လေးလလောက် Gym ဆော့ပြီး ပြောင်းလဲလှပသွားခဲ့တဲ့ Body ကို ပထမဆုံးဖော်ပြလိုက်တဲ့ ခင်လေးနွယ်

278
saz4


saz2





saz1




saz

လီဆူတိုင်းရင်းသူလေး ခင်လေးနွယ်တစ်ယောက် Gym ကစားပြီး ပြောင်းလဲသွားတဲ့ သူမရဲ့ပြေပြစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားပုံရိပ်တွေကို ပရိသတ်တွေကို ချပြလိုက်တာပဲ ဖြစ်ပါတယ်။

အရင်က သိပ်မကျစ်လျစ်ပဲ အဆီပိုအနည်းငယ်ရှိနေတဲ့ ဗိုက်သားဟာ Gym လေးလ ကစားအပြီးမှာပဲ ကျစ်လျစ်ပြီး လှပသွားပုံက တကယ့်ကိုအမိုက်စားပါပဲ။

အားကစားပုံမှန်လုပ်တာဟာ ကျန်းမာရေးအတွက်လည်း အထူးသင့်လျော်ပြီး ကိုယ်ခန္ဓာလှပ ဖို့အတွက်လည်း အထောက်အကူဖြစ်ပါတယ်။

အနုပညာအလုပ်တွေနဲ့ ခေတ္တခဏဝေးကွာသလို ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ခင်လေးတစ်ယောက် ကြော်ငြာလေးတွေလည်း ပြန်လည်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။

saz3

စကားသံဝဲဝဲလေးနဲ့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တဲ့ အပျိုကြီးမမ ခင်လေးကို ပရိသတ်တွေက အရင်လိုဇာတ်ကားတွေမှာ ပြန်လည်ပါဝင်သရုပ်ဆောင်ဖို့ ကိုလည်း မျှော်လင့်နေကြပါတယ်။

ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေပြီဖြစ်တဲ့ အပျိုကြီးကတော့ လှသထက်ပိုလှတော့မှာပေါ့နော်။

လေးလအတွင်းပြောင်းလဲသွားတဲ့ သူမရဲ့ပုံရိပ်တွေကို ” ၄ လ လောက်မရပ်မနားဆော့ပြီး ( ခရီးထွက်တဲ့ချိန်ကလွှဲလို့) မှ ရလာတဲ့ ပြောင်းလှဲမှု gym က ဆရာ Nick ရဲ့ ချော့တစ် လှည့် ငေါက်တစ်လှည့်နဲ့ စိတ်ရှည်စွာ train ပေးတာကြောင့် ဒီလိုအနေထားလေး ရလာတာပါ

saz2

အစားအသောက်လဲ အများကြီး ဆင်ခြင်ရပါတယ် ဆက်လက်ပြီးတော့ ကြိုးစား သွားပါအုံးမည် ” ဆိုပြီး လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါ တယ်။ အရင်ကထက် ပိုပိုပြီးလှလာတဲ့ အပျိုကြီးကတော့ ပုရိသတို့ရဲ့ရင်ခုန်သံတွေကို နှိုးဆွလိုက်ပြန်ပါပြီနော်။

Facebook Comments