Local News, News

မြို့နယ်ရဲတပ်ဖွဲ့မှူးမိမိကိုယ်ကို သေနတ်ဖြင့်ပစ်သတ်

hl

ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်ကာ အဆုံးစီရင်မှု ဖြစ်ပွား

hl

ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်သန်းသည် ဇွန်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းက မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်ကာ အဆုံးစီရင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

“နေအိမ်မှာ တစ်ယောက်ရှိနေတာပါ။ မိမိကိုယ်ကိုသေနတ်နဲ့ ပစ်ခတ်အဆုံးစီရင်တယ်လို့ သိရပါတယ်။ အလောင်းကိုတော့ ဆေးရုံသယ်သွားပါပြီ။ တာဝန်ရှိသူတွေ စစ်ဆေးနေကြပါတယ်’ ဟု ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရဲမှူး မျိုးညွန့်သန်းသေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ကနဦးရရှိသောသတင်းများအရသိရပြီး မကြာသေးမီက အကျဉ်းထောင်အတွင်းအောင်သပြေကျေးရွာသားသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် စစ်ဆေးမှုများပြုလုပ်ခံနေရသူလည်း ဖြစ်ကြောင်းသိရသည်။

hl





hl

Facebook Comments

Comments are Closed

Theme by Anders Norén

806 Shares
Share806
Tweet
Share