Local Sport, Sports

၀င္းစိန္ေတာ္ရပြဲမွာ ႏိုင္ငံျခားသားတစ္ဦးနဲ႔ ထိုးသတ္ဖို႔ရွိေနတဲ့ ထြန္းထြန္းမင္း

xsa11

ျမန္မာ့လက္ေဝွ႔ဖိုက္တာေတြထဲမွာ ထိပ္တန္းစာရင္းဝင္သူတစ္ဦးျဖစ္တဲ့ ထြန္းထြန္းမင္းကေတာ့ ဒူးဒဏ္ရာျဖင့္ ႏွစ္အေတာ္ၾကာ ေဝးကြာခဲ့ၿပီး လက္ေဝွ႔ေလာကထဲကို မၾကာေသးမီေလာက္က ျပန္လည္ေရာက္ရွိလာခဲ့ၿပီပဲျဖစ္ပါတယ္။

xsa9

လက္ေဝွ႔ေလာကထဲသို႔ ျပန္လည္ဝင္ေရာက္လာခ်ိန္မွာ ျပည္ပဖိုက္တာေတြ႕နဲ႔အတူ ခ်န္ပီယံေဒဝကိုပါထိုးသတ္ခဲ့ၿပီး သေရရလဒ္ အႏိုင္ရလဒ္ေတြကို ပိုင္ဆိုင္ႏိုင္ခဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။

လက္ရွိ ထြန္းထြန္မင္းကေတာ့ ေလ့က်င့္မႈေတြကို အဆက္မပ်က္ျပဳလုပ္လွ်က္ရွိၿပီး ခ်န္ပီယံ ေဒဝကို ျပန္လည္စိန္ေခၚထိုးသတ္ရန္ျပင္ဆင္ေနေၾကာင္း သိရပါတယ္။ မၾကာေသးမီက ထြန္းထြန္းမင္းကေတာ့ လူငယ္ဖိုက္တာ ေ႐ႊရာမာန္နဲ႔ထိုးသတ္မည့္ပြဲကို သေဘာတူခဲ့ၿပီး လာမည့္ ဒီဇင္ဘာလအတြင္း ထိုးသတ္ဖို႔ ျပင္ဆင္ထားေၾကာင္း သိရပါတယ္။

အဆိုပါ ပြဲမတိုင္မီ ၾကားပြဲမ်ားစြာကို ထိုးသတ္ဖို႔ရွိေနၿပီး ေလ့က်င့္မႈေတြနဲ႔အတူ ေန႔စဥ္ျဖတ္သန္းေနေၾကာင္း သိရပါတယ္။ ဒီကေန႔ထြန္းထြန္းမင္းကေတာ့ သူ႔ရဲ႕ေဖ့စ္ဘြက္စာမ်က္ႏွာေပၚတြင္ မြန္ျပည္နယ္ရွိ ဝင္းစိန္ေတာရပြဲမွာ ထိုးသတ္ဖို႔လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရပါတယ္။

xsa7

အဆိုပါ ပြဲနဲ႔ပတ္သက္ၿပီး ” ဝင္းစိန္ေတာရပြဲမွာ ထိုးသတ္ဖို႔ စာခ်ဳပ္ခ်ဳပ္လိုက္ပါၿပီး မြန္ျပည္နယ္ပြဲေတြနဲ႔ ၃ႏွစ္ေလာက္ေဝးကြာေနခဲ့တဲ့ ကြၽန္ေတာ္ အခုေနာက္ဆုံးမွာေတာ့ ကိုယ့္ျပည္နယ္ထဲက ထြန္းထြန္းမင္းဆိုတဲ့နာမည္တစ္လုံးျဖစ္ဖို႔စတင္ခဲ့တဲ့ ဝင္းစိန္ေတာရပြဲမွာ ထိုးသတ္ဖို႔စာခ်ဳပ္ခ်ဳပ္လိုက္ပါၿပီး ၁လပိုင္းပြဲပါ မြန္ျပည္နယ္ကပရိတ္သတ္ႀကီးေရ ျပန္ေတြ႕ၾကမယ္ေနာ္” ဟူ၍ ေရးသားထားတာပဲျဖစ္ပါတယ္။

ဒဏ္ရာက သက္သာလာၿပီးေနာက္ပိုင္းေလ့က်င့္မႈေတြနဲ႔အတူ ၿပိဳင္ပြဲေတြမွာ ျပန္လည္ဝင္ေရာက္ထိုးသတ္ေနတဲ့ ထြန္းထြန္းမင္းရဲ႕ ပုံရိပ္အခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္။

မြန်မာ့လက်ဝှေ့ဖိုက်တာတွေထဲမှာ ထိပ်တန်းစာရင်းဝင်သူတစ်ဦးဖြစ်တဲ့ ထွန်းထွန်းမင်းကတော့ ဒူးဒဏ်ရာဖြင့် နှစ်အတော်ကြာ ဝေးကွာခဲ့ပြီး လက်ဝှေ့လောကထဲကို မကြာသေးမီလောက်က ပြန်လည်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

xsa8

လက်ဝှေ့လောကထဲသို့ ပြန်လည်ဝင်ရောက်လာချိန်မှာ ပြည်ပဖိုက်တာတွေ့နဲ့အတူ ချန်ပီယံဒေဝကိုပါထိုးသတ်ခဲ့ပြီး သရေရလဒ် အနိုင်ရလဒ်တွေကို ပိုင်ဆိုင်နိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

လက်ရှိ ထွန်းထွန်မင်းကတော့ လေ့ကျင့်မှုတွေကို အဆက်မပျက်ပြုလုပ်လျှက်ရှိပြီး ချန်ပီယံ ဒေဝကို ပြန်လည်စိန်ခေါ်ထိုးသတ်ရန်ပြင်ဆင်နေကြောင်း သိရပါတယ်။ မကြာသေးမီက ထွန်းထွန်းမင်းကတော့ လူငယ်ဖိုက်တာ ရွှေရာမာန်နဲ့ထိုးသတ်မည့်ပွဲကို သဘောတူခဲ့ပြီး လာမည့် ဒီဇင်ဘာလအတွင်း ထိုးသတ်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

အဆိုပါ ပွဲမတိုင်မီ ကြားပွဲများစွာကို ထိုးသတ်ဖို့ရှိနေပြီး လေ့ကျင့်မှုတွေနဲ့အတူ နေ့စဉ်ဖြတ်သန်းနေကြောင်း သိရပါတယ်။ ဒီကနေ့ထွန်းထွန်းမင်းကတော့ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် မွန်ပြည်နယ်ရှိ ဝင်းစိန်တောရပွဲမှာ ထိုးသတ်ဖို့လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

xsa6

အဆိုပါ ပွဲနဲ့ပတ်သက်ပြီး ” ဝင်းစိန်တောရပွဲမှာ ထိုးသတ်ဖို့ စာချုပ်ချုပ်လိုက်ပါပြီး မွန်ပြည်နယ်ပွဲတွေနဲ့ ၃နှစ်လောက်ဝေးကွာနေခဲ့တဲ့ ကျွန်တော် အခုနောက်ဆုံးမှာတော့ ကိုယ့်ပြည်နယ်ထဲက ထွန်းထွန်းမင်းဆိုတဲ့နာမည်တစ်လုံးဖြစ်ဖို့စတင်ခဲ့တဲ့ ဝင်းစိန်တောရပွဲမှာ ထိုးသတ်ဖို့စာချုပ်ချုပ်လိုက်ပါပြီး ၁လပိုင်းပွဲပါ မွန်ပြည်နယ်ကပရိတ်သတ်ကြီးရေ ပြန်တွေ့ကြမယ်နော်” ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။

ဒဏ်ရာက သက်သာလာပြီးနောက်ပိုင်းလေ့ကျင့်မှုတွေနဲ့အတူ ပြိုင်ပွဲတွေမှာ ပြန်လည်ဝင်ရောက်ထိုးသတ်နေတဲ့ ထွန်းထွန်းမင်းရဲ့ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

Facebook Comments

Comments are Closed

Theme by Anders Norén

6K Shares
Share6K
Tweet
Share