ပညာရေးနဲ့ပတ်သတ်ရင် လောဘကြီးတဲ့ကျွန်တော့်ရဲ့ ချစ်ဇနီးကို လေးစားဂုဏ်ယူတယ်ဆိုတဲ့ လင်းလင်း

142
kio11
5K Shares

ပြည်သူချစ် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းတွေလည်း ထူးချွန်သလို လူမှုရေးလုပ်ငန်းတွေမှာလည်း အားတက်သရောလုပ်ဆောင်လေ့ရှိတဲ့ ဇနီးမောင်နှံနှစ်ဦးပါပဲ။

kio9

လင်းလင်းနဲ့ ချစ်သုဝေက လက်ရှိမှာလည်း ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး အသက်(၅)နှစ်အောက် နှလုံးအပေါက်ပါ ကလေးငယ်တွေကို အခမဲ့ဆေးကုသပေးနေတာ ဖြစ်ပါတယ်။ လင်းလင်းက မနေ့က သူတင်ခဲ့တဲ့ (၁၀)တန်းကျောင်းသူလေးသတင်းနဲ့ ပတ်သတ်ပြီး အခုလို ဖြေရှင်းထားတာကို တွေ့ရပါတယ်။

“ဒီသတင်းဟာ ဟိုအရင်နှစ်ကဖြစ်ပြီး ညီမငယ်ဟာလဲ အလှူရှင်ပေါ်ပြီးမကွေးမှာ ဆေးကျောင်းတက်နေပြီလို့သိရတဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ ဒီသတင်းအဟောင်းကို အသစ်လုပ်တင်တဲ့မီဒီယာကိုလဲ အပြစ်မမြင်မိပါဘူး။ ဘာ့ကြောင့်ဆို ဒီလိုသတင်းအမှန်ကို ခုနစ်မှား ရက်မှားတင်ပေမယ့် အကယ်၍သာ ဒီညီမငယ်အဆင်မပြေသေးရင် ကျွန်တော်တို့ကူညီခွင့်ရမှာပါ။ ပညာရေးကိစ္စဖြစ်နေတာကိုး။”

kio8

“အခြေခံလူတန်းစား၊ ကျောမွဲလူတန်းစား၊ လက်လုပ်လက်စားလူတန်းစား တွေမှာလဲ ပညာရှိရင် ထည်ဝါခွင့်ရှိရပါမယ်။ ပညာရှိရင်ဂုဏ်ကြီးခွင့်ရှိရပါမယ်။ ပညာရှိရင် မျက်နှာကြီးခွင့်ရှိရပါမယ်။ အခွင့်အာဏာရှိတဲ့လူတွေနဲ့ပတ်သတ်မှ အကောင်းစားတွေတွေရမယ့်ခေတ်၊ ကိုယ့်အသိုင်းအဝိုင်းကောင်းစားမယ့်ခေတ်၊ လူတောတိုးလို့ရမယ့်ခေတ်ကို တွန်းလှန်ခြင်လို့ ကျွန်တော်တို့အားလုံးဟာ ဒီမိုကရေစီကို မျိုချခဲ့တာမဟုတ်လား။

လူကြီးမျက်နှာမညှိုးအောင်နည်းမျိုးစုံနဲ့ ကျင့်ကြံဝိုင်းရံဖြည့်စီးပေးပြီး တိုင်းပြည်ကို ‘ငါပိုင်’ လုပ်ခဲ့တဲ့ခေတ်ဟာ ပညာကြောင့်။ (ခုမှသာ နည်းမျိုးစုံနဲ့ပြည်သူ့လက်ခုတ်လိုချင်နေတာ) နိုင်ငံအလယ်ပိုင်းကို ပိုက်လိုင်းခါးပတ် အပတ်ခံရတာလဲ ပညာကြောင့်။

lli

ကမ်ဘာ့အလယ်မှာ နိုင်ငံတောမတိုးတာ ပညာကြောင့်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာ ကြိုက်တာကိုလက်ညှိုးထိုး ပညာကြောင့်။ ပညာဟာ ဓားစာခံဖြစ်နေတဲ့ ခေတ်ကို နိုင်ငံဦးဆောင်သူတွေတင်မက ကျွန်တော်တို့အားလုံးဝိုင်းဝန်းမှ ငွေကြေးဟာ ပညာရဲ့ ဝန်ထမ်းဖြစ်ပြီး ပညာဟာ နိုင်ငံရဲ့ ဂုဏ်တော်ဖြစ်မှာပါ။”

“ပညာဟာ ငွေကြေးရဲ့ ဝန်ထမ်းမဖြစ်ဖို့၊ ပညာဟာ နိုင်ငံရဲ့ ပြည့်တန်စာ မဖြစ်ဖို့” ကျွန်တော်တို့အားလုံး ကြိုးစာကြပါစို့။ ဒီသတင်းဟာ နိုင်ငံကိုအဆိပ်သွင်းတဲ့သတင်းမဟုတ်တဲ့အတွက် နောက်ကျဖော်ပြလဲမီဒီယာမှာ အမှားမရှိပါ။

ပညာရေးနဲ့ပတ်သတ်ရင် လောဘကြီးတဲ့ကျွန်တော့်ရဲ့ချစ်ဇနီးလေးအား လေးစားဂုဏ်ယူလျက်,,,ချစ်ဇနီးထရီဇာကျောင်းထားပေးပြီး ဆရာဝန်ဘွဲ့ရသွားတဲ့ ကလေးတွေအတွက် ဂုဏ်ယူလျက် ဒီပို့စ်လေးပြန်တင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပညာကုသိုလ် လုပ်ခြင်လို့ တင်လိုက်တဲ့ မနေ့ညက ပို့စ်ကိုလဲ friend ပြောင်းလိုက်ပါတယ်။” ဆိုပြီး ပြောပြထားပါတယ်။

lli1

လင်းလင်းနဲ့ ချစ်သုဝေကတော့ ပညာရေးနဲ့ ပက်သတ်ရင် တကယ်ကို လောဘကြီးသူတွေပါပဲ။ ချစ်သုဝေကိုယ်တိုင်ကလည်း ပညာရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံထားရပြီး ဆရာဝန်ဖြစ်အောင် ကလေးတွေကို ကျောင်းထားပေးခဲ့တာတွေ ရှိပါတယ်။ အဲ့ဒါကြောင့်လည်း လင်းလင်းက ဇနီးလေး ချစ်သုဝေအတွက် အမြဲဂုဏ်ယူနေရတာ ဖြစ်မယ်နော်။

ျပည္သူခ်စ္ အႏုပညာရွင္ႏွစ္ဦးျဖစ္တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝက အႏုပညာလုပ္ငန္းေတြလည္း ထူးခြၽန္သလိ္ု လူမႈေရးလုပ္ငန္းေတြမွာလည္း အားတက္သေရာလုပ္ေဆာင္ေလ့ရွိတဲ့ ဇနီးေမာင္ႏွံႏွစ္ဦးပါပဲ။

လင္းလင္းနဲ႔ ခ်စ္သုေဝက လက္ရွိမွာလည္း ေခတ္သစ္ေဖာင္ေဒးရွင္းကို တည္ေထာင္ထားၿပီး အသက္(၅)ႏွစ္ေအာက္ ႏွလုံးအေပါက္ပါ ကေလးငယ္ေတြကို အခမဲ့ေဆးကုသေပးေနတာ ျဖစ္ပါတယ္။ လင္းလင္းက မေန႔က သူတင္ခဲ့တဲ့ (၁၀)တန္းေက်ာင္းသူေလးသတင္းနဲ႔ ပတ္သတ္ၿပီး အခုလို ေျဖရွင္းထားတာကို ေတြ႕ရပါတယ္။

lli4

“ဒီသတင္းဟာ ဟိုအရင္ႏွစ္ကျဖစ္ၿပီး ညီမငယ္ဟာလဲ အလႉရွင္ေပၚၿပီးမေကြးမွာ ေဆးေက်ာင္းတက္ေနၿပီလို႔သိရတဲ့အတြက္ အရမ္းဝမ္းသာရပါတယ္။ ဒီသတင္းအေဟာင္းကို အသစ္လုပ္တင္တဲ့မီဒီယာကိုလဲ အျပစ္မျမင္မိပါဘူး။ ဘာ့ေၾကာင့္ဆို ဒီလိုသတင္းအမွန္ကို ခုနစ္မွား ရက္မွားတင္ေပမယ့္ အကယ္၍သာ ဒီညီမငယ္အဆင္မေျပေသးရင္ ကြၽန္ေတာ္တို႔ကူညီခြင့္ရမွာပါ။ ပညာေရးကိစၥျဖစ္ေနတာကိုး။”

“အေျခခံလူတန္းစား၊ ေက်ာမြဲလူတန္းစား၊ လက္လုပ္လက္စားလူတန္းစား ေတြမွာလဲ ပညာရွိရင္ ထည္ဝါခြင့္ရွိရပါမယ္။ ပညာရွိရင္ဂုဏ္ႀကီးခြင့္ရွိရပါမယ္။ ပညာရွိရင္ မ်က္ႏွာႀကီးခြင့္ရွိရပါမယ္။ အခြင့္အာဏာရွိတဲ့လူေတြနဲ႔ပတ္သတ္မွ အေကာင္းစားေတြေတြရမယ့္ေခတ္၊ ကိုယ့္အသိုင္းအဝိုင္းေကာင္းစားမယ့္ေခတ္၊ လူေတာတိုးလို႔ရမယ့္ေခတ္ကို တြန္းလွန္ျခင္လို႔ ကြၽန္ေတာ္တို႔အားလုံးဟာ ဒီမိုကေရစီကို မ်ိဳခ်ခဲ့တာမဟုတ္လား။

လူႀကီးမ်က္ႏွာမညႇိဳးေအာင္နည္းမ်ိဳးစုံနဲ႔ က်င့္ႀကံဝိုင္းရံျဖည့္စီးေပးၿပီး တိုင္းျပည္ကို ‘ငါပိုင္’ လုပ္ခဲ့တဲ့ေခတ္ဟာ ပညာေၾကာင့္။ (ခုမွသာ နည္းမ်ိဳးစုံနဲ႔ျပည္သူ႔လက္ခုတ္လိုခ်င္ေနတာ) ႏိုင္ငံအလယ္ပိုင္းကို ပိုက္လိုင္းခါးပတ္ အပတ္ခံရတာလဲ ပညာေၾကာင့္။

kio8

ကမ္ဘာ့အလယ္မွာ ႏိုင္ငံေတာမတိုးတာ ပညာေၾကာင့္။ ဘာသာေရး၊ လူမ်ိဳးေရး၊ ႏိုင္ငံေရး၊ စီးပြားေရး၊ အႏုပညာ ႀကိဳက္တာကိုလက္ညႇိဳးထိုး ပညာေၾကာင့္။ ပညာဟာ ဓားစာခံျဖစ္ေနတဲ့ ေခတ္ကို ႏိုင္ငံဦးေဆာင္သူေတြတင္မက ကြၽန္ေတာ္တို႔အားလုံးဝိုင္းဝန္းမွ ေငြေၾကးဟာ ပညာရဲ႕ ဝန္ထမ္းျဖစ္ၿပီး ပညာဟာ ႏိုင္ငံရဲ႕ ဂုဏ္ေတာ္ျဖစ္မွာပါ။”

“ပညာဟာ ေငြေၾကးရဲ႕ ဝန္ထမ္းမျဖစ္ဖို႔၊ ပညာဟာ ႏိုင္ငံရဲ႕ ျပည့္တန္စာ မျဖစ္ဖို႔” ကြၽန္ေတာ္တို႔အားလုံး ႀကိဳးစာၾကပါစို႔။ ဒီသတင္းဟာ ႏိုင္ငံကိုအဆိပ္သြင္းတဲ့သတင္းမဟုတ္တဲ့အတြက္ ေနာက္က်ေဖာ္ျပလဲမီဒီယာမွာ အမွားမရွိပါ။

ပညာေရးနဲ႔ပတ္သတ္ရင္ ေလာဘႀကီးတဲ့ကြၽန္ေတာ့္ရဲ႕ခ်စ္ဇနီးေလးအား ေလးစားဂုဏ္ယူလ်က္,,,ခ်စ္ဇနီးထရီဇာေက်ာင္းထားေပးၿပီး ဆရာဝန္ဘြဲ႕ရသြားတဲ့ ကေလးေတြအတြက္ ဂုဏ္ယူလ်က္ ဒီပို႔စ္ေလးျပန္တင္ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ပညာကုသိုလ္ လုပ္ျခင္လို႔ တင္လိုက္တဲ့ မေန႔ညက ပို႔စ္ကိုလဲ friend ေျပာင္းလိုက္ပါတယ္။” ဆိုၿပီး ေျပာျပထားပါတယ္။

kio9

လင္းလင္းနဲ႔ ခ်စ္သုေဝကေတာ့ ပညာေရးနဲ႔ ပက္သတ္ရင္ တကယ္ကို ေလာဘႀကီးသူေတြပါပဲ။ ခ်စ္သုေဝကိုယ္တိုင္ကလည္း ပညာေရးသံတမန္အျဖစ္ ခန႔္အပ္ျခင္းခံထားရၿပီး ဆရာဝန္ျဖစ္ေအာင္ ကေလးေတြကို ေက်ာင္းထားေပးခဲ့တာေတြ ရွိပါတယ္။ အဲ့ဒါေၾကာင့္လည္း လင္းလင္းက ဇနီးေလး ခ်စ္သုေဝအတြက္ အၿမဲဂုဏ္ယူေနရတာ ျဖစ္မယ္ေနာ္။

Facebook Comments
5K Shares