နေပြည်တော်ကမှုကြိုကျောင်းကိစ္စနှင့်ပတ်သက်ပြီး မိဘတွေထိတ်လန့်စွာသိလိုက်ရတဲ့အမှန်တရားတစ်ခု

801
weat4
960 Shares

အဲ့ဒါကတော့ ပုဂ္ဂလိကကျောင်းတွေက ဆရာဆရာမတွေရဲ့ ရပ်တည်မှုပဲ… ခုချိန်ထိတော်တော်ကိုအဲ့ဒီကျောင်းမှာ လုပ်ကိုင်နေတဲ့ဆရာဆရာမတွေအကုန် ရေငုံနှုတ်ပိတ်နေကြတာရယ် ဟိုတစ်ပေါက်ဒီတစ်ပေါက်ထွက်ကျလာတဲ့ စကားသံတွေကလဲ သူတို့ကျောင်းတော်ကြီးကို ထိခိုက်နစ်နာစေလို့ လင်လုခံရသလို ရင်ထုမနာဖြစ်နေကြတဲ့အသံတွေဖြစ်နေတယ်…

weat4

ကိုယ်တိုင်တောင် အဲ့အမှုအတွက် အထောက်အကူ ရလိုရငြား အဲ့ဒီမှာအလုပ်လုပ်နေတဲ့ ဆရာမတွေဆရာတွေကို Fb မှာရှာ Cb ကိုသွားပြီး မေးမြန်းစူးစမ်းခဲ့ပါသေးတယ်… ပြန်ဖြေတာတွေက ကိုယ်တောင် အံ့သြမှင်သက်မိတဲ့ထိ ကျောင်းအပေါ် သစ္စာစောင့်သိနေတာများ လခတောင်တိုးပေးသင့်တဲ့ ဆရာဆရာမများပါပဲ…

ဘာမှမသိ… ဘာမှကူညီမပေးနိုင်ဘူး… ကျောင်းကိုနာမည်ဖျက်တာ… တစ်ချိန်မှာအမှန်တရားပေါ်လာမယ်… စသဖြင့် ဒီအကြောင်းအရာလေးမျိုးကိုသာ အာဂုံဆောင်ထားကြတာကိုမြင်တွေ့ရတယ်…

မိဘတွေတွေးသင့်နေပြီ ပုဂ္ဂလိကကျောင်းတွေက ငွေပေးတက်ရသလို ငွေနဲ့အရာရာ ခင်းနိုင်မှ ကိုယ့်ကလေးအပေါ်သစ္စာစောင့်သိကြတော့မှာပါ ကျောင်းတစ်ခုရဲ့ သင်ကြားမှုပိုကောင်းရင်ကောင်းမယ် စီမံခန့်ခွဲမှုပိုအဆင်ပြေရင်ပြေမယ်

အဲ့ကဆရာမတွေဟာ ကျောင်းရဲ့လခစားတွေဝန်ထမ်းတွေ ဖြစ်တဲ့အတွက် ကိုယ့်ကလေးတစ်ခုခု ဖြစ်ခဲ့သည်ရှိသော် ဆရာမတွေကိုအားကိုးလို့မရတော့တာ အနီးစပ်ဆုံးတွေးလို့ရနေပါပြီ… မညှာမတာဆိုရရင် ဆရာစိတ်မရှိဘူး လခစားစိတ်ပဲရှိတယ် ထမင်းကျွေးတဲ့သူကိုပဲ သစ္စာစောင့်သိတဲ့ အနေအထားမျိုးတွေ…

အခုကလေးကဖြေနေပြီ ဆရာမသိတယ်တဲ့… အမှုက တရားခံခုထိမမိဘူး ဆရာမသိတယ်ဆိုကတည်းက ကိစ္စကပြတ်နေပြီ… ဒါပေမဲ့ အဲ့ဒီလခစားအမျိူးသမီးက ထွက်မလာဘူး ကလေးဘက်က မထွက်ဆိုဘူး…သူမဘယ်သူလဲ ဘယ်မှာလဲရေးတဲ့သူလဲ အကောင့်ဖျက်ခံလိုက်ရပြီ…

(ဒီနေရာမှာဆရာမလို့ကိုယ်မသုံးချင်တော့ဘူး သူ့အနေအထားကိုပဲ ရေးချင်တော့တယ် ရိုင်းသွားလဲ ရိုင်းတယ်ပေါ့ကွယ်) အမှုကတော့အများလဲဖတ်မိကြမှာပါ တကယ်လိုက်ပါကူညီနေသူတောင် ဘယ်လိုအဆုံးသတ်မလဲ အစတွေအကုန်ဆွဲထုတ်သင့်သလားမသင့်သလား ဆိုတာတောင် သူတို့လဲဇဝေဇဝါဖြစ်နေကြပါတယ်…

ကိုယ်တို့တွေ မြန်မာကားမှိုင်းမိပြီး ဆရာဆရာမဆိုအကုန်ကောင်းတယ် အမှန်တရားဆိုတာတစ်နေ့ပေါ်ကိုပေါ်တယ် မကောင်းမှုဟူသည်ဆိတ်ကွယ်ရာမရှိဆိုတာတွေ ထိုင်ရွတ်နေလို့အပိုပါပဲ… ကိုယ်တို့တိုင်းပြည်ဟာ အတတ်ပညာတတ်ကြရင်တောင် အသိပညာနည်းနေကြသေးတယ်

စာနာစိတ်ဆိုတာကိုယ့်ထမင်းအိုးမထိပါးခင်ထိပဲ စည်းတားထားတယ်… ဥပဒေကိုလိုသလိုကစားလို့ရနေတယ် ဥပဒေအသိုင်းအဝန်းကလူတော်တော်များများကလဲ ငွေကျွန်စိတ်ရှိနေကြတယ် ငွေဟာ အရာရာကိုဖန်တီးတယ် ဒါတွေဟာ တကယ့်အပြင်ကအဖြစ်မှန်တွေပါပဲ…

မလုံခြုံတဲ့တိုင်းပြည်မှာကိုယ်တို့သားသမီးလေးတွေ နေထိုင်နေကြရတယ် ဖြစ်လာရင် ကယ်သူမဲ့တာမို့ မဖြစ်အောင်သာ ကာကွယ်ကြပါ ကိုယ့်သားသမီးကိုယ် ဓားထမ်းပြီးစောင့်ရှောက်ကြပါလို့ပဲ ဆော်သြချင်တော့တယ်… ဥပဒေအထက်မှာဘယ်သူမှမရှိစေရဆိုပေမဲ့ ဥပဒေဟာ သက်မဲ့အရာဖြစ်နေတော့ လူတွေက ဥပဒေကို အထက်တင်ချင်တင်တယ် ချနင်းချင်နင်းတယ်…

လိုသလိုချောင်ထိုးချင်ထိုးတယ် ဒါဟာ ဥပဒေကိုထမ်းပိုးတဲ့လောကသားတွေမှာ တာဝန်ရှိလားလို့မေးရင်လဲ ဆိုင်သလိုလိုမဆိုင်သလိုလိုပြောကြပါလိ့မ်မယ်… ကျော်ကြားအမှုတွေမပေါ်တာရှိတယ်… ကျော်ကြားတိုင်းပေါ်မယ်လို့တစ်ထစ်ချတွေးလို့မရဘူး

ကိုယ်မဖြစ်ချင်ဘူး ရှုံးတဲ့ဘက်မှာ ကလေးလေးနဲ့အတူ ကိုယ်တို့မိဘပြည်သူတစ်ရပ်လုံးရင်နာနာနဲ့ ပါဝင်နေကြရမှာကို… သစ္စာတွေစူးကြပါစေ… ကျမ်းကျိန်ရတဲ့ သစ္စာတွေစူးချိန်တန်ပါပြီ… လောကကြီးရေ…
ခက်နှင်းဆုဆု

weat4






အခုကလေးကဖြေနေပြီ ဆရာမသိတယ်တဲ့… အမှုက တရားခံခုထိမမိဘူး ဆရာမသိတယ်ဆိုကတည်းက ကိစ္စကပြတ်နေပြီ… ဒါပေမဲ့ အဲ့ဒီလခစားအမျိုးသမီးက ထွက်မလာဘူး ကလေးဘက်က မထွက်ဆိုဘူး…သူမဘယ်သူလဲ ဘယ်မှာလဲရေးတဲ့သူလဲ အကောင့်ဖျက်ခံလိုက်ရပြီ…






weat4

ခက်နှင်းဆုဆု

Facebook Comments
960 Shares