္မွာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ခန႔္မွ်သာ ရွိေပေသးသည္။ ကမာၻ႔ဗုဒၶသာသနာ့အလံေတာ္အျဖစ္ (၁၉၅၁) ခုႏွစ္သို႔ ေရာက္ေသာအခါမွသာ ကမာၻတစ္ဝန္းလုံးတြင္ရွိေသာ ဗုဒၶဘာသာဝင္ႏိုင္ငံမ်ားမွ လက္ခံလာျခင္းျဖစ္ေပသည္။

စတင္တီထြင္သူ
(သာသနာ့အလံကို ကနဦး တီထြင္ေသာသူသည္ ဟင္နရီစတီးအိုးေကာ့ ( Henry Steele Olcott ) ဟု ထင္ေနၾကၿပီး အမွန္တကယ္မွာ စီပီဂုဏဝဎ္ဍန(Carollis Pujitha Gune Wardene) ျဖစ္သည္။)

ဟင္နရီစတီးအိုးေကာ့ ( H.S. Olcott )
ဟင္နရီစတီးအိုးေကာ့ သည္ အေမရိကန္ႏိုင္ငံသား အၿငိမ္းစားဗိုလ္မႉးႀကီး တစ္ဦးျဖစ္သည္။ ေအာလ္ေကာ့ကို ၁၈၃၂ခုႏွစ္၊ ဩဂုတ္လ၂ရက္ေန႔တြင္ နယူးဂ်ာစီျပည္နယ္၊ Orange ၿမိဳ႕၌ ပ႐ိုတင့္စတင့္ခရစ္ယာန္ မိဘႏွစ္ပါးမွ ေမြးဖြားခဲ့သည္။

အသက္(၂၉) ႏွစ္တြင္ အေမရိကန္ျပည္တြင္းစစ္အတြင္း တပ္မေတာ္သို႔ဝင္ေရာက္အမႈထမ္းခဲ့ၿပီး ဗိုလ္မႉးႀကီးအျဖစ္ အၿငိမ္းစား ယူခဲ့သည္။ အေတြးအေခၚသမိုင္းႏွင့္ ႏိုင္ငံေရးနယ္ပယ္ မွာထင္ရွားသူ ျဖစ္သည္။ သီအိုဆိုဖီပညာမ်ားကို ေလ့လာလိုက္စား၍ တစ္စတစ္စ ဗုဒၶဝါဒမ်ားကို လိုက္စားရင္းမွ ဗုဒၶဘာသာဝင္တစ္ဦး ျဖစ္လာခဲ့သူျဖစ္၏။

၁၈၆၁ခုႏွစ္ အေမရိကန္ ျပည္တြင္းစစ္တြင္ ေငြဝယ္ကြၽန္စနစ္ကို တိုက္ဖ်က္လိုေသာ တပ္မေတာ္မွ ပါဝင္တိုက္ခိုက္ခဲ့သည္။ ေအာလ္ေကာ့ သီရိလကၤာႏိုင္ငံတြင္ ေရာက္ရွိေနစဥ္အခ်ိန္က ဗုဒၶဘာသာႏွင့္ ခရစ္ယာန္ဘာသာတို႔ စကားရည္လုပြဲႀကီး က်င္းပေနသည့္အခ်ိန္ ျဖစ္သည္။

ဗုဒၶဘာသာဘက္မွ အရွင္ဂုဏနႏၵဆရာေတာ္ႏွင့္ ခရစ္ယန္ဘက္မွ က်မ္းစာတက္ ပုဂၢိဳလ္မ်ား ၁၈၇၃ခုႏွစ္တြင္ ပနာဒူရၿမိဳ႕၌ ယွဥ္ၿပိဳင္ျခင္းျဖစ္သည္။ အကဲျဖတ္မွတ္တမ္းမ်ားအရ အရွင္ဂုဏနႏၵက အကိုးအကား ခိုင္လုံၿပီး အရည္အေသြးသာေၾကာင္း သိရသည္။

ဤပြဲ ျဖစ္ပြားၿပီးေနာက္ ဗိုလ္မႉးႀကီးေအာလ္ေကာ့သည္ သီရိလကၤာ၊ ေဂါေလ (Galle) ၌ တရားဝင္ ဗုဒၶဘာသာအျဖစ္ ေၾကျငာခဲ့သည္။ ၁၈၉၁ခုႏွစ္တြင္ မႏၲေလးသို႔လာေရာက္ၿပီး သံဃာေတာ္မ်ားကို လာေရာက္ဖူးေျမာ္ ေသးသည္။

qda2

စီပီဂုဏဝဎ္ဍန(C P. Gunewardene)
စီပီဂုဏဝဎ္ဍန သည္ ၁၈၅၄-ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၆)ရက္ေန႔တြင္ ဖြားျမင္သူျဖစ္သည္။ ၁၈၅၀-ခုႏွစ္မ်ားအတြင္း သီဟိုဠ္တြင္ ခရစ္ယာန္သာသနာ လႊမ္းမိုးေနခ်ိန္ျဖစ္သည္။ ထို႔ေၾကာင့္ ဗုဒၶဘာသာ ျပန္လည္ထြန္းကားေရး ႏွင့္ ဗုဒၶဘာသာဝင္တို႔ ဆုံးရႈံးေနေသာ အခြင့္အေရးမ်ား ျပန္ရေရးအတြက္ “ဗုဒၶသာသနာ ကာကြယ္ေရး ေကာ္မတီ” ကို ၁၈၈၄-ခုႏွစ္ ဇန္နဝါရီ(၂၇)ရက္ေန႔ တြင္ ထူေထာင္ခဲ့သည္။

ထိုအသင္းတြင္ ဟင္နရီစတီးအိုးေကာ့ က စီပီဂုဏဝဎ္ဍန ကို အက်ိဳးေတာ္ေဆာင္ အျဖစ္ ခန႔္အပ္သည္။ စီပီဂုဏဝဎ္ဍန သည္ ဗုဒၶသာသနာ ျပန္လည္ထြန္းကားေရးအတြက္ ႏွစ္ေပါင္း (၄၀)ခန႔္ အင္တိုက္အားတိုက္ ေဆာင္႐ြက္ခဲ့ေလသည္။

စီပီဂုဏဝဎ္ဍန က “ခရစ္ယာန္ဘာသာဝင္မ်ား အတြက္ ၾကက္ေျခနီ အထိမ္းအမွတ္ ရွိသကဲ့သို႔ ကမာၻ႔ဗုဒၶ သာသနာဝင္ အားလုံးလိုက္နာ က်င့္သုံးႏိုင္ရန္ ဗုဒၶအလံေတာ္သည္ ဗုဒၶႏွင့္ သက္ဆိုင္သည့္ ေရာင္ျခည္ေတာ္ ေျခာက္ပါး ပါေသာ အေရာင္တို႔ကိုပင္ အသုံးျပဳရန္” အႀကံေပး တင္ျပေပသည္။

၎၏ အႀကံေပး တင္ျပေသာ ဗုဒၶသာသနာ့ အလံကို ကဆုန္လျပည့္(ဗုဒၶေန႔)၌ တင္ရန္ ေကာ္မတီဝင္ အားလုံးက ႏွစ္သက္စြာ လက္ခံသည္။ ၎အလံပုံစံကို သရသဝိသေႏၵေရသ စာေစာင္တြင္ အခ်ပ္ပိုထည့္၍ ၁၈၈၅-ခုႏွစ္၊ ဧၿပီလ(၁၇)ရက္ တြင္ ေဖာ္ျပခဲ့သည္။ သို႔ေသာ္ အလံပုံစံ တီထြင္သူ၏ အမည္ကို မေဖာ္ျပခဲ့ေခ်။

သို႔ေသာ္ စီပီဂုဏဝဎ္ဍန ကြယ္လြန္ၿပီးေနာက္ ႏွစ္ႏွစ္အၾကာ ၁၉၂၈-ခုႏွစ္၊ ေမလ(၁)ရက္ေန႔ထုတ္ သုဒနမိန စာေစာင္ႏွင့္ ကိုလံဘို ဗုဒၶသာသနာသီအိုဆိုဖီ အသင္း ရာျပည့္စာေစာင္တြင္ ဗုဒၶသာသနာ့ အလံ တီထြင္ေရးဆြဲသူမွာ စီပီဂုဏဝဎ္ဍန ျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။

ထို႔ျပင္ ဟင္နရီစတီးအိုးေကာ့ ကိုယ္တိုင္ကလည္း သူ၏မွတ္တမ္းေဟာင္း စာမ်က္ႏွာ(၄၆၉)၌ “ဗုဒၶသာသနာ့ အလံ တီထြင္ေရးဆြဲသူမွာ သူမဟုတ္ေၾကာင္း” ေဖာ္ျပဝန္ခံထားပါသည္။ ၁၈၈၅-ခုႏွစ္ (ဗုဒၶေန႔)တြင္ အိုးေကာ့မွာ အိႏၵိယႏိုင္ငံသို႔ ေရာက္ေနသည္။

၁၈၈၆-ခုႏွစ္၊ ဇန္နဝါရီလ(၂၈)ရက္တြင္ သီဟိုဠ္သို႔ ျပန္လည္ေရာက္မွ သာသနာ့ အလံကို ဦးစြာ ျမင္ဖူးျခင္း ျဖစ္သည္။ ထိုအလံကို ျမင္ရေသာအခါ မ်ားစြာေက်နပ္ ႏွစ္သက္မိသည္။ အလံမွာ အနည္းငယ္ ရွည္လ်ားေနသျဖင့္ အမ်ိဳးသား အလံမ်ားကဲ့သို႔ အခ်ိဳးအစားက်ေအာင္ ေဆာင္႐ြက္ရန္ အႀကံေပးခဲ့ပါသည္။

qda1

ျမန္မာႏိုင္ငံ ႏွင့္ သာသနာ့အလံ
သာသနာ့အလံေတာ္ကို သီဟိုဠ္တစ္ကြၽန္းလုံးတြင္ ရင့္ေညာင္းေသာ ဂိုဏ္းခ်ဳပ္ ဆရာေတာ္ အရွင္သီရိသုမဂၤလာေထေရာ သည္ မ်ားစြာသေဘာက်သည္ဟုဆိုသည္။ ၁၉၅၀ ျပည့္ႏွစ္တြင္ သီဟိုဠ္ႏိုင္ငံလုံးဆိုင္ရာ ဗုဒၶသာသနာ ကြန္ဂရက္ အဖြဲ႕ႀကီး၏ ဥကၠ႒ ေဒါက္တာဂ်ီပီမာလာေဆေထရာ ၏ စိတ္အားထက္သန္မႈအရ ကမာၻလုံးဆိုင္ရာ ဗုဒၶသာသနာ ကြန္ဂရက္ အစည္းအေဝးႀကီးကို ဖိတ္ေခၚ၍ အစည္းအေဝးျပဳလုပ္ ခဲ့သည္။

ျမန္မာႏိုင္ငံတြင္ (၁၉၅၆) ခုႏွစ္ ဆဌသဂၤါယနာ တင္သည့္ေန႔မွစ၍ အထက္ပါ ကမာၻ႔ ဗုဒၶသာသနာ့အလံေတာ္ ကို သာသနာ့ အလံေတာ္ႀကီး အျဖစ္ ေအာင္ျမင္စြာ အတည္ျပဳလႊင့္ထူႏိုင္ခဲ့ေလသည္။ ၁၉၈ဝျပည့္ႏွစ္တြင္ က်င္းပသည့္ သာသနာေတာ္ သန႔္ရွင္းတည္တံ့ျပန႔္ပြားေရး ဂိုဏ္းေပါင္းစုံ သံဃအစည္းအေဝးမွလည္း ဗုဒၶသာသနာ့ အလံေတာ္ႏွင့္ ပတ္သက္၍ အညီအၫြတ္ဆုံးျဖတ္ၿပီး သံဃနာယက လက္စြဲက်မ္းတြင္ ျပ႒ာန္း ခဲ့သည္။

အဓိပၸါယ္
ကမာၻ႔ဗုဒၶသာသနာ့အလံေတာ္ႀကီးသည္ ၿငိမ္းခ်မ္းသာယာျခင္း၊ သည္းခံျခင္း၊ စိတ္ထားျဖဴစင္ျခင္းတို႔၏ အထိမ္းအမွတ္ ကိုေဖာ္ျပေလသည္။ ဗုဒၶဘာသာဝင္တို႔သည္ ဘုရားရွင္အားအထူးၾကည္ညိဳၾကသျဖင့္ ဘုရားရွင္၏ ေရာင္ျခည္ေတာ္ ေျခာက္သြယ္ ျဖင့္ ကြန႔္ျမဴးကာ တရားေတာ္မ်ား ေဟာၾကားေနေတာ္မူသည့္

ဘုရားရွင္၏ အံဩဖြယ္ ေျခာက္သြယ္ေသာ ေရာင္ျခည္ေတာ္သည္ ၾကည္ညိဳမဝ၊ ဖူး၍မဝ၊ အံ့မခန္းအထူးပင္ ခန႔္ညားတင့္တယ္စြာ ရွိေနသည္ဟု ယုံၾကည္ၾကသည္။ ထို႔ေၾကာင့္ ကမာၻ႔ဗုဒၶသာသနာ့အလံေတာ္ႀကီးကို ေရာင္ျခည္ေတာ္ ေျခာက္သြယ္ မွ ေပၚထြက္သည့္အေရာင္မ်ားကို အသုံးျပဳရန္ ဆုံးျဖတ္ခဲ့ၾကသည္။

qda

အ႐ြယ္အစား/အေရာင္
အႀကီး = အလ်ား – ၉ေပ x အနံ – ၅ေပ

အလတ္ = အလ်ား – ၄ေပ ၆လက္မ x အနံ – ၂ေပ ၆လက္မ
အလတ္ = အလ်ား – ၂ေပ ၃လက္မ x အနံ – ၁ေပ ၃လက္မ

အေသး = အလ်ား – ၉လက္မ x အနံ – ၅လက္မ ဟူ၍ ေလးမ်ိဳးေလးစား သတ္မွတ္ထားသည္။ ေရာင္ျခည္ေတာ္ ေျခာက္သြယ္ သတ္မွတ္ျပ႒ာန္း ထားသည့္အတိုင္း အလံေတာ္တိုင္ဘက္မွ စတင္၍ သတ္မွတ္ရသည္ရွိေသာ္

နီလ = အျပာရင့္ေရာင္၊ ပီတ = အဝါရင့္ေရာင္၊ ေလာဟိတ = အနီေရာင္၊ ဩဒါတ = အျဖဴေရာင္၊ မၪၨီ႒ = ပန္းႏုေရာင္ ထိုအေရာင္(၅)မ်ိဳးကို ေဒါင္လိုက္ထားရွိၿပီးလွ်င္ ပဘႆရ = ၿပိဳးၿပိဳးျပက္ျပက္ တစ္ခဲနက္ ထြက္ေနေသာ အေရာင္ အျဖစ္ အလံေတာ္၏ အစြန္အဖ်ား(အထက္)အေပၚဘက္မွ ေန၍ အျပာ၊ အဝါ၊ အနီ၊ အျဖဴ၊ ပန္းႏုေရာင္ တို႔ကိုပင္ အစဥ္အတိုင္း ေအာက္ဖက္သို႔ ထားရွိခ်ဳပ္လုပ္ရမည္။

အသုံးျပဳပုံ
ျမန္မာႏိုင္ငံရွိ ႏိုင္ငံေတာ္သံဃ မဟာနာယက အဖြဲ႕သည္ သာသနာ့အလံကို စနစ္တက် အသုံးျပဳႏိုင္ရန္ ေအာက္ပါအတိုင္း ျပ႒ာန္းထားသည္။ သံဃနာယက လက္စြဲ၊ အပိုဒ္(၅)၊ အခန္း(၂၉) အေထြေထြက႑၌ သာသနာ့အလံေတာ္ အခန္း အပိုဒ္(၃၅၅)၌ အသုံးျပဳရမည့္ေန႔ရက္မ်ား သတ္မွတ္ထားသည္မွာ-

(က)အခါႀကီး ရက္ႀကီးမ်ား
ကဆုန္လျပည့္(ဗုဒၶေန႔)၊ နယုန္လျပည့္(မဟာသမယေန႔)၊ ဝါဆိုလျပည့္(ဓမၼစၾကာေန႔)၊ ဝါေခါင္လျပည့္(ေမတၱာအခါေတာ္ေန႔)၊ ေတာ္သလင္းလျပည့္(ဂ႐ုဓမၼအခါေတာ္ေန႔)၊ သီတင္းကြၽတ္လျပည့္(အဘိဓမၼာအခါေတာ္ေန႔)၊ တန္ေဆာင္မုန္းလျပည့္(သာမညဖလအခါေတာ္ေန႔ ႏွင့္ သံဃာေတာ္မ်ားေန႔)၊ တပို႔တြဲလျပည့္(ဩဝါဒ ပါတိေမာက္ ဓမၼေန႔)

(ခ)ပြဲေတာ္ႏွင့္ အခမ္းအနားမ်ား
ဝါဆိုပြဲေတာ္ အခမ္းအနား၊ အဘိဓမၼာအခါေတာ္ေန႔၊ ကထိန္ပြဲေတာ္၊ ရဟန္းခံရွင္ျပဳပြဲ၊ ဆြမ္းႀကီးေလာင္းလႉပြဲ၊ စာျပန္ပြဲ ႏွင့္ ဘြဲ႕ႏွင္းသဘင္၊နိကာယစာေမးပြဲ၊ တိပိဋကစာေမးပြဲႏွင့္ ပူေဇာ္ပြဲ၊ ခြင့္ျပဳခ်က္ရရွိၿပီသည့္ တရားပြဲ၊

ဘုရားထီးတင္ပြဲ၊ ဗုဒၶပူဇနိယပြဲေတာ္၊ အသံမစဲ ပ႒ာန္း႐ြတ္ဖတ္ ပူေဇာ္ပြဲ၊ သံဃာ့အစည္းအေဝး၊ သံဃဝိနိစၦယအဖြဲ႕ စစ္ေဆး ဆုံးျဖတ္ရာဌာန၊ ဘာသာေရး၊ သာသနာေရးႏွင့္ စပ္ဆိုင္ေသာ သင္တန္းမ်ားတို႔ ျဖစ္ၾကသည္။

(ဂ)လႊင့္ထူ အသုံးျပဳနည္း အပိုဒ္(၃၅၈)
အထိမ္းအမွတ္အလံအားလုံး၏ အလယ္တြင္ ျဖစ္ေစရမည္။ လက္ယာအစြန္းမွ အေရာင္ငါးမ်ိဳး ေရာယွက္ေရာင္တြင္ အျပာရင့္ေရာင္သည္ အေပၚတြင္လက်္ာဘက္ရွိေနေစရမည္။

qda

ေမာ္ေတာ္ယာဥ္တြင္ စိုက္ထူပါက ကားႀကီးမ်ား၏ အမိုးအေရွ႕ပိုင္းတြင္ ျဖစ္ရမည္။ ကားငယ္မ်ားတြင္ လက္ယာဘက္ အေရွ႕ပိုင္းတြင္ ျဖစ္ရမည္။ သံဃာမ်ားကို ႀကိဳဆိုသည့္အခါ သံဃာပါလာသည့္အခါတြင္သာ တပ္ဆင္ရမည္ဟူ၍ ေဖာ္ျပ ထားသကဲ့သို႔၊

(ဃ)ေရွာင္ၾကဥ္ရမည့္အခ်က္မ်ား၊ အပိုဒ္(၃၉၅)
ရဟန္းသံဃာပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ မည္သည့္ဘုရားဖူးယာဥ္တြင္မွ မသုံးစြဲရ။ လမ္းေဘး၊ လမ္းခြ၊ ယာဥ္ဆိပ္၊ သေဘၤာဆိပ္မ်ားတြင္ မသုံးရ။

Facebook Comments

Comments are Closed

Powered by K MEDIA

366 Shares
Share366
Tweet
Share