Local Celebrites News

ဒီဇိုင်နာ မျိုးမင်းစိုးမှဆေးကုသမှု ခံယူနေရတဲ့ ထက်ထက်ဆီ သွားရောက်အားပေး

5 4

ဒီဇိုင်နာ မျိုးမင်းစိုးမှဆေးကုသမှု ခံယူနေရတဲ့ ထက်ထက်ဆီ သွားရောက်အားပေး

11 4

သရုပ်ဆောင် ထက်ထက်မိုးဦးက မန္တလေးမှာ ရှိတဲ့ မန္တလာဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေရတာပါ။ လက်ရှိကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်းနေတာ တွေ့ရတယ်လို့ မျိုးမင်းစိုးက

ပြောထားတာတွေ့ရပါတယ်။ဒီဇိုင်နာ မျိုးမင်းစိုးက ဒီနေ့မှာ မန္တလာဆေးရုံမှာ ဆေးကုသမှု ခံယူနေရတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးဆီသို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

6 4

ထက်ထက်ဆီသွားရင်းနဲ့ အားပေးစကားတွေလည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

“မန္တလာဆေးရုံမှာခွဲစိတ်ကုသမှူခံယူနေတဲ့ထက်ထက်ကိုသွားရောက်အားပေးရင်း ကျန်းမာပျော်ရွင်သက်သာနေတာတွေ့ရလို့ဝမ်းသာပျော်ရွင်မိရပါတယ်

” ဆိုပြီး ဇွန်လ(၁၄) ရက်နေ့က မျိုးမင်းစိုးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။ ပရိသတ်တွေကလည်း ထက်ထက်မိုးဦးတစ်ယောက် ကျန်းကျန်းမာမာနဲ့တွေ့ရလို့ ဝမ်းသာနေကြပါတယ်။

9 3

မထက်ဆိုတာ အနုပညာရှင်တွေ တော်တော်များများက လေးစားအားကျရတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးပါ။ ဆယ်စုနှစ်များစွာမှာ အောင်မြင် ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကြော်ငြာမင်းသမီးလို့ အများက

တင်စားခေါ်ဝေါ်ခြင်းကို ခံရသူလည်း ဖြစ်ပါတယ်။ ချစ်စရာအမူအယာ အပြောအဆိုလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ အခုချိန်ထိ နေရာယူထားနိုင်သူ တစ်ဦးပါ။

သူမဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။

7 4

ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။

အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။

8 3

နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။

Facebook Comments

Comments are Closed

Powered by K MEDIA

337 Shares
Share337
Tweet
Share