Local Sport, Sports

ေအာင္လအန္ဆန္ကို လက္ေတြ႕ဘဝ၏ Super Heroဟု သတ္မွတ္ႏိုင္သည့္ အခ်က္ ၅ ခ်က္

asxx2

ယေန႔ ကမာၻေပၚတြင္ Super Hero လူစြမ္းေကာင္း ႐ုပ္ရွင္ကားႏွင့္ ဝတၱဳ၊ ကာတြန္းမ်ား လူႀကိဳက္မ်ားလ်က္ ရွိေနၿပီး ဝင္ေငြ ေဒၚလာ ဘီလ်ံႏွင့္ ခ်ီကာ ရရွိေနၾကသည္။

asxx2

ယင္းကဲ့သို႔ စိတ္ကူးယဥ္ Super Hero ဇာတ္ေကာင္မ်ား၏ စ႐ိုက္ လကၡဏာ အစြမ္းအစမ်ားႏွင့္ တူညီေသာ လူပုဂၢိဳလ္မ်ားသည္ လက္ေတြ႕ဘဝတြင္ မ်ားစြာ ရွိၾကသည္။ အဆိုပါ လူပုဂၢိဳလ္မ်ား ထဲတြင္ “ျမန္မာ စပါးအုံး”ဟု နာမည္ရထားသည့္ ကိုယ္ခံပညာ သိုင္းေပါင္းစုံ ကစားသမား ေအာင္လအန္ဆန္လည္း အပါအဝင္ ျဖစ္သည္။

ONE Championship ၏ ဝိတ္တန္း ႏွစ္ခု၏ ကမာၻ႔ခ်န္ပီယံ ေအာင္လအန္ဆန္ကို အဘယ္ေၾကာင့္ Super Hero ဟု သတ္မွတ္ႏိုင္သည္ ဆိုသည့္ အခ်က္မ်ားအား ေကာက္ႏုတ္ ေဖာ္ျပလိုက္ရပါသည္။

၁။ အံ့မခမ္း စြမ္းေဆာင္ရည္ ပိုင္ဆိုင္ျခင္း
ေအာင္လအန္ဆန္ကို Super Hero ႏွင့္ ႏႈိင္းယွဥ္ႏိုင္သည့္ ပထမဆုံး အခ်က္မွာ သာမန္လူမ်ားထက္ ထူးကဲသာလြန္ေသာ ၎၏ စြမ္းေဆာင္ရည္ ျဖစ္သည္။ လူစြမ္းေကာင္းတစ္ဦး၏ ခြန္အား၊ အျမန္ႏႈန္းႏွင့္ ႀကံ့ခိုင္မႈ တို႔ကို ပိုင္ဆိုင္ထားသည့္ ေအာင္လသည္ ONE တြင္ ပြဲေပါင္း ၁၁ ပြဲ ကစားခဲ့ရာတြင္ ၁ဝ ပြဲ ႏိုင္ၿပီး တစ္ပြဲသာ ရႈံးနိမ့္ထားသည္။

ထို႔ျပင္ ၎၏ ဝိတ္တန္း ျဖစ္ေသာ မစ္ဒယ္ဝိတ္တန္းတြင္ ဗိုလ္စြဲသည့္အျပင္ တန္းတက္ကာ လိုက္ဟဲဗီးဝိတ္တန္းတြင္ပါ ကမာၻ႔ခ်န္ပီယံ ျဖစ္ေအာင္ ယွဥ္ၿပိဳင္ကစားႏိုင္ ခဲ့သည္။ ၎အႏိုင္ရသည့္ ပြဲစဥ္ ၁ဝ ပြဲတြင္ ၅ ပြဲကို ပထမ အခ်ီအတြင္း အႏိုင္ယူခဲ့ျခင္းျဖစ္ရာ သာမန္လူမ်ား မည္သို႔မွ် မစြမ္းေဆာင္ ႏိုင္သည့္ Super Hero စြမ္းရည္မ်ိဳး ျဖစ္သည္။

ေနာက္ဆုံး ယွဥ္ၿပိဳင္ ကစားခဲ့သည့္ ပြဲတြင္ ၎၏ ၿပိဳင္ဘက္ျဖစ္သူ Ken Hasegawa မွာ ေအာင္လ၏ ေျခကန္ခ်က္ေၾကာင့္ နံ႐ိုးက်ိဳးၿပီး ေဆး႐ုံပါ တင္ခဲ့ရသည္ကိုလည္း ေတြ႕ရသည္။ ထို႔ျပင္ လာမည့္ ေအာက္တိုဘာလတြင္ ေအာင္လအန္ဆန္သည္ ၎ထက္ ဝိတ္တန္း၂ တန္း ျမင့္ေသာ ဟဲဗီးဝိတ္တန္းမွ ကမာၻ႔ ခ်န္ပီယံ Brandon Vera ႏွင့္ပါ ယွဥ္ၿပိဳင္ရန္ စီစဥ္ထားသည္။

asxx2

၂။ အက်ိဳးျပဳ လုပ္ငန္းမ်ား လုပ္ေဆာင္ျခင္း
Super Hero ႏွင့္ Super Villain တို႔အၾကား အဓိက ကြာျခားခ်က္မွာ အက်ိဳးျပဳ လုပ္ငန္းမ်ား လုပ္ေဆာင္ျခင္းႏွင့္ အဖ်က္အေမွာက္ လုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း ျဖစ္သည္။ ေအာင္လကို Super Hero အျဖစ္ သတ္မွတ္ရသည့္ အခ်က္တစ္ခုမွာ လူသားအက်ိဳးျပဳ လုပ္ငန္းမ်ားကို စြမ္းစြမ္းတမံ ေဆာင္႐ြက္ေပးျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံအလံႀကီးကို လႊမ္းၿခဳံကာ ႏိုင္ပြဲမ်ား ရယူေပးေနသည့္ ေအာင္လသည္ သဘာဝ ေတာ႐ိုင္းတိရစာၦန္မ်ား ထိန္းသိမ္း ကာကြယ္ေရးႏွင့္ ေတာ႐ိုင္းတိရစာၦန္ႏွင့္ ပတ္သက္သည့္ ရာဇဝတ္မႈမ်ား တိုက္ဖ်က္ေရး လုပ္ငန္းမ်ားတြင္ သံတမန္ တစ္ဦးအျဖစ္ ပါဝင္ေနသည္။ ထို႔ျပင္ ပရဟိတ လုပ္ငန္းမ်ား အတြက္လည္း ၎၏ ေအာင္ျမင္ေက်ာ္ၾကားမႈကို အသုံးခ်ကာ ဝန္းရံပံ့ပိုးေပးသလို ကခ်င္ျပည္နယ္မွ စစ္ေဘးေရွာင္ ျပည္သူမ်ား အတြက္လည္း အကူအညီမ်ား ေပးလ်က္ရွိသည္။

ONE ႏွင့္ မိတ္ဖက္ျဖစ္ေသာ Global Citizen အတြက္လည္း လူမႈေရး လုပ္ငန္းမ်ား အင္တိုက္အားတိုက္ လုပ္ေဆာင္ေပးလ်က္ ရွိသည္။ သဘာဝ ပတ္ဝန္းက်င္ကို ထိခိုက္ ေစႏိုင္ေသာ ျမန္မာႏိုင္ငံမွ ျမစ္ဆုံ စီမံကိန္း ဖ်က္သိမ္းေပးရန္ အတြက္လည္း သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာရွင္မ်ားႏွင့္ လက္တြဲ လုပ္ကိုင္လ်က္ ရွိသည္။

၃။ ျပည္သူလူထုက ေလးစားခ်စ္ခင္ ၾကျခင္း
Super Hero တစ္ဦး၏ ဂုဏ္ပုဒ္မ်ား ထဲတြင္ မပါမျဖစ္ နီးပါး ပါဝင္ေနသည့္ ေနာက္ထပ္ ၾကန္အင္လကၡဏာ တစ္ခုမွာ ျပည္သူ လူထုက တခဲနက္ ေလးစားခ်စ္ခင္ ၾကျခင္း ျဖစ္သည္။ ONE တြင္ ေအာင္လတစ္ေယာက္ ခ်န္ပီယံ မျဖစ္ခင္ အခ်ိန္ကတည္းက ျပည္သူလူထု၏ ေထာက္ခံ အားေပးမႈႏႈန္း ေၾကာက္ခမန္း လိလိ ရွိခဲ့သည္။

ခ်န္ပီယံ ဆုမ်ား သိမ္းပိုက္ၿပီးသည့္ အခါတြင္ေတာ့ ၎ကို အားကစားသမား အျဖစ္သာမက အမ်ိဳးသား သူရဲေကာင္း တစ္ဦးအျဖစ္ပါ အသိအမွတ္ ျပဳလာၾကသည္။ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ႏွင့္ အစိုးရ ေခါင္းေဆာင္မ်ား၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ စသည့္ ႏိုင္ငံ့ ေခါင္းေဆာင္မ်ား ကအစ သူ႔ကို ဂုဏ္ျပဳျခင္း၊

ဆုေငြ ခ်ီးျမႇင့္ျခင္းမ်ား ျပဳလုပ္ခဲ့ ၾကသည္။ သူ႔အေပၚ ထားသည့္ ေလးစား ခ်စ္ခင္မႈကို အသိသာ အထင္ရွားဆုံး အခ်က္မွာ ေမြးရပ္ေျမ ျဖစ္ေသာ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား ၿမိဳ႕တြင္ ေၾကး႐ုပ္ႀကီး သြန္းလုပ္ကာ ေဒသခံမ်ားက ေသာင္းေသာင္းဖ်ဖ် ဂုဏ္ျပဳ ခဲ့ၾကျခင္း ျဖစ္သည္။

asxx2

၄။ ေရွ႕ေဆာင္ လမ္းျပေကာင္း ျဖစ္ျခင္း
Super Hero တစ္ဦးသည္ ၎ကိုယ္တိုင္ ေကာင္းေအာင္ ေနထိုင္ရသလို ၎ပတ္ဝန္းက်င္ လူ႔အဖြဲ႕အစည္းႏွင့္ မ်ိဳးဆက္သစ္မ်ား အတြက္ပါ အားက် အတုယူဖြယ္ ေရွ႕ေဆာင္ လမ္းျပေကာင္း တစ္ဦး ျဖစ္ေနသင့္သည္။ ေအာင္လ အန္ဆန္သည္ အဆိုပါ အရည္အခ်င္းႏွင့္ အထူး ျပည့္စုံၿပီး လူႀကီး၊ လူငယ္၊ အ႐ြယ္မေ႐ြး ေအာင္လအန္ဆန္ကို အားက် ေလးစားၾကသည္။

စာရိတၱ၊ အက်င့္စ႐ိုက္ႏွင့္ အေနအထိုင္၊ အေျပာအဆိုကအစ အျပစ္ေျပာစရာ မရွိေသာ စံျပ ပုဂၢိဳလ္ တစ္ဦးအျဖစ္ ေနျပခဲ့သည္။ ရႈံးနိမ့္မႈမ်ား ရင္ဆိုင္ရသည့္ အခါတြင္လည္း စိတ္ပ်က္ မသြားဘဲ ထိပ္ဆုံး ေရာက္ေအာင္ ျပန္တက္ျပႏိုင္ခဲ့သူ ျဖစ္သည္။ ထို႔ေၾကာင့္ ဖိုးေသာ္၊ တီရဲလ္ထန္၊ အန္တိုနီယာ စသည့္ ျမန္မာ ကစားသမားမ်ားက ေအာင္လကို အားက်ၿပီး ကိုယ္ခံပညာ သိုင္းေပါင္းစုံ အားကစား သမား ျဖစ္လာခဲ့ျခင္း ျဖစ္ေၾကာင္း ဖြင့္ဟ ဝန္ခံထား ခဲ့ၾကသည္။

၅။ အျခားတစ္ဘက္တြင္ ဘဝတစ္ခု ရွိေနျခင္း
Super Hero မ်ားသည္ မ်က္ႏွာဖုံး စြပ္ၿပီး အက်ိဳးျပဳ လုပ္ငန္းမ်ား ေဆာင္႐ြက္ေနခ်ိန္ မဟုတ္လွ်င္ အျခား တစ္ဘက္တြင္ သာမန္လူႏွင့္ မျခားေသာဘဝ တစ္ခုထဲ ေနထိုင္ေလ့ ရွိၾကသည္။ ေအာင္လ အန္ဆန္သည္လည္း အလားတူပင္ ႀကိဳးဝိုင္းထဲ ယွဥ္ၿပိဳင္ တိုက္ခိုက္ ေနသည့္ အခ်ိန္ႏွင့္ ေလ့က်င့္ေရး ဆင္းေနသည့္ အခ်ိန္မ်ား မဟုတ္သည့္ အခါတြင္ အေမရိကန္သူ ဇနီးေခ်ာ၊

ခ်စ္စရာ သားငယ္ေလး တို႔ႏွင့္အတူ သာမန္ ဖခင္ တစ္ဦးအေနျဖင့္ ေနထိုင္ေလ့ ရွိသည္။ ထို႔ျပင္ ေအာင္လသည္ အေမရိကန္ ႏိုင္ငံ၊ မီခ်ီဂန္ ျပည္နယ္ရွိ အန္ဒ႐ူး တကၠသိုလ္မွ စိုက္ပ်ိဳးေရး သိပၸံ ဘာသာရပ္ျဖင့္ ဘြဲ႕ရထားသူ ပညာရွင္ တစ္ဦးလည္း ျဖစ္သည္။ ကိုယ္ခံပညာ သိုင္းေပါင္းစုံ အားကစား ေလာကထဲ မဝင္ေရာက္မီ အခ်ိန္က ေအာင္လသည္ ပ်ားေမြးျမဴေရး လုပ္သား တစ္ဦး အျဖစ္ပင္ လုပ္ကိုင္ခဲ့ဖူးသည္။

asxx2

ယနေ့ ကမ္ဘာပေါ်တွင် Super Hero လူစွမ်းကောင်း ရုပ်ရှင်ကားနှင့် ဝတ္တု၊ ကာတွန်းများ လူကြိုက်များလျက် ရှိနေပြီး ဝင်ငွေ ဒေါ်လာ ဘီလျံနှင့် ချီကာ ရရှိနေကြသည်။

ယင်းကဲ့သို့ စိတ်ကူးယဉ် Super Hero ဇာတ်ကောင်များ၏ စရိုက် လက္ခဏာ အစွမ်းအစများနှင့် တူညီသော လူပုဂ္ဂိုလ်များသည် လက်တွေ့ဘဝတွင် များစွာ ရှိကြသည်။ အဆိုပါ လူပုဂ္ဂိုလ်များ ထဲတွင် “မြန်မာ စပါးအုံး”ဟု နာမည်ရထားသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား အောင်လအန်ဆန်လည်း အပါအဝင် ဖြစ်သည်။

ONE Championship ၏ ဝိတ်တန်း နှစ်ခု၏ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို အဘယ်ကြောင့် Super Hero ဟု သတ်မှတ်နိုင်သည် ဆိုသည့် အချက်များအား ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

၁။ အံ့မခမ်း စွမ်းဆောင်ရည် ပိုင်ဆိုင်ခြင်း
အောင်လအန်ဆန်ကို Super Hero နှင့် နှိုင်းယှဉ်နိုင်သည့် ပထမဆုံး အချက်မှာ သာမန်လူများထက် ထူးကဲသာလွန်သော ၎င်း၏ စွမ်းဆောင်ရည် ဖြစ်သည်။ လူစွမ်းကောင်းတစ်ဦး၏ ခွန်အား၊ အမြန်နှုန်းနှင့် ကြံ့ခိုင်မှု တို့ကို ပိုင်ဆိုင်ထားသည့် အောင်လသည် ONE တွင် ပွဲပေါင်း ၁၁ ပွဲ ကစားခဲ့ရာတွင် ၁ဝ ပွဲ နိုင်ပြီး တစ်ပွဲသာ ရှုံးနိမ့်ထားသည်။

ထို့ပြင် ၎င်း၏ ဝိတ်တန်း ဖြစ်သော မစ်ဒယ်ဝိတ်တန်းတွင် ဗိုလ်စွဲသည့်အပြင် တန်းတက်ကာ လိုက်ဟဲဗီးဝိတ်တန်းတွင်ပါ ကမ္ဘာ့ချန်ပီယံ ဖြစ်အောင် ယှဉ်ပြိုင်ကစားနိုင် ခဲ့သည်။ ၎င်းအနိုင်ရသည့် ပွဲစဉ် ၁ဝ ပွဲတွင် ၅ ပွဲကို ပထမ အချီအတွင်း အနိုင်ယူခဲ့ခြင်းဖြစ်ရာ သာမန်လူများ မည်သို့မျှ မစွမ်းဆောင် နိုင်သည့် Super Hero စွမ်းရည်မျိုး ဖြစ်သည်။

နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲတွင် ၎င်း၏ ပြိုင်ဘက်ဖြစ်သူ Ken Hasegawa မှာ အောင်လ၏ ခြေကန်ချက်ကြောင့် နံရိုးကျိုးပြီး ဆေးရုံပါ တင်ခဲ့ရသည်ကိုလည်း တွေ့ရသည်။ ထို့ပြင် လာမည့် အောက်တိုဘာလတွင် အောင်လအန်ဆန်သည် ၎င်းထက် ဝိတ်တန်း၂ တန်း မြင့်သော ဟဲဗီးဝိတ်တန်းမှ ကမ္ဘာ့ ချန်ပီယံ Brandon Vera နှင့်ပါ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

asxx2

၂။ အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခြင်း
Super Hero နှင့် Super Villain တို့အကြား အဓိက ကွာခြားချက်မှာ အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် အဖျက်အမှောက် လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်သည်။ အောင်လကို Super Hero အဖြစ် သတ်မှတ်ရသည့် အချက်တစ်ခုမှာ လူသားအကျိုးပြု လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံအလံကြီးကို လွှမ်းခြုံကာ နိုင်ပွဲများ ရယူပေးနေသည့် အောင်လသည် သဘာဝ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်း ကာကွယ်ရေးနှင့် တောရိုင်းတိရစ္ဆာန်နှင့် ပတ်သက်သည့် ရာဇဝတ်မှုများ တိုက်ဖျက်ရေး လုပ်ငန်းများတွင် သံတမန် တစ်ဦးအဖြစ် ပါဝင်နေသည်။ ထို့ပြင် ပရဟိတ လုပ်ငန်းများ အတွက်လည်း ၎င်း၏ အောင်မြင်ကျော်ကြားမှုကို အသုံးချကာ ဝန်းရံပံ့ပိုးပေးသလို ကချင်ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများ အတွက်လည်း အကူအညီများ ပေးလျက်ရှိသည်။

ONE နှင့် မိတ်ဖက်ဖြစ်သော Global Citizen အတွက်လည်း လူမှုရေး လုပ်ငန်းများ အင်တိုက်အားတိုက် လုပ်ဆောင်ပေးလျက် ရှိသည်။ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် စေနိုင်သော မြန်မာနိုင်ငံမှ မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းပေးရန် အတွက်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် လက်တွဲ လုပ်ကိုင်လျက် ရှိသည်။

၃။ ပြည်သူလူထုက လေးစားချစ်ခင် ကြခြင်း
Super Hero တစ်ဦး၏ ဂုဏ်ပုဒ်များ ထဲတွင် မပါမဖြစ် နီးပါး ပါဝင်နေသည့် နောက်ထပ် ကြန်အင်လက္ခဏာ တစ်ခုမှာ ပြည်သူ လူထုက တခဲနက် လေးစားချစ်ခင် ကြခြင်း ဖြစ်သည်။ ONE တွင် အောင်လတစ်ယောက် ချန်ပီယံ မဖြစ်ခင် အချိန်ကတည်းက ပြည်သူလူထု၏ ထောက်ခံ အားပေးမှုနှုန်း ကြောက်ခမန်း လိလိ ရှိခဲ့သည်။

ချန်ပီယံ ဆုများ သိမ်းပိုက်ပြီးသည့် အခါတွင်တော့ ၎င်းကို အားကစားသမား အဖြစ်သာမက အမျိုးသား သူရဲကောင်း တစ်ဦးအဖြစ်ပါ အသိအမှတ် ပြုလာကြသည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် အစိုးရ ခေါင်းဆောင်များ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စသည့် နိုင်ငံ့ ခေါင်းဆောင်များ ကအစ သူ့ကို ဂုဏ်ပြုခြင်း၊

ဆုငွေ ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ ကြသည်။ သူ့အပေါ် ထားသည့် လေးစား ချစ်ခင်မှုကို အသိသာ အထင်ရှားဆုံး အချက်မှာ မွေးရပ်မြေ ဖြစ်သော ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့တွင် ကြေးရုပ်ကြီး သွန်းလုပ်ကာ ဒေသခံများက သောင်းသောင်းဖျဖျ ဂုဏ်ပြု ခဲ့ကြခြင်း ဖြစ်သည်။

asxx2

၄။ ရှေ့ဆောင် လမ်းပြကောင်း ဖြစ်ခြင်း
Super Hero တစ်ဦးသည် ၎င်းကိုယ်တိုင် ကောင်းအောင် နေထိုင်ရသလို ၎င်းပတ်ဝန်းကျင် လူ့အဖွဲ့အစည်းနှင့် မျိုးဆက်သစ်များ အတွက်ပါ အားကျ အတုယူဖွယ် ရှေ့ဆောင် လမ်းပြကောင်း တစ်ဦး ဖြစ်နေသင့်သည်။ အောင်လ အန်ဆန်သည် အဆိုပါ အရည်အချင်းနှင့် အထူး ပြည့်စုံပြီး လူကြီး၊ လူငယ်၊ အရွယ်မရွေး အောင်လအန်ဆန်ကို အားကျ လေးစားကြသည်။

စာရိတ္တ၊ အကျင့်စရိုက်နှင့် အနေအထိုင်၊ အပြောအဆိုကအစ အပြစ်ပြောစရာ မရှိသော စံပြ ပုဂ္ဂိုလ် တစ်ဦးအဖြစ် နေပြခဲ့သည်။ ရှုံးနိမ့်မှုများ ရင်ဆိုင်ရသည့် အခါတွင်လည်း စိတ်ပျက် မသွားဘဲ ထိပ်ဆုံး ရောက်အောင် ပြန်တက်ပြနိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဖိုးသော်၊ တီရဲလ်ထန်၊ အန်တိုနီယာ စသည့် မြန်မာ ကစားသမားများက အောင်လကို အားကျပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား သမား ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံထား ခဲ့ကြသည်။

၅။ အခြားတစ်ဘက်တွင် ဘဝတစ်ခု ရှိနေခြင်း
Super Hero များသည် မျက်နှာဖုံး စွပ်ပြီး အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေချိန် မဟုတ်လျှင် အခြား တစ်ဘက်တွင် သာမန်လူနှင့် မခြားသောဘဝ တစ်ခုထဲ နေထိုင်လေ့ ရှိကြသည်။ အောင်လ အန်ဆန်သည်လည်း အလားတူပင် ကြိုးဝိုင်းထဲ ယှဉ်ပြိုင် တိုက်ခိုက် နေသည့် အချိန်နှင့် လေ့ကျင့်ရေး ဆင်းနေသည့် အချိန်များ မဟုတ်သည့် အခါတွင် အမေရိကန်သူ ဇနီးချော၊

ချစ်စရာ သားငယ်လေး တို့နှင့်အတူ သာမန် ဖခင် တစ်ဦးအနေဖြင့် နေထိုင်လေ့ ရှိသည်။ ထို့ပြင် အောင်လသည် အမေရိကန် နိုင်ငံ၊ မီချီဂန် ပြည်နယ်ရှိ အန်ဒရူး တက္ကသိုလ်မှ စိုက်ပျိုးရေး သိပ္ပံ ဘာသာရပ်ဖြင့် ဘွဲ့ရထားသူ ပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲ မဝင်ရောက်မီ အချိန်က အောင်လသည် ပျားမွေးမြူရေး လုပ်သား တစ်ဦး အဖြစ်ပင် လုပ်ကိုင်ခဲ့ဖူးသည်။

Facebook Comments

Comments are Closed

Powered by K MEDIA

5K Shares
Share5K
Tweet
Share