Local Sport, Sports

ဘိလိယက္ အာရွခ်န္ပီယံဆုကိုဆြတ္ခူးႏိုင္ခဲ့တဲ့ ကိုေနေသြးဦး

xcv1

ျမန္မာ အားကစားေလာကမွာ လူအမ်ားႀကီးစိတ္မဝင္စားေပမယ့္ ေအာင္ျမင္မႈေတြရယူေပးႏိုင္တဲ့ အားကစားနည္း ေတြရွိပါတယ္ ။ အဲ့ဒီအားသကားေတြထဲမွာ ဘိလိယက္ အားကစားနည္းလည္းပါဝင္ပါတယ္။

xcv3

အခုက်ေနာ္တို႔ရဲ႕ေျပာခ်င္လြန္းလို႔ မိတ္ေဆြေတြတင္ဆက္ေပးခ်င္တဲ့အေၾကာင္းအရာေလးကေတာ့ ၁၃ႏွစ္ၾကာေဝးကြာေနတဲ့အာရွဘိလိယက္ ခ်န္ပီယံဆုဖလားကို ျမန္မာႏိုင္ငံဆီကို ျပန္လည္ယူေဆာင္ေကးႏိုင္ခဲ့တဲ့ ႏိုင္ငံ့ဂုဏ္ေဆာင္ ဘိလိယက္ကစားသမား ကိုေနေသြးဦးနဲ႔ Cele Gabar ရဲ႕အင္တာဗ်ဴးမွာ ကိုေနေသြးဦးေျပာျပသြားတဲ့အေၾကာင္းေတြပဲျဖစ္ပါတယ္ ။

ကိုေနေသြးဦးက “က်ေနာ္အရမ္းေပ်ာ္ပါတယ္ ။ ဖိုင္နယ္မထိုးခင္ညကေတာင္ ေတာ္ေတာ္စိတ္လႈပ္ရွားပါတယ္ ။ က်ေနာ့္ထိုးတဲ့သက္တမ္း ၂၀၀၃ကတည္းကက်ေနာ္လက္ေ႐ြးစင္စျဖစ္တာေပါ့ေလ။ အခုခ်ိန္ထိက်ေနာ္က Indoor အာရွၿပိဳင္ပြဲမွာ က်ေနာ္ ဒုတိယရဘူးတယ္ ။ အေရွ႕ေတာင္အာရွၿပိဳင္ပြဲမွာ က်ေနာ္ ေၾကးတံဆိပ္ ရဖူးတယ္၊ ေ႐ႊတံဆိပ္တစ္ခုရတယ္။၂၀၁၇မွာလုပ္တဲ့ကမာၻပြဲမွာ တတိယရတယ္ ။

၂၀၁၈အိမ္အေနနဲ႔က်င္းပတဲ့ ကမာၻ႔ပြဲမွာ ဒုတိယရတယ္ ။ ကမာၻ႔ဒုတိယ၊ တတိယရၿပီးတဲ့ပြဲေတြၿပီးသိပ္မၾကာခင္မွာပဲ အာရွပြဲမွာ အနီးကပ္ဆုံးပြဲတစ္ပြဲျဖစ္တဲ့ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့အတြက္ ကစားသမားတစ္ေယာက္ေပ်ာ္တာ့ေပါ့ ။ ပြဲေတြကလည္းဆက္တိုက္ရွိတယ္ ။ ဆုေတြကလည္းဆက္တိုက္ရတဲ့အတြက္ ကိုယ့္ရဲ႕လက္ရည္လည္းပ်က္မသြားဘူး။ ေလ့က်င့္မႈလည္းပိုတိုးလာတဲ့အတြက္ ေနာက္၉လပိုင္းမွာလုပ္မယ့္ က်ေနာ့္တို႔ရဲ႕ကမာၻအိမ္ရွင္ပြဲအတြက္လည္းအားရွိပါတယ္ ။ ႀကိဳးစားပါ့မယ္ ။

ခ်န္ပီယံျဖစ္တဲ့လမ္းေၾကာင္းတစ္ေလွ်ာက္ကေတာ့ အုပ္စုပြဲမွာ ထိုင္းတစ္ေယာက္ရယ္ ၊ အိႏၵယႏွစ္ေယာကရယ္နဲ႔က်တယ္ ။ပထမနဲ႔တက္တယ္ ကြာတားဖိုင္နယ္မွာ အိႏၵိယနဲ႔ပဲက်ၿပီးေတာ္ႏိုင္ခဲ့တယ္ ။ဆီးမီးဖိုင္နယ္မွာၾကေတာ့ က်ေနာ္တို႔တႏိုင္ငံတည္းသားခ်င္းခ်စ္ကိုနဲ႔က်တာေပါ့ေလ ။ ခ်စ္ကိုနဲ႔က်တဲ့အခ်ိန္မွာ က်ေနာ္ႏိုင္ခဲ့တာေပါ့ ။

ခ်စ္ကိုကတတိယရသြားတယ္ ။ဖိုင္နယ္မွာလည္း ႏိုင္ၿပီးေတာ့ပထမရခဲ့တယ္။ ေျပာခ်င္တာက အႏိုင္အရႈံးဆိုတာရွိတယ္ ။ က်ေနာ္တို႔အဖြဲ႕ေခါင္းေဆာင္ရယ္ ၊ ငါးေယာက္သြားၾကတာေပါ့ ။ က်ေနာ့္စိတ္ထဲမွာအရင္ကတည္းက က်ေနာ္ျဖစ္ခ်င္တာက အေရွ႕ေတာင္အာရွဆီးဂိမ္းတစ္ဦးခ်င္းမွာ က်ေနာ္ေ႐ႊတံဆိပ္ရယူခ်င္တယ္ ။ ” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။

xcv2

Unicode ဖြင့်ဖတ်ရန်
ဘိလိယက် အာရှချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ ကိုနေသွေးဦး

မြန်မာ အားကစားလောကမှာ လူအများကြီးစိတ်မဝင်စားပေမယ့် အောင်မြင်မှုတွေရယူပေးနိုင်တဲ့ အားကစားနည်း တွေရှိပါတယ် ။ အဲ့ဒီအားသကားတွေထဲမှာ ဘိလိယက် အားကစားနည်းလည်းပါဝင်ပါတယ်။ အခုကျနော်တို့ရဲ့ပြောချင်လွန်းလို့ မိတ်ဆွေတွေတင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးကတော့ ၁၃နှစ်ကြာဝေးကွာနေတဲ့အာရှဘိလိယက် ချန်ပီယံဆုဖလားကို မြန်မာနိုင်ငံဆီကို ပြန်လည်ယူဆောင်ကေးနိုင်ခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် ဘိလိယက်ကစားသမား ကိုနေသွေးဦးနဲ့ Cele Gabar ရဲ့အင်တာဗျူးမှာ ကိုနေသွေးဦးပြောပြသွားတဲ့အကြောင်းတွေပဲဖြစ်ပါတယ် ။

ကိုနေသွေးဦးက “ကျနော်အရမ်းပျော်ပါတယ် ။ ဖိုင်နယ်မထိုးခင်ညကတောင် တော်တော်စိတ်လှုပ်ရှားပါတယ် ။ ကျနော့်ထိုးတဲ့သက်တမ်း ၂၀၀၃ကတည်းကကျနော်လက်ရွေးစင်စဖြစ်တာပေါ့လေ။ အခုချိန်ထိကျနော်က Indoor အာရှပြိုင်ပွဲမှာ ကျနော် ဒုတိယရဘူးတယ် ။ အရှေ့တောင်အာရှပြိုင်ပွဲမှာ ကျနော် ကြေးတံဆိပ် ရဖူးတယ်၊ ရွှေတံဆိပ်တစ်ခုရတယ်။၂၀၁၇မှာလုပ်တဲ့ကမ္ဘာပွဲမှာ တတိယရတယ် ။

၂၀၁၈အိမ်အနေနဲ့ကျင်းပတဲ့ ကမ္ဘာ့ပွဲမှာ ဒုတိယရတယ် ။ ကမ္ဘာ့ဒုတိယ၊ တတိယရပြီးတဲ့ပွဲတွေပြီးသိပ်မကြာခင်မှာပဲ အာရှပွဲမှာ အနီးကပ်ဆုံးပွဲတစ်ပွဲဖြစ်တဲ့ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့အတွက် ကစားသမားတစ်ယောက်ပျော်တာ့ပေါ့ ။ ပွဲတွေကလည်းဆက်တိုက်ရှိတယ် ။ ဆုတွေကလည်းဆက်တိုက်ရတဲ့အတွက် ကိုယ့်ရဲ့လက်ရည်လည်းပျက်မသွားဘူး။ လေ့ကျင့်မှုလည်းပိုတိုးလာတဲ့အတွက် နောက်၉လပိုင်းမှာလုပ်မယ့် ကျနော့်တို့ရဲ့ကမ္ဘာအိမ်ရှင်ပွဲအတွက်လည်းအားရှိပါတယ် ။ ကြိုးစားပါ့မယ် ။

ချန်ပီယံဖြစ်တဲ့လမ်းကြောင်းတစ်လျှောက်ကတော့ အုပ်စုပွဲမှာ ထိုင်းတစ်ယောက်ရယ် ၊ အိန္ဒယနှစ်ယောကရယ်နဲ့ကျတယ် ။ပထမနဲ့တက်တယ် ကွာတားဖိုင်နယ်မှာ အိန္ဒိယနဲ့ပဲကျပြီးတော်နိုင်ခဲ့တယ် ။ဆီးမီးဖိုင်နယ်မှာကြတော့ ကျနော်တို့တနိုင်ငံတည်းသားချင်းချစ်ကိုနဲ့ကျတာပေါ့လေ ။ ချစ်ကိုနဲ့ကျတဲ့အချိန်မှာ ကျနော်နိုင်ခဲ့တာပေါ့ ။ ချစ်ကိုကတတိယရသွားတယ် ။

xcv3

ဖိုင်နယ်မှာလည်း နိုင်ပြီးတော့ပထမရခဲ့တယ်။ ပြောချင်တာက အနိုင်အရှုံးဆိုတာရှိတယ် ။ ကျနော်တို့အဖွဲ့ခေါင်းဆောင်ရယ် ၊ ငါးယောက်သွားကြတာပေါ့ ။ ကျနော့်စိတ်ထဲမှာအရင်ကတည်းက ကျနော်ဖြစ်ချင်တာက အရှေ့တောင်အာရှဆီးဂိမ်းတစ်ဦးချင်းမှာ ကျနော်ရွှေတံဆိပ်ရယူချင်တယ် ။ ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

Facebook Comments

Comments are Closed

Theme by Anders Norén

6K Shares
Share6K
Tweet
Share