မစိမ့္ထက္ ေရခဲေတာင္ေပၚက ျပဳတ္က်တဲ့ကိစၥမွ သံသယရိွဖြယ္ ရွာေဖြေတြ႕ရိွ

7479
asx2
11K Shares

မစိမ့္ထက္ ေရခဲေတာင္ေပၚက ျပဳတ္က်တဲ့ကိစၥမွာ သတင္းစတက္လာကတည္းက စိတ္ဝင္စားခဲ့တယ္။ လူတစ္ေယာက္လုံး ေသဆုံးသြားတာကို ေပါ့ေပါ့ပါးပါး ေဖာ့ေရးထားၿပီး ေအာင္ပြဲခံသလို ေရးထားတဲ့ ေခါင္းေဆာင္ျဖစ္သူရဲ႕ အေရးအသားပုံစံကို ဘဝင္မက်မိတာက လြဲရင္ သူတို႔ေျပာတာ အမွန္ပဲလို႔ ယုံၾကည္ခဲ့တယ္။

asx1

မစိမ့္ထက္ ေျခေခ်ာ္က်သြားတယ္။ ေၾကာက္လန္႔ေနတဲ့ အျခားအဖြဲ႕သားေတြကို ေဘးကင္းရာပို႔ၿပီး လမ္းျပႏွစ္ေယာက္နဲ႔ ေခါင္းေဆာင္က ႏွစ္နာရီေက်ာ္ၾကာ ျပန္ရွာခဲ့တယ္။ မစိမ့္ထက္ ေသဆုံးသြားတယ္။ ခႏၶာကိုယ္အပိုင္းအစေတြ ႏွစ္ပိုင္းသုံးပိုင္း ျမင္ခဲ့တယ္။ Lens ေကာင္းတဲ့ ကင္မရာေတြ မပါခဲ့လို႔၊

အနီးနားထိ ဆင္းဖို႔ အခက္အခဲရွိလို႔ ေပေလးရာေလာက္အကြာကေန ဖုန္းနဲ႔ မွတ္တမ္းတင္ခဲ့တယ္တဲ့။ အဲ့ပုံကို ထုတ္ေဖာ္မျပသတဲ့အတြက္ ပုံအေနအထားကိုလည္း မသိရပါဘူး၊ ဒါကေတာ့ ထားေတာ့၊ မစိမ့္ထက္ရဲ႕ Confidential အတြက္ Public ကို ထုတ္မျပတာလို႔ ထင္ခဲ့တယ္။

မစိမ့္ထက္ရဲ႕ ခႏၶာကိုယ္အပိုင္းအစေတြကို သူကိုယ္တိုင္ျမင္ခဲ့တယ္လို႔ ေခါင္းေဆာင္က Post ေတြမွာေရာ၊ ဗီဒီယိုအင္တာဗ်ဴးေတြမွာေရာ ေျပာၾကားခဲ့တယ္။ အဲ့အတြက္ တကယ္ေသဆုံးသြားၿပီဆိုၿပီး စိတ္မေကာင္း႐ုံကလြဲရင္ အျပစ္တင္ေနၾကတဲ့လူေတြကိုပါ စိတ္တိုမိေသးတယ္။

အခု ကယ္ဆယ္ေရးအဖြဲ႕ေတြသြားတယ္။ ရွာေဖြတယ္။ ေခါင္းေဆာင္ျဖစ္သူက မလိုက္ပါသြားခဲ့ဘူး။ ျပည္ပခရီးတစ္ခု သြားေနတယ္တဲ့။ စိတ္ထဲ တာဝန္မဲ့တယ္လို႔ ခံစားမိတယ္။

အခုသြားတဲ့ ကယ္ဆယ္ေရးအဖြဲ႕ရဲ႕ ေျဖၾကားခ်က္ေတြအရ မစိမ့္ထက္ရဲ႕ Dead Body ကို မေတြ႕ရွိရေသးဘူး။ အပိုင္းအစေတြဆိုတာလည္း မေတြ႕ရေသးဘူး။ တစ္ထည္လုံး ကြၽတ္က်ေနတဲ့ မစိမ့္ထက္ရဲ႕ အက်ႌ၊ မ်က္မွန္နဲ႔ အသုံးအေဆာင္ ပစၥည္းအခ်ိဳ႕ကို ေတြ႕ခဲ့တယ္တဲ့။

adz9

လိမ္းေဆးဘူးေတြကို ညႇစ္လိမ္းထားၿပီး စားလက္စ မုန္႔ေတြ၊ ကိုက္ရာထင္ေနတဲ့ ေခ်ာ့ကလက္ေတြအစ ေတြ႕ခဲ့တယ္ဆိုေတာ့ မစိမ့္ထက္ဟာ ျပဳတ္က်စဥ္မွာ ေသဆုံးခဲ့တာမဟုတ္လို႔ ယူဆလို႔ရတယ္လို႔ မိသားစုဝင္တစ္ေယာက္ ေရးသားထားတာ ဖတ္ရတယ္။ ပုံေတြ ေတြ႕တယ္။

ဒါဆို မစိမ့္ထက္ရဲ႕ ခႏၶာကိုယ္အပိုင္းအစေတြကို ေတြ႕ျမင္ရပါတယ္လို႔ ေခါင္းေဆာင္က ဘာလို႔ေျပာခဲ့သလဲ။ အပိုင္းပိုင္းျပတ္သြားတယ္ဆိုရင္ အခုေတြ႕ရွိတဲ့ လိမ္းေဆးဘူးေတြကို ဘယ္သူက ညႇစ္လိမ္းခဲ့ၿပီး မုန္႔ေတြကို ဘယ္သူက စားခဲ့တာလဲ။ တစ္ခုခုေတာ့ မွားယြင္းေနၿပီလို႔ ထင္တယ္။

တကယ္ေသဆုံးခဲ့တဲ့ Dead Body အပိုင္းအစေတြကို ေတြ႕ျမင္ခဲ့လို႔ ဆက္လက္မရွာေဖြဘဲ ရန္ကုန္ျပန္လာတယ္ဆိုရင္ နားလည္ပါတယ္။ တကယ္မေတြ႕ရွိရဘဲ အလုပ္ပိုမွာစိုးလို႔၊ ေလယာဥ္လက္မွတ္ ဆုံးမွာစိုးလို႔ မ်က္ႏွာလႊဲခဲပစ္ ေသၿပီဆိုၿပီး ထားရစ္ခဲ့တာ ဆိုရင္၊ အျမင္ႀကီးက ျပဳတ္က်ခဲ့တဲ့ မိန္းကေလးဟာ ဒဏ္ရာေတြနဲ႔ ေရခဲေတာင္ႀကီးထဲမွာ မေသေသးဘဲ ကယ္သူမဲ့ ႐ုန္းကန္ရွင္သန္ေနခဲ့ရမယ္ဆိုရင္ ….. ဒါဟာ လူသားမဆန္မႈလို႔ ဆိုႏိုင္ပါတယ္။

အျဖစ္အပ်က္ဟာ တစ္လေက်ာ္ခဲ့ပါၿပီ။ အကယ္၍ မစိမ့္ထက္ဟာ ျပဳတ္က်စဥ္မွာ မေသဆုံးခဲ့ဘူးဆိုရင္ေတာင္ ဖန္ဂရန္ရာဇီလို ေရခဲေတာင္ႀကီးထဲမွာ ကယ္သူမဲ့၊ အစာေရစာမရွိ၊ ရာသီဥတုဒဏ္ေတြၾကား တစ္ေယာက္တည္း ဆက္လက္အသက္ရွင္ေနဖို႔ဆိုတာ အေတာ္အိပ္မက္ဆန္လြန္းတဲ့ အေျခအေနျဖစ္သြားပါၿပီ။ မိသားစုဝင္ေတြ အေနနဲ႔ကေတာ့ ေနာက္ဆုံး ျမက္တစ္ပင္အထိ အသက္ရွင္လ်က္ ျပန္ေတြ႕ရဖို႔ ေမွ်ာ္လင့္ေနၾကဦးမွာပဲ။

အကယ္၍မ်ား ျပဳတ္က်စဥ္မွာ မေသဆုံးခဲ့ဘဲ သူမအသက္ဆက္ရွင္ေနဦးမယ္ဆိုရင္၊ အခ်ိန္နဲ႔တေျပးညီ ကယ္ဆယ္ေရးကို ထိထိေရာက္ေရာက္ လုပ္ႏိုင္ခဲ့မယ္ဆိုရင္ မစိမ့္ထက္ကို အသက္ရွင္လ်က္ ျပန္ရႏိုင္သလို Dead Body ျပန္ရရင္ ျဖစ္ျဖစ္၊ Dead Body ျဖစ္ေၾကာင္း ခိုင္မာတဲ့ ဓါတ္ပုံေတြသာ ရခဲ့မယ္ဆိုရင္ မိသားစုအေနနဲ႔ စိတ္ဒုံးဒုံးခ်ႏိုင္ဦးမယ္။ အခုက ေရခဲေတာင္တက္တယ္၊ ျပဳတ္က်သြားတယ္ဆိုတာပဲ ခိုင္မာသလို ေသၿပီဆိုတာ ပါးစပ္အေျပာနဲ႔ပဲ ေသၿပီလို႔ ေကာက္ခ်က္ခ်လိုက္သလို ျဖစ္ေနတယ္။

adz8

ေနာက္ထပ္ သိရတာက ေပတစ္ေသာင္းအထက္ ေတာင္ေတြ တက္မယ္ဆိုရင္ ျမန္မာႏိုင္ငံေတာင္တက္အဖြဲ႕ခ်ဳပ္ကို အေၾကာင္းၾကားရပါတယ္။ ဒီလို မလုပ္ခဲ့တဲ့ ခရီးစဥ္လို႔ သိရပါတယ္။ ျဖစ္ပြားသြားတဲ့အခ်ိန္မွာ လိုအပ္တဲ့ အေၾကာင္းၾကားမႈေတြ၊ အကူအညီေတာင္းခံမႈေတြ၊ ကယ္ဆယ္ေရးေတြ ျပဳလုပ္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ထင္ျမင္ပါတယ္။

မိသားစုအေနနဲ႔ ျဖစ္ပြားၿပီး သုံးရက္အၾကာမွ သိခြင့္ရခဲ့တယ္။ ေသဆုံးမႈအတြက္ Photo Evidence မျပႏိုင္ဘူးဆိုတာက လက္မခံစရာပဲ။ ေတာင္ထိပ္မွာ ေခါင္းေဆာင္ျဖစ္သူက Pre-Wedding ႐ိုက္ခဲ့ေသးတယ္။ ကင္မရာမပါဘူးဆိုတာ လက္မခံႏိုင္ဘူးလို႔ မိသားစုဝင္တစ္ဦးက ေရးသားထားတယ္။

မစိမ့္ထက္ မေသခင္ ေနာက္ဆုံးမိနစ္ေတြမွာ ႐ိုက္ကူးထားတဲ့ ပုံေတြ ဗီဒီယိုေတြအရ သူတို႔သြားတဲ့ လမ္းေၾကာင္းဟာ သိပ္အႏၲရာယ္ရွိတဲ့ အေနအထား။ ႀကိဳးေတြ မသုံးခဲ့ဘူး။ ေခါင္းေဆာင္ရဲ႕ ေျဖရွင္းခ်က္အရ ကေလးေတြ မဟုတ္ဘူး၊ မသုံးဘူးဆိုတဲ့ သေဘာ။ ဒီေနရာေလာက္ကို သုံးစရာမလိုဘူးဆိုတဲ့သေဘာ။ ဒါေပမယ့္ ဒီေနရာကပဲ ကေလးမဟုတ္တဲ့ လူတစ္ေယာက္ ျပဳတ္က်သြားခဲ့တယ္။ Safetyအတြက္ အေသအခ်ာ မလုပ္ခဲ့ဖူးဆိုတာ ျငင္းမရဘူး။

သူမ်ားေတြ အရမ္းမဲ့ ေဝဖန္ေနသလို ေရခဲေတာင္ေပၚက တြန္းခ်သလို၊ လူသတ္မႈလိုေတာ့ မထင္ျမင္ပါဘူး။ ဒါေပမယ့္ တာဝန္ယူမႈ ပ်က္ကြက္ခဲ့ျခင္းအေပၚ မစိမ့္ထက္အတြက္ အမွန္တရားတစ္ခု ရရွိေစခ်င္ပါတယ္။

ပါးလ်ေပမယ့္၊ နည္းပါးေပမယ့္ မစိမ့္ထက္ အသက္ရွင္လ်က္ ေဘးမသီရန္မခ ျပန္ေရာက္လာပါေစလို႔ မိသားစုနဲ႔အတူ ေမွ်ာ္လင့္ေနပါတယ္။

adz6 1

မစိမ့်ထက် ရေခဲတောင်ပေါ်က ပြုတ်ကျတဲ့ကိစ္စမှာ သတင်းစတက်လာကတည်းက စိတ်ဝင်စားခဲ့တယ်။ လူတစ်ယောက်လုံး သေဆုံးသွားတာကို ပေါ့ပေါ့ပါးပါး ဖော့ရေးထားပြီး အောင်ပွဲခံသလို ရေးထားတဲ့ ခေါင်းဆောင်ဖြစ်သူရဲ့ အရေးအသားပုံစံကို ဘဝင်မကျမိတာက လွဲရင် သူတို့ပြောတာ အမှန်ပဲလို့ ယုံကြည်ခဲ့တယ်။

မစိမ့်ထက် ခြေချော်ကျသွားတယ်။ ကြောက်လန့်နေတဲ့ အခြားအဖွဲ့သားတွေကို ဘေးကင်းရာပို့ပြီး လမ်းပြနှစ်ယောက်နဲ့ ခေါင်းဆောင်က နှစ်နာရီကျော်ကြာ ပြန်ရှာခဲ့တယ်။ မစိမ့်ထက် သေဆုံးသွားတယ်။ ခန္ဓာကိုယ်အပိုင်းအစတွေ နှစ်ပိုင်းသုံးပိုင်း မြင်ခဲ့တယ်။ Lens ကောင်းတဲ့ ကင်မရာတွေ မပါခဲ့လို့၊

အနီးနားထိ ဆင်းဖို့ အခက်အခဲရှိလို့ ပေလေးရာလောက်အကွာကနေ ဖုန်းနဲ့ မှတ်တမ်းတင်ခဲ့တယ်တဲ့။ အဲ့ပုံကို ထုတ်ဖော်မပြသတဲ့အတွက် ပုံအနေအထားကိုလည်း မသိရပါဘူး၊ ဒါကတော့ ထားတော့၊ မစိမ့်ထက်ရဲ့ Confidential အတွက် Public ကို ထုတ်မပြတာလို့ ထင်ခဲ့တယ်။

မစိမ့်ထက်ရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို သူကိုယ်တိုင်မြင်ခဲ့တယ်လို့ ခေါင်းဆောင်က Post တွေမှာရော၊ ဗီဒီယိုအင်တာဗျူးတွေမှာရော ပြောကြားခဲ့တယ်။ အဲ့အတွက် တကယ်သေဆုံးသွားပြီဆိုပြီး စိတ်မကောင်းရုံကလွဲရင် အပြစ်တင်နေကြတဲ့လူတွေကိုပါ စိတ်တိုမိသေးတယ်။

အခု ကယ်ဆယ်ရေးအဖွဲ့တွေသွားတယ်။ ရှာဖွေတယ်။ ခေါင်းဆောင်ဖြစ်သူက မလိုက်ပါသွားခဲ့ဘူး။ ပြည်ပခရီးတစ်ခု သွားနေတယ်တဲ့။ စိတ်ထဲ တာဝန်မဲ့တယ်လို့ ခံစားမိတယ်။

အခုသွားတဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဖြေကြားချက်တွေအရ မစိမ့်ထက်ရဲ့ Dead Body ကို မတွေ့ရှိရသေးဘူး။ အပိုင်းအစတွေဆိုတာလည်း မတွေ့ရသေးဘူး။ တစ်ထည်လုံး ကျွတ်ကျနေတဲ့ မစိမ့်ထက်ရဲ့ အင်္ကျီ၊ မျက်မှန်နဲ့ အသုံးအဆောင် ပစ္စည်းအချို့ကို တွေ့ခဲ့တယ်တဲ့။

adz5 1

လိမ်းဆေးဘူးတွေကို ညှစ်လိမ်းထားပြီး စားလက်စ မုန့်တွေ၊ ကိုက်ရာထင်နေတဲ့ ချော့ကလက်တွေအစ တွေ့ခဲ့တယ်ဆိုတော့ မစိမ့်ထက်ဟာ ပြုတ်ကျစဉ်မှာ သေဆုံးခဲ့တာမဟုတ်လို့ ယူဆလို့ရတယ်လို့ မိသားစုဝင်တစ်ယောက် ရေးသားထားတာ ဖတ်ရတယ်။ ပုံတွေ တွေ့တယ်။

ဒါဆို မစိမ့်ထက်ရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကို တွေ့မြင်ရပါတယ်လို့ ခေါင်းဆောင်က ဘာလို့ပြောခဲ့သလဲ။ အပိုင်းပိုင်းပြတ်သွားတယ်ဆိုရင် အခုတွေ့ရှိတဲ့ လိမ်းဆေးဘူးတွေကို ဘယ်သူက ညှစ်လိမ်းခဲ့ပြီး မုန့်တွေကို ဘယ်သူက စားခဲ့တာလဲ။ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ထင်တယ်။

တကယ်သေဆုံးခဲ့တဲ့ Dead Body အပိုင်းအစတွေကို တွေ့မြင်ခဲ့လို့ ဆက်လက်မရှာဖွေဘဲ ရန်ကုန်ပြန်လာတယ်ဆိုရင် နားလည်ပါတယ်။ တကယ်မတွေ့ရှိရဘဲ အလုပ်ပိုမှာစိုးလို့၊ လေယာဉ်လက်မှတ် ဆုံးမှာစိုးလို့ မျက်နှာလွှဲခဲပစ် သေပြီဆိုပြီး ထားရစ်ခဲ့တာ ဆိုရင်၊ အမြင်ကြီးက ပြုတ်ကျခဲ့တဲ့ မိန်းကလေးဟာ ဒဏ်ရာတွေနဲ့ ရေခဲတောင်ကြီးထဲမှာ မသေသေးဘဲ ကယ်သူမဲ့ ရုန်းကန်ရှင်သန်နေခဲ့ရမယ်ဆိုရင် ….. ဒါဟာ လူသားမဆန်မှုလို့ ဆိုနိုင်ပါတယ်။

အဖြစ်အပျက်ဟာ တစ်လကျော်ခဲ့ပါပြီ။ အကယ်၍ မစိမ့်ထက်ဟာ ပြုတ်ကျစဉ်မှာ မသေဆုံးခဲ့ဘူးဆိုရင်တောင် ဖန်ဂရန်ရာဇီလို ရေခဲတောင်ကြီးထဲမှာ ကယ်သူမဲ့၊ အစာရေစာမရှိ၊ ရာသီဥတုဒဏ်တွေကြား တစ်ယောက်တည်း ဆက်လက်အသက်ရှင်နေဖို့ဆိုတာ အတော်အိပ်မက်ဆန်လွန်းတဲ့ အခြေအနေဖြစ်သွားပါပြီ။ မိသားစုဝင်တွေ အနေနဲ့ကတော့ နောက်ဆုံး မြက်တစ်ပင်အထိ အသက်ရှင်လျက် ပြန်တွေ့ရဖို့ မျှော်လင့်နေကြဦးမှာပဲ။

အကယ်၍များ ပြုတ်ကျစဉ်မှာ မသေဆုံးခဲ့ဘဲ သူမအသက်ဆက်ရှင်နေဦးမယ်ဆိုရင်၊ အချိန်နဲ့တပြေးညီ ကယ်ဆယ်ရေးကို ထိထိရောက်ရောက် လုပ်နိုင်ခဲ့မယ်ဆိုရင် မစိမ့်ထက်ကို အသက်ရှင်လျက် ပြန်ရနိုင်သလို Dead Body ပြန်ရရင် ဖြစ်ဖြစ်၊ Dead Body ဖြစ်ကြောင်း ခိုင်မာတဲ့ ဓါတ်ပုံတွေသာ ရခဲ့မယ်ဆိုရင် မိသားစုအနေနဲ့ စိတ်ဒုံးဒုံးချနိုင်ဦးမယ်။ အခုက ရေခဲတောင်တက်တယ်၊ ပြုတ်ကျသွားတယ်ဆိုတာပဲ ခိုင်မာသလို သေပြီဆိုတာ ပါးစပ်အပြောနဲ့ပဲ သေပြီလို့ ကောက်ချက်ချလိုက်သလို ဖြစ်နေတယ်။

adz11

နောက်ထပ် သိရတာက ပေတစ်သောင်းအထက် တောင်တွေ တက်မယ်ဆိုရင် မြန်မာနိုင်ငံတောင်တက်အဖွဲ့ချုပ်ကို အကြောင်းကြားရပါတယ်။ ဒီလို မလုပ်ခဲ့တဲ့ ခရီးစဉ်လို့ သိရပါတယ်။ ဖြစ်ပွားသွားတဲ့အချိန်မှာ လိုအပ်တဲ့ အကြောင်းကြားမှုတွေ၊ အကူအညီတောင်းခံမှုတွေ၊ ကယ်ဆယ်ရေးတွေ ပြုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ထင်မြင်ပါတယ်။

မိသားစုအနေနဲ့ ဖြစ်ပွားပြီး သုံးရက်အကြာမှ သိခွင့်ရခဲ့တယ်။ သေဆုံးမှုအတွက် Photo Evidence မပြနိုင်ဘူးဆိုတာက လက်မခံစရာပဲ။ တောင်ထိပ်မှာ ခေါင်းဆောင်ဖြစ်သူက Pre-Wedding ရိုက်ခဲ့သေးတယ်။ ကင်မရာမပါဘူးဆိုတာ လက်မခံနိုင်ဘူးလို့ မိသားစုဝင်တစ်ဦးက ရေးသားထားတယ်။

မစိမ့်ထက် မသေခင် နောက်ဆုံးမိနစ်တွေမှာ ရိုက်ကူးထားတဲ့ ပုံတွေ ဗီဒီယိုတွေအရ သူတို့သွားတဲ့ လမ်းကြောင်းဟာ သိပ်အန္တရာယ်ရှိတဲ့ အနေအထား။ ကြိုးတွေ မသုံးခဲ့ဘူး။ ခေါင်းဆောင်ရဲ့ ဖြေရှင်းချက်အရ ကလေးတွေ မဟုတ်ဘူး၊ မသုံးဘူးဆိုတဲ့ သဘော။ ဒီနေရာလောက်ကို သုံးစရာမလိုဘူးဆိုတဲ့သဘော။ ဒါပေမယ့် ဒီနေရာကပဲ ကလေးမဟုတ်တဲ့ လူတစ်ယောက် ပြုတ်ကျသွားခဲ့တယ်။ Safetyအတွက် အသေအချာ မလုပ်ခဲ့ဖူးဆိုတာ ငြင်းမရဘူး။

သူများတွေ အရမ်းမဲ့ ဝေဖန်နေသလို ရေခဲတောင်ပေါ်က တွန်းချသလို၊ လူသတ်မှုလိုတော့ မထင်မြင်ပါဘူး။ ဒါပေမယ့် တာဝန်ယူမှု ပျက်ကွက်ခဲ့ခြင်းအပေါ် မစိမ့်ထက်အတွက် အမှန်တရားတစ်ခု ရရှိစေချင်ပါတယ်။

asx

ပါးလျပေမယ့်၊ နည်းပါးပေမယ့် မစိမ့်ထက် အသက်ရှင်လျက် ဘေးမသီရန်မခ ပြန်ရောက်လာပါစေလို့ မိသားစုနဲ့အတူ မျှော်လင့်နေပါတယ်။

Facebook Comments
11K Shares