ပူပြင်းလွန်းတဲ့ ရာသီမှာ ရင်အေးစေဖို့ ကလေးတွေကို အအေးဖျော်တိုက်ရင်း ပျော်မဆုံးဖြစ်နေတဲ့ ဖြူဖြူထွေး

saz12


saz9



saz11



saz8


ပရိသတ်ကြီးရေ.. အခုဆိုရင် ရာသီဥတုပူလွန်းတာကြောင့် ပြည်သူပရိသတ်တွေ အရမ်းတွေ ပူအိုက်နေကြမှာဖြစ်ပြီး လူတိုင်း လူတိုင်း ရင်အေးစေဖို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပြုလုပ်နေတတ်ကြတာ တွေ့ရပါတယ်..။

saz7

အခုတစ်ခါမှာလည်း ဖြူဖြူထွေးတစ်ယောက် ပူအိုက်လွန်းတာကြောင့် ကလေးငယ်လေးတွေအတွက် ကိုယ်တိုင်ကိုယ်ကျ အအေးဖျော်တိုက်နေတာ တွေ့ရပါတယ်..။

ကလေးတွေနဲ့အတူ အအေးဖျော်သောက်ကြရင်း ပျော်နေကြတဲ့ မြင်ကွင်းလေးကတော့ မြင်သူပရိသတ်တွေတိုင်းကို အပြုံးလေးတွေနဲ့ အပျော်လေးတွေ ကူးစက်စေတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြမှာပါနော်..။

saz6

ကလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် juice လုပ်သောက်ရင်း ကြည်ကြည်နူးနူးလေး အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ သူမတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း ဖြူဖြူထွေးက ပရိသတ်တွေကို အပျော်လေးတွေ မျှဝေထားပါသေးတယ်နော်..။

“ပီတိလေးများ ဖွံ့ဖွံ့ထွားထွား ပျော်စရာ..” ဆိုပြီး ကလေးတစ်သိုက်နဲ့ တစ်ပျော်တစ်ပါးကြီး မုန့်လုပ်စား အအေးလုပ်သောက်ရင်း ပျော်ခဲ့ရတဲ့ အမှတ်တရလေးတွေကို မျှဝေထားတာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြတာ တွေ့ရပါတယ်နော်..။

saz5

ဖြူဖြူထွေးကတော့ အလှူအတန်းရက်ရောတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦး ဖြစ်သလို ကလေးချစ်တတ်တဲ့ ကောင်မလေး တစ်ယောက်ဖြစ်တယ်ဆိုတာလည်း သူမရဲ့ပီတိအပြုံးလေးတွေက သိနိုင်ပါတယ်နော်..။

Facebook Comments